(၂၂)နှစ်ပြည့် မွေးနေ့ကို အီတလီမှာ ဖြတ်သန်းခဲ့တဲ့ Kylie Jenner

Kylie Jenner ကတော့ American media personality, model တစ်ယောက် ဖြစ်သလို စီးပွား ရေးလုပ်ငန်း ရှင်တစ်ယောက် အဖြစ် အောင်မြင်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။သူမဟာ ကိုယ့်ဒူးကိုယ်ချွန်ပြီး ချမ်းသာလာတဲ့ အသက် အငယ်ဆုံး ဘီလီယံနာ တစ်ယောက်ပါ။  1997 ခုနှစ် August 10 ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူမဟာ မကြာ သေးခင်ကမှ အသက် (၂၂)နှစ်ပြည့်ခဲ့တာပါ။သူမရဲ့ မွေးနေ့လေးကိုတော့ အီတလီမှာ ခရီးထွက်ရင်း ဖြတ်သန်း ခဲ့ ပါတယ်။သူမရဲ့ မွေးနေ့ပွဲလေးမှာတော့ သူမရဲ့ ချစ်သူ Travis Scott ၊သူတို့ရဲ့ သမီးလေး Stormi Webster ၊သူမရဲ့ မိခင်  Kris Jenner  တို့ လည်း ပါဝင် ပေးခဲ့ပါတယ်။မွေးနေ့ အမှတ်တရ အဖြစ် အီတလီ ကို ခရီးထွက် ခဲ့တာပါ။သူမရဲ့ ခရီးသွားပုံရိပ်တွေကိုတော့ Kylie က သူမရဲ့ IG မှာ ဆက်တိုက်ဆိုသလို ဝေမျှ ပေးထားပါတယ်။

Image:IG/Kylie Jenner
Image:IG/Kylie Jenner
Image:IG/Kylie Jenner

Stormi  လေးကတော့ ဒီပွဲရဲ့ မင်းသမီးလေးဖြစ်ခဲ့ပြီး မွေးနေ့ရှင်သူမရဲ့ မေမေ Kylie အတွက် မွေးနေ့ သီချင်း ဆို ပေးခဲ့ပါတယ်။Kylie ကတော့ အရောင်စုံလှပတဲ့ နေတဲ့ ဘီကီနီတွေ တမျိုးပြီး တမျိုး ၀တ်ဆင်ပြီး အရမ်းကို လှပ နေ ခဲ့ ပါတယ်။ပန်းရောင်စုံ ဘီကီနီပုံ ကိုတော့ Positano မှာ ရိုက်ခဲ့တာပါ။Kylie ကတော့ သူမရဲ့ (၂၂)နှစ်ပြည့် မွေးနေ့ ပွဲလေးကို အီတလီမှာ အပန်းဖြေခရီးထွက်ရင်း ကုန်ဆုံး ဖို့ အတွက် အမေရိကန်ဒေါ်လာ သန်း(၂၅၀) တန်ကြေးရှိတဲ့ ဇိမ်ခံသင်္ဘောကို ငှားရမ်းခဲ့ပါတယ်။သမီးလေး Stormi ကတော့ အခုဆိုရင် အသက် (၁၈)လ ရှိနေပါပြီ။

READ
သိပ်ချစ်ရတဲ့ သမီးလေးကို အလှဆုံးဓါတ်ပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ စမိုင်း
Image:IG/Kylie Jenner
Image:IG/Kylie Jenner
Image:IG/Kylie Jenner

သမီးလေးကို တော့ ကလေးရဲ့ ဖေဖေ Travis Scott က ချီပိုးထားတဲ့ ပုံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။Kourtney Karda shian’ ရဲ့ ex Scott Disick နဲ့ သူ့ရဲ့ အချစ်သစ်  Sofia Ritchie တို့လည်း Kylie ရဲ့ ပွဲကို လာရောက် ခဲ့ပါတယ်။Kylie ရဲ့ အချစ်ဆုံးသူငယ်ချင်း Anastasia Karanikolaou လည်း အတူလိုက်ပါခဲ့ပါတယ်။သူမရဲ့ အဖြူရောင် ငှက်မွှေးဝတ်စုံကြောင့် မွေးနေ့ပွဲမှာ Kylie တစ်ယောက် တိတ်တိတ်လေး လက်ထပ်ပွဲကျင်းပတယ် ဆိုတဲ့ ကောလာဟလ သတင်းတွေ လည်း ထွက်ခဲ့ပါသေးတယ်။

Image:IG/Kylie Jenner
Image:IG/Kylie Jenner
Image:fb/Celebrity Style by toujours ensemble

Source dailymail

SHARE