Kylie Cosmetics ရဲ့ရှယ်ယာ တစ်ဝက်ကျော်ကို ၀ယ်ယူလိုက်တဲ့ Coty

Twitter / USA TODAY Life

ကိုင်လီဂျန်နာရဲ့အောင်မြင်မှုကြီးကတော့ အံ့မခန်းပါပဲ။ လှပတဲ့ရုပ်ရည် ၊ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းတွေနဲ့ မပြီးဘဲ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တဖြစ်ပါ မိန်းကလေးတွေကို အားကျစေသူပါ။ အခုလည်း သူမရဲ့ Kylie Cosmetics နဲ့Kylie Skin အပါအ၀င် Kylie Jennerရဲ့စီးပွားရေးလုပ်ငန်းတွေမှာ Fragrance and cosmeticကုမ္ပဏီ Cotyက ကိုင်လီရဲ့ရှယ်ယာ(၅၁)ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာသန်း(၆၀၀)ဖိုး)အထိ ၀ယ်ယူသွားမယ်လို့ကြေညာလိုက်သလို၊ ကိုင်လီဘက်ကလည်း လက်ခံဖို့ အတည်ပြုထားပါတယ်။

 

ဒီအစီအစဉ်ကို လာမယ့်(၂၀၂၀)ခုနှစ် သုံးလပတ်လောက်မှာ စတင်သွားမယ်လို့ခန့်မှန်းထားပါတယ်။

ဒီတော့ ကိုင်လီက Kylie Cosmeticsရဲ့ ရှယ်ယာ(၄၉)ရာခိုင်နှုန်းကို ထိန်းသိမ်းသွားမှာဖြစ်ပြီး၊ ကိုင်လီအနေနဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုအပိုင်းနဲ့ marketingဈေးကွက်အပိုင်းကို ဆက်လက်ကိုင်တွယ်သွားရမှာဖြစ်ပါတယ်။

အထူးသဖြင့် followers သန်း 270ရှိတဲ့ သူမရဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းကနေ ဈေးကွက်မြှင့်တင်မှုတွေ ဆက်လုပ်သွားရမှာပါ။

Covergirl and Sally Hansenရဲ့မိခင်ကုမ္ပဏီ Cotyအနေနဲ့ ဒီလိုလူငယ်တွေစိတ်ဝင်စားပြီး အလားအလာရှိတဲ့ စီးပွားရေးလုပ်ငန်းမျိုးနဲ့ ပူးတွဲလုပ်ကိုင်ချင်တာလို့ ဆိုပါတယ်။ Kylie Cosmetics တွေဟာ အင်စတာဂရမ်မှာ ဒုတိယ followersအများဆုံးဘရန်းဖြစ်တဲ့အတွက် Coty က ဆိုရှယ်မီဒီယာမှာ ပေါ်ပြူလာဖြစ်နေတဲ့ Anastasia Beverly Hills and Glossier တို့လို ဆိုရှယ်မီဒီယာပေါ်အောင်မြင်နေတဲ့  beauty linesနဲ့ပူးပေါင်းချင်တာဖြစ်ပါတယ်။

ကိုင်လီက သူ့လုပ်ငန်းအောင်မြင်လာတာဟာ ဆိုရှယ်မီဒီယာရဲ့စွမ်းအားကြောင့်ပါ။ ဘယ်က စရမလဲမသိတဲ့အချိန်မှာ ဆိုရှယ်မီဒီယာဟာ သူမအတွက်အခိုင်မာဆုံးဖြစ်ခဲ့တယ်လို့ (၂၀၁၈)ခုနှစ်က Forbes မဂဇင်းကိုပြောပြခဲ့ဖူးပါတယ်။

READ
လူချင်းသိပြီး (၂)လအကြာမှာ လက်ထပ်ခဲ့တဲ့ (၇၂)နှစ်အဖွားနဲ့ (၂၇) နှစ်အရွယ်အမျိုးသား

ကိုင်လီဂျန်နာဟာ မော်ဒယ်အလုပ်ကနေရတဲ့ ၀င်ငွေတွေကိုစုဆောင်းပြီး အသက်(၁၈)အရွယ်(၂၀၁၅)ခုနှစ်မှာ Kylie Cosmeticsကို စတင်တည်ထောင်လိုက်ပြီး၊ (၂၀၁၉) မတ်လပိုင်းမှာ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာစီးပွားရေး လုပ်ငန်းရှင် ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ကိုယ်ပိုင်အင်စတာဂရမ်ပေါ်မှာတင် မားကတ်တင်းဈေးကွက်ကို ကောင်းကောင်းအသုံးချခဲ့တာပါ။ မားကတ်တင်းကုန်ကျစရိတ်လုံးဝနီးပါးမရှိဘဲ သူမရဲ့ lip  liner၊ lipstick စတဲ့ product တွေဟာ တခနလေးအတွင်း ရောင်းထွက်ခဲ့တဲ့အထိပါ။

နောက်ပိုင်းမှာ eyeshadow palettes, eyeliners, bronzers စတဲ့ ကုန်ပစ္စည်းအသစ်တွေကို တိုးချဲ့ထုတ်လုပ်ခဲ့ပြီး၊ (၂၀၁၈)ခုနှစ်မှာ လက်လီအရောင်းဆိုင်တွေဆီပထမဆုံးခြေလှမ်းဝင်ရောက်ကာ ပူးပေါင်းချိတ်ဆက်ခဲ့ပါတယ်။

Forbes မဂ္ဂဇင်းရဲ့အပြောအရ ၊ (၂၀၁၈)ခုနှစ်အတွင်း Kylie Cosmetics ရဲ့အမြတ်ဟာ အမေရိကန်ဒေါ်လာသန်း (၃၆၀)ရှိတယ်လို့ သိရပါတယ်။  ကမ္ဘာကျော်ဘီလျံနာမလေး ကိုင်လီဟာ အခုလိုချစ်စရာသမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ၊ချစ်သူနဲ့လမ်းခွဲထားတယ်လို့သိရပါတယ်။

Khaing

SHARE