Playboy မှာပါဝင်ပြီး မကြာခင်မှာပဲ Kylie Jenner နဲ့ Travis Scott တို့ လမ်းခွဲ

Image:IG/Kylie

Kylie Jenner နဲ့ သူမရဲ့ ချစ်သူ ရက်ပ် ပါ Travis Scott တို့ ကတော့ နှစ်နှစ်ကြာချစ်ဇာတ်လမ်းကို တော့ အဆုံးသတ်လိုက်ကြပါပြီ။သူတို့နှစ်ယောက်လုံးကတော့ လက်ရှိ သူတို့ကြားက Relationship ကို လွန်ခဲ့တဲ့ သီတင်းပတ် အတော်ကြာတည်းက ခဏ ရပ်ဆိုင်းထားဖို့ဆုံးဖြတ်ခဲ့ကြတာလို့ TMZ မှာ ဖော်ပြထားပါတယ်။အသက်(၂၂)နှစ်အရွယ် ဘီလီယံနာ မလေးနဲ့ အသက် (၂၈)နှစ်အရွယ် Travis Scott  တို့တော့ (၂၀၁၇) ခုနှစ် တုန်းက Coachella Festival မှာ စတင်ဆုံဆည်းခဲ့ကြတာပါ။တွေ့ပြီး သိပ်မကြာခင်မှာပဲ Kylie တစ်ယောက် ကိုယ်ဝန်ရသွား ခဲ့တာပါ။အခုဆိုရင်တော့ သူတို့ကြားမှာ အသက် (၂၂) လသားအရွယ် Stormi ဆိုတဲ့ သမီးလေးတစ်ယောက် ပါရှိနေပါပြီ။

Image:IG/Kylie
Image:IG/Kylie

သမီးလေးတစ်ယောက်ပါ သံယောဇဉ် ထပ်တိုးနေတဲ့ Relationship မို့ အားလုံးက သူတို့နှစ်ယောက် မကြာခင်မှာ လက်ထပ်ကြတော့မှာပဲ လို့ ထင်ထားခဲ့ပေမယ့် အားလုံးထင်ထားသလို ဖြစ်မလာပဲ လမ်းခွဲ လိုက်ကြတာပါ။ချစ်သူ ဘ၀ နဲ့ ကိုယ်ဝန်ရ၊ကလေးမွေးခဲ့ပြီး သမီးလေးကိုတော့ နှစ်ယောက် ပူးတွဲ စောင့်ရှောက်သွားကြမှာပါ။သူတို့ နှစ်ယောက် နောက်ဆုံး အတူတွဲပြီး ပွဲတက်ခဲ့တာကတော့ သြဂုတ်လ (၂၇)ရက်နေ့က Netflix documentary Travis Scott: Look Mom I Can Fly  ပွဲ မှာပါ။သူတို့နှစ်ယောက် ဟာ မကြာသေးခင်ကမှာ PlayBoy မဂ္ဂဇင်းအတွ က် လည်း အတူတူ ဓါတ်ပုံ ရိုက်ပေးခဲ့ကြပါသေးတယ်။

READ
ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ Kang Daniel ရဲ့Soju သောက်နိုင်စွမ်း
Image:IG/GQ
Image:IG/Kylie

အတွင်းလူတွေ ဆီက လာတဲ့  ပြောစကားတွေ အရတော့ လမ်းခွဲ လိုက်တယ်ဆိုပေမယ့် လုံးဝ ဇာတ်လမ်း ပြတ်တာ မျိုးတော့ မဟုတ်သေးဘူးဆိုပြီး ပြောကြတာတွေ လည်း ရှိသလို Kylie နဲ့ Travis တို့ ဟာ တရားဝင် ဇာတ်လမ်း ပြတ် တာ မဟုတ်ပဲ ခဏလေး ကိုယ်ပိုင် အချိန်ယူပြီး ခဏခွဲ နေတာ ဆိုပြီး ပြောကြတာတွေ လည်းရှိပါတယ်။လက်တလောမှာတော့ အိမ်ခွဲ နေနေကြပေမယ့် သမီးလေး အတွက် နှစ်ယောက်သား ပုံမှန် ဆုံတွေ့ ကြတာမျိုး တော့ရှိတယ် လို့ လည်း သိရပါတယ်။’Travis  ကတော့ Beverly Hills မှာ နေပြီး Kylie ကလည်း Stormi လေးနဲ့  ပေးတွေ့ ဖို့ ကိုတော့ ခွင့်ပြု ပေးထားပါတယ်။ဘယ်တော့မှလည်း သမီးနဲ့ အဖေကို ခွဲ ထားတာမျိုး Kylie က လုပ်မှာ မဟုတ်ဘူး လို့ အတွင်းလူတွေ က ပြောပါတယ်။Justin နဲ့  Hailey Bieber တို့ရဲ့ မင်္ဂလာပွဲကိုတော့ Kylie တစ်ယောက် တည်း တက်ခဲ့ပြီး Travis မလိုက်ခဲ့ပါဘူး။

READ
ပရိသတ်ကြား အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ဟောင်ကောင်ပွဲက ဆောင်းဟေကိုရဲ့ ဖက်ရှင်
Image:IG/Kylie
Image:IG/Kylie

Kylie ကတော့ အရင်တုန်းကTyga နဲ့ တွဲခဲ့တာပါ။သူတို့စုံတွဲကိုတော့ မသိတဲ့ သူ မရှိသလောက် ပါ။Kendall ရဲ့ (၁၆)နှစ်ပြည့်မွေးနေ့ပွဲကို Tyga ကလာရောက်ဖျော်ဖြေရာကနေ သူတို့ဇာတ်လမ်းစခဲ့တာပါ။အစပိုင်း ကတော့ သူငယ်ချင်း နောက်ပိုင်းမှာတော့ တွဲဖြစ်သွားတာပါ။

Image:IG/Kylie
Image:IG/Kylie

Kylie Jenner ရဲ့ အသက် (၁၈) နှစ်ပြည့်မွေးနေ့ မှာတော့ brand new Ferrari ကားသစ်၊(၁၉)နှစ်ပြည့်မှာတော့ brand new Maybach ကား သစ် ကြီးတွေကို Tyga ဆီကနေ မွေးနေ့လက်ဆောင် အဖြစ်ရခဲ့ဖူးပါတယ်။ကြားထဲမှာတွဲလိုက်ကွဲလိုက် သတင်းတွေ ထွက် ခဲ့တဲ့ သူတို့ တွေဟာ (၂၀၁၇)ဧပြီ မှာတော့ လမ်းခွဲခဲ့ကြပါတယ်။Tyga နဲ့ ကွဲပြီး သိပ်မကြာခင်မှာပဲ Travis  နဲ့တွဲခဲ့ပါတယ်။သူတို့နှစ်ယောက် ဟာ တွဲပြီး ခဏလေးမှာပဲ ကိုယ်ဝန်ရခဲ့ပြီး သမီးလေးမွေးခဲ့ပါတယ်။ဒါကြောင့် အစပိုင်းတုန်းက Kylie  ကိုယ်ဝန်ဟာ Tyga နဲ့ ရတာ ဆိုပြီး သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။Tyga ဘက် ကနေ Stormi လေးဟာသူ့ရင်သွေးလေးလို့ ထင်နေပုံ ရပါတယ်။

Image:IG/Kylie

Source:Dailymail

SHARE