Kylie Jenner ဝတ်လိုက်လို့ တစ်ခဏချင်းပဲ ရောင်းကုန်သွားခဲ့တဲ့ လိမ္မော်ရောင်အင်္ကျီလေး

Twitter- @LoudBrndStudios, Instagram- @kyliejenner

ဇူလိုင်လ ၇ ရက်နေ့တုန်းက Kylie ဟာ Instagram မှာ ဓာတ်ပုံလေးတွေ တင်လာခဲ့ပါတယ်။ အဲဒါကတော့ ဒီပုံလေးတွေပါ။

View this post on Instagram

i love it here.

A post shared by Kylie 🤍 (@kyliejenner) on

ပုံထဲမှာ Kylie အနေနဲ့ ဂါဝန်လိမ္မော်ရောင်လေးကို ဝတ်ထားတာဖြစ်ပါတယ်။ Bodycon dress ဖြစ်တဲ့အတွက် သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေး တော်တော်လေး ပေါ်လွင်နေစေတာပါ။ ဒီအပြင် ဂါဝန်ရဲ့ ဒီဇိုင်းကလည်း တခြားမြင်ဖူးတဲ့ပုံစံမျိုးတွေမဟုတ်တဲ့အတွက် တော်တော်လေးကို မိုက်နေပါတယ်။

https://www.instagram.com/p/CCT1GG0HjhV/?utm_source=ig_embed

ဒီ အင်္ကျီဟာ  UK အခြေစိုက် LoudBrand Studios မှ ထုတ်တဲ့ ဂါဝန်ဖြစ်ပြီး မကြာသေးခင်ကမှ ဒီဒီဇိုင်းကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီအပြင် ဒီဇိုင်းဟာ limited edition ဖြစ်တဲ့အတွက်ကြောင့် Kylie ပရိတ်သတ်တွေအနေနဲ့တော့ တော်တော်လေးကို စိတ်ဝင်စားမှုမြင့်တက်နေခဲ့ပါတယ်။ ဒါကြောင့်ပဲလားမသိဘူး၊ limited edition အနေနဲ့ ထုတ်ခဲ့တဲ့ ဒီအင်္ကျီလေးဟာ တစ်ရက်ထဲမှာပဲ အကုန်လုံး ကုန်သွားပါတယ်တဲ့။ ဒါတောင် Kylie က သူဝတ်တဲ့အင်္ကျီ ဘယ်ကဆိုတာ သက်သက်ကြီး ကြောငြာပေးတာမဟုတ်ဘူးနော်။

Penny

SHARE