လူပြောများနေတဲ့ Kylie နဲ့ Stassie တို့ရဲ့ အမိုက်စား ဓါတ်ပုံတွေ

Image:IG/Kylie & Stassie

Kylie Jenner  နဲ့ သူမရဲ့ သူငယ်ချင်း Stassie တို့ ကတော့အ ရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။အချစ်ဆုံး သူငယ်ချင်း နှစ်ယောက် ကတော့ အတူတူ အမိုက်စား ဓါတ်ပုံ တွေရိုက်ကူး ရတာကိုလည်း အတော်လေး သ ဘောကျ ပုံရပါတယ်။နှစ်ယောက် အတူတူ ပုံအမိုက်စား တွေ အများကြီး ဖန်တီးခဲ့ကြဖူးပါတယ်။Kylie Jenner  က တော့ ပြီးခဲ့တဲ့ ရက်က Instagram မှာ ပုံအသစ်တွေ တင်လိုက်ပါတယ်။

 

View this post on Instagram

 

she got a donk

A post shared by Kylie (@kyliejenner) on

Image:IG/Kylie & Stassie

Stassie အတူတူ ရိုက်ထားတဲ့ ပုံတွေ ပါ။ပုံထဲမှာတော့ နှစ်ယောက်လုံးက ပါးလွှာပြီး ဖောက်ထွင်းမြင် နေရတဲ့ ဖက်ရှင် မျိုးတွေ ကို ရွေးချယ် ၀တ်ဆင်ထားပါတယ်။မမြင်သင့်တာ တွေ ပေါ် မသွားအောင် တော့ လက်နဲ့ ဖုံးကာ ခဲ့ ကြပါတယ်။အ၀တ်အစားတွေက လိမ္မော် နဲ့ ပန်းရောင်ပါ။နှစ်ယောက်လုံးက အ၀တ်အစားတင်မဟုတ်ပဲ ဖိနပ်ကိုပါ ပုံစံ တူ ရွေးချယ် ၀တ်ဆင်ခဲ့ကြပါတယ်။ဖိနပ် ကတော့ Les Mules Estello ဖြစ်ပြီး တန်ဖိုးကတော့ ($653) ဒေါ်လာပါ။

READ
မိခင်ဖြစ်သူနဲ့အတူ ကြော်ငြာရိုက်ကူးနေပြီဖြစ်တဲ့ ဖြူဖြူထွေး
Image:IG/Kylie & Stassie

အကိတ် မမ နှစ်ယောက် ကတော့ သူငယ်ချင်းဖြစ်နေတာ တော်တော်ကြာခဲ့ပါပြီ။သူတို့ နှစ်ယောက်ကတော့ Barnes & Noble ဆိုတဲ့ စာအုပ်ဆိုင်မှာ စ တွေ့ ခဲ့ကြတာပါ။Kylie က Fan Event ပွဲ အတွက် ရောက်လာရင်းနဲ့ ဆုံခဲ့ ကြတာပါ။ Kylie  က တော့ Stassie ဟာ သူမနဲ့ အတူတူကြီးပြင်းလာခဲ့တာဖြစ်ပြီး သူမရဲ့ အိမ်မှာ အ နေ များခဲ့တယ်လို့ ဆိုပါတယ်။Kylie ကတော့ Stassie  ဟာ သူမ အတွက် သစ္စာ အရှိဆုံး သူငယ်ချင်းလို့ေ တာင် ပြောခဲ့ပါတယ်။Teen Vogue ရဲ့ အင်တာဗျူး တစ်ခုမှာတော့ ” သူမရှိပဲ ကျမ နေနိုင်မယ် မထင်ဘူး လို့ ပြောခဲ့ပါတယ်။

Image:IG/Kylie & Stassie

Stassie ကလည်း Instagram မှာ Follower (၇.၂) သန်း ပိုင်ဆိုင်ထားသူပါ။အစပိုင်းတုန်းက တော့  သူမရဲ့  YouTube channel နဲ့ နာမည်ကြီးခဲ့တာပါ။သူမဟာ Khloé Kardashian ရဲ့ Good American “Good Squad,” မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

READ
အားလုံးကို ကျော်ပြီး Google မှာ ရှာဖွေမှုအများဆုံးဖြစ်လာတဲ့ Sunny Leone
Image:IG/Kylie & Stassie

Stassie  ကတော့ သူမဟာ ဖက်ရှင် လောက အတွက် ရည်ရွယ်ချက် အကြီးကြီး ရှိတယ်လို့ ပြောခဲ့ပါတယ်။ကြော်ငာမျိုးစုံမှာ မော်ဒယ် အဖြစ် ပါဝင် ချင်တယ်လို့ လည်း ပြောဖူးပါတယ်။Kylie နဲ့ Stassie တို့ မှာတော့ တက်တူးတောင်မှ ဆင်တူ ထိုးထားပါတယ်။Kylie ရဲ့ သမီးလေး Stormi ရဲ့ နာမည်ကို လက်မောင်းရဲ့ နောက်ဘက်မှာ ထိုးထားကြတာပါ။

Image:IG/Kylie & Stassie

Source:eonline/people/pagesix

 

SHARE