Zuckerberg ကို ကျော်ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာဖြစ်လာတဲ့ Kylie Jenner

Kylie Jenner ကတော့ အခုဆိုရင် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာခဲ့ပါပြီ။ သူမဟာ အသက်အငယ်ဆုံး ကိုယ့်ဒူးကိုယ်ချွန်ချမ်းသာတဲ့ ဘီလီယံနာ အဖြစ်သတ်မှတ်ခံခဲ့ရတာပါ။Forbes ကနေ ထုတ်ပြန်လိုက်တဲ့ ဘီလီယံနာ စာရင်းမှာ Kylie Jenner  ရဲ့ နာမည်ကို ထည့်သွင်းဖော်ပြခဲ့တာပါ။သူမဟာ Kardashian  မိသားစုရဲ့ အသက် အငယ်ဆုံးမိသားစုဝင်ပါ။အဓိကစီးပွားရေးအနေနဲ့ကတော့ cosmetics business ကို လုပ်ကိုင် နေတာပါ။

IG
IG
IG

Kylie Jenner ကိုတော့ (၁၉၉၇)မှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် သူမရဲ့ အသက်ကတော့ (၂၁)နှစ်ပဲ ရှိပါသေးတယ်။ Kylie Cosmetics ကို ထူထောင်ပြီး ဦးစီးဆောင်ရွက်နေသူပါ။သူမရဲ့ လုပ်ငန်းကတော့ စတင်လည်ပတ်တာ သုံးနှစ် လောက်ရှိခဲ့ပါပြီ။မနှစ်ကဆိုရင် Cosmetics ရောင်းချရတဲ့ ငွေဟာ ခန့်မှန်းချေအားဖြင့် အမေရိကန်ဒေါ်လာ သန်း (၃၆၀) ရှိပါတယ်။အရင်တုန်းက ကမ္ဘာ့အသက်အငယ်ဆုံးဘီလီယံနာ အဖြစ် သတ်မှတ်ခံခဲ့ရသူက Facebook ထူထောင် သူ Mark Zuckerberg  ပါ။ Zuckerberg  က သူ့အသက် (၂၃)မှာ ဘီလီယံ နာ  ဖြစ်ခဲ့တာပါ။ ဒါပေ မယ့် အခု Kylie Jenner က (၂၁)နှစ်နဲ့ ဘီလီယံနာ ဖြစ်ခဲ့တာမို့ Zuckerberg ကို ကျော်ပြီး ကမ္ဘာ့အသက် အငယ် ဆုံး ဘီလီယံနာ ဖြစ်လာခဲ့တာပါ။”အနာဂါတ်ကို ကြိုလည်းမမြင်ရတော့၊ဘာကိုမှလည်း မျှော်လင့်မထားဘူး..” ဆိုပြီး Kylie က Forbes ကို ပြောခဲ့ပါတယ်။

READ
MMA ဖိုက်တာ နဲ့ မကြောက်မရွံ့တိုက်ခိုက်ခဲ့တဲ့ လုံခြုံရေးဝန်ထမ်းတွေရဲ့ဗီဒီယို နာမည်ကြီးနေ
Narcity
IG
Narcity

 ဘီလီယံနာစာရင်းမှာပါဝင်တဲ့ အမျိုးသမီးအရေအတွက်ကတော့ (၂၅၂)ယောက်ပဲရှိပါသေးတယ်။ကိုယ့်ဒူးကိုယ်ချွန် အချမ်းသာဆုံး အမျိုးသမီးကတော့Wu Yajun ဖြစ်ပြီး ချမ်းသာကြွယ်ဝမှုတော့ ( $9.4bn)ပါ။ကိုယ့်ဒူး ကိုယ်ချွန် ချမ်းသာ တဲ့ အမျိုးသမီးအရေအတွက်ကတော့ နှစ်ပေါင်း(၅၆)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် (၇၂) ယောက် အထိ ဖြစ်ခဲ့ပါတယ်။

Business Insider
IG
IG

Source BBC

SHARE