ဒေါ်လာ (၃၆)သန်းတန် ဇိမ်ခံအိမ်အသစ်ကြီး ၀ယ်လိုက်တဲ့ Kylie

Image:IG/kylie & @KylieSnapchat

အသက် (၂၂)နှစ်နဲ့ ဘီလီယံ နာ ဖြစ်နေတဲ့ Kylie ကတော့  နောက်ထပ် အိမ် အသစ်ကြီး ၀ယ်လိုက်ပါပြီ။ အိမ် အ သစ် ကြီး ကတော့ အမေရိကန် လော့အိန်ဂျလိစ်က Holmby Hills  ရပ်ကွက်မှာတည်ရှိပြီး တန် ဖိုး ကတော့ အမေရိကန် ဒေါ်လာ (၃၆)သန်းပါ။

Image:IG.Kylie

သူမရဲ့ အိမ် အသစ် ကြီးရဲ့ အကျယ်အ၀န်း ကတော့ (19,250 ) စတုရန်း ပေ ရှိပါတယ်။Forbes က နေ ထုတ်ပြန်တဲ့ အသက် အငယ်ဆုံး ဘီလီယံနာစာရင်းမှာ မ နှစ်က ရော ဒီနှစ်ပါ နှစ် နှစ် ဆက်တိုက် နံပါတ် တစ်နေရာမှာရပ်တည်ခဲ့တဲ့ Kylie ၀ယ်လိုက်တဲ့ အိမ်ကြီးက ဘယ်လောက် ခမ်း နား ကြီး ကျယ် လဲ ဆိုတာကို ပြောပြ ပေးချင်ပါတယ်။

Image:IG/@KylieSnapchat

@KylieSnapchat ဆိုတဲ့ အ ကောင့်နဲ့ EstatesDaily ဆိုတဲ့ အိမ်ခြံ မြေ ၀က်ဘ်ဆိုက်မှာတော့ အိမ် အသစ်ကြီးရဲ့ ပုံတွေ ကို တင်ထားပါတယ်။ဒီ အိမ်ကြီးရဲ့ တယ့် တန် ဖိုး ကတော့  အမေရိကန်ဒေါ်လာ (၅၅)သန်း လောက်ရှိပါတယ်။ ကပ် ဘေးနဲ့ ကြုံ နေရချိန် မို့ လျော့ ဈေးနဲ့ ရတုန့်း  Kylie တစ်ယောက် ၀ယ်လိုက်ပုံရပါတယ်။

 

View this post on Instagram

 

A post shared by Kylie Jenner News (@kyliesnapchat) on

Image:IG/@KylieSnapchat

အိမ်ကြီးမှာဆိုရင် တော့ အိပ်ခန်း (၇)ခန်း၊ရေချိုးခန်း (၁၄) ခန်း၊ကားပါကင်နေရာ (၂၀)  ပါ ရှိပါတယ်။အိမ်သစ်ကို ပြောင်း နေ  မ နေ့ က တော့ မသိ ရသေးမယ့် Kylie ကတော့ အိမ်အသစ်ကြီးကို သွားပြီး ရိုက်ထားတဲ့ ပုံတွေကို တင်ထားပါတယ်။

READ
ကစ်ကစ်ဆီကနေ Suprise လက်ဆောင်ရလို့ ဝမ်းသာနေတဲ့ ခင်သဇင်
Image:IG/@KylieSnapchat

Kylie ရဲ့ အိမ်ကြီးမှာဆိုရင်တော့ ရေကူးကန် အကျယ်ကြီး လည်း ပါပါတယ်။ဂိမ်းဆော့တဲ့ အခန်း၊bar ၊ မီးဖိုခန်း အားလုံးက အရမ်းခမ်းနားတဲ့ အပြင် အဆင်တွေ နဲ့ ဖန်တီးထားတာပါ။Kylie ကတော့  မကြာသေးမီတုန်းက သူမရဲ့ Hidden Hills  က အိမ်တွေ ထဲက တစ်လုံးကို ဒေါ်လာ (၆.၇)သန်းနဲ့ ထုတ် ရောင်း ခဲ့ပါတယ်။(၂၀၁၈)တုန်းက  တော့ Stormi လေးရဲ့ ဖေ ဖေ Travis Scott နဲ့ နှစ်ယောက် အတူတူ ဒေါ်လာ (၁၃.၅)သန်း တန် အိမ် တစ်လုံး ၀ယ်ခဲ့ဖူးပါတယ်။

Image:IG/@KylieSnapchat

အသက် (၂၂)နှစ်ပဲရှိသေးတဲ့ Kylie  ရဲ့ ချမ်းသာ ကြွယ်ဝမှု ကတော့ (၁.၂)ဘီလီယံ ရှိပါတယ်။သူမရဲ့ Kylie Cosm etics ကုမ္ပဏီ ရဲ့ အောင်မြင်မှု က သူမကို ဘီလီယံ နာ ဘ၀ ရောက် အောင် ပို့ ပေးခဲ့တာပါ။Kylie Cosmetics ကုမ္ပဏီ ကို (၂၀၁၄) က မှ စတင်ခဲ့ ပေမယ့် အချိန် တိုလေး အတွင်း အရမ်း အောင်မြင်ခဲ့တာပါ။(၂၀၁၉) နိုဝင်ဘာ မှာတော့ သူမပိုင်ဆိုင်တဲ့ Kylie Cosmetics ရဲ့ ရှယ်ယာ (၅၁)ရာခိုင်နှုန်းကို အလှအပ ဆိုင် ရာ ကုမ္ပဏီ Coty Inc. ကို  အမေရိကန်ဒေါ်လာ သန်း (၆၀၀) နဲ့ ရောင်းချ ခဲ့ပါတယ်။

 

View this post on Instagram

 

lover girl

A post shared by Kylie (@kyliejenner) on

Source:

SHARE