Stormi ကို Kylie မိခင်နို့ မတိုက်တဲ့ အကြောင်း ထုတ်ပြောလိုက်တဲ့ Khole

Image:IG/Khole & kylie

Kylie Jenner ကတော့ အသက် ငယ်ငယ်လေးနဲ့ ချမ်းသာကြွယ်ဝ နေသူပါ။အသက်အငယ်ဆုံး ဘီလီယံ နာ အဖြစ်ပါ သတ်မှတ် ခံထားရသူပါ။ Kylie Jenner ရဲ့ အသက် ကတော့ (၂၂)နှစ်ပါ။သူမမှာတော့ အသက် (၂)နှစ်အရွယ် Stormi Webster ဆိုတဲ့ သမီးလေးရှိပါတယ်။Rapper အ ဆိုတော် Travis Scott နဲ့ ရတဲ့ သမီးလေးပါ။ကိုယ်ဝန်လွယ်ထားတဲ့ တစ် လျောက်လုံးမှာ သူမ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး ထုတ်မပြောပဲ လျှို့ဝှက်ထားခဲ့တာပါ။သမီး ဖြစ်သူကိုတော့ ဖေဖော်ဝါရီ (၁) ရက် (၂၀၁၈)က မွေးခဲ့တာပါ။ကလေးမွေးတဲ့ အကြောင်းကိုတော့ (၂၀၁၈) ဖေဖော်ဝါရီ (၄) ရက်နေ့ကမှ  ထုတ်ပြောခဲ့တာပါ။

Image:IG/Kylie

 

View this post on Instagram

 

#stormiworld ⚡️

A post shared by Kylie (@kyliejenner) on

သမီးလေး ရ ပြီးနောက်မှာတော့ သူတို့ နှစ်ယောက် လက်ထပ် ဖြစ်မယ်လို့ အားလုံးက ထင်ထားကြပေမယ့်လည်း လက်တွေ့မှာတော့ အဲ့လို ဖြစ်မလာပဲ လမ်းခွဲ ခဲ့ကြပါတယ်။သမီးလေးကိုတော့ Kylie Jenner က စောင့်ရှောက်ပေးနေပြီး အဖေ ဖြစ်သူနဲ့လည်း  မကြာ ခဏ ပေးတွေ့ တာကို တွေ့ရပါတယ်။ Stormi Webster ရဲ့ အသက် နှစ်နှစ် ပြည့် မွေးနေ့ပွဲတုန်းကလည်း Travis Scott လာရောက် ခဲ့ပါတယ်။ငယ်ငယ်လေးနဲ့ မိခင်ဘ၀ကို ရောက်ခဲ့ရတဲ့ Kylie ကတော့ သူမရဲ့ သမီးလေးကို မိခင်နို့ မတိုက် တဲ့ အကြောင်း Khole Kardashian က ဖောက်သည် ချ  ခဲ့ပါတယ်။

READ
အကောင့်အတုနဲ့ တိုက်ခိုက်နေသူတွေကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ဝိုင်းစုခိုင်သိန်း
Image:IG/Khole
Image:IG/Khole

Khole Kardashian  ကတော့ Poosh video series မှာ ပါဝင်ခဲ့တုန်းကအခုလို ပြောခဲ့တာပါ။သူမရဲ့ မိခင် ဘ၀ အကြောင်းတွေကို ဝေမျှ ရင်းနဲ့ Kylie Jenner အကြောင်းကိုပါ ပြောပြခဲ့တာပါ။Kylie ကတော့ သူမရဲ့ သမီးကို မိခင်နို့ မတိုက်ပဲ formula milk ကိုပဲ တိုက်တယ်လို့ ဆိုပါတယ်။ Khole Kardashian   က သမီး ဖြစ်သူ True Thompson ကို မိခင်နို့ တိုက်တုန်းက အဆင်မပြေ တာတွေ နဲ့ ကြုံ ခဲ့ရ ကြောင်း၊ဒါကြောင့် မိခင်နို့ မတိုက်တဲ့ Kylie ဆီ ကနေ အကြံဥာဏ် ယူခဲ့ပါတယ်။

READ
သီချင်းဆိုနေတုန်း သွားမှာ အဖတ်ကပ်နေတာ ပေါ်သွားတဲ့ Nick Jonas
Image:IG/Khole

ဘာလို့ မိခင်နို့ မတိုက်ပဲ formula milk ကို ရွေးလဲ ဆိုတာကို မေးခဲ့ပါတယ်။သူမရဲ့ အခက်အခဲ တွေ ရင်ဖွင့် ရင်းနဲ့ ညီမ ဖြစ်သူ ဆီက အကူအညီကို တောင်းခဲ့တာပါ။Kylie က ဂျာမနီ ကနေ HiPP formulas ကို တွေ့ ပြီး ရွေးချယ်ခဲ့တာပါ။Kylie လုပ်သလိုပဲ သူမရဲ့ သမီးလေး True ကိုလဲ တိုက်ကြည့်တဲ့ အခါ မှာ အဆင်ပြေ ခဲ့တယ်လို့ ဆိုပါတယ်။မိခင်နို့ မတိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး Kylie က သူမကို စိတ်သက်သာရာရ စေတယ်လို့ Khole က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

👩🏼👩🏻Sister Date Night 👩🏼👩🏻

A post shared by Khloé (@khloekardashian) on

Source:themirror

SHARE