Travis နဲ့ ပြတ်ပြီးနောက် Tyga ရှိရာနေရာကို မူးပြီးရောက်လာတဲ့ Kylie

Image:IG/Kylie

Kylie Jenner ကတော့ အခုဆိုရင် သူမရဲ့ ချစ်သူTravis Scottနဲ့ လမ်းခွဲလိုက်ပါပြီ။ ကလေးတစ်ယောက် ရထားတဲ့ ဆက်ဆံရေးဖြစ်ပြီး သူတို့ကြားမှာ အဖုအထစ်မရှိတဲ့ ဆက်ဆံ ရေးလို့ အားလုံးက ထင်ထားခဲ့ပေမယ့်လည်း ရုတ်တရက်ကြီး လမ်းခွဲ သတင်းထွက်လာခဲ့တာပါ။ Travis နဲ့ လမ်းခွဲသတင်းထွက်ပြီး ရက်ပိုင်းလောက်မှာတော့ Kylie တစ်ယောက် အရင်ချစ်သူ Tyga  နဲ့ ဇာတ်လမ်းပြန်စနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို သတင်းထွက်ရတာဟာ အကြောင်းအရင်း ရှိပါတယ်။ Kylie ကို Tyga ရဲ့ recording studio နားမှာ တွေ့လိုက်ရတဲ့ အတွက် ကြောင့် ဒီလို သတင်းတွေ ထွက်လာရတာပါ။

Image:IG/Kylie
Image:IG/Kylie

Kylie က သူမရဲ့ အပေါင်းအသင်းStassi’ Karanikolaou ၊ Kelsey Calemine  တို့ နဲ့ အတူတူ West Hollywood ကို မနက် (၂)နာရီလောက်ကြီး ရောက်လာတဲ့ ပုံတွေ ထွက်လာခဲ့တာပါ။Kylie ကတော့ အပြာရောင် Rolls Royce ကားပေါ် ကနေ အပေါင်းအသင်းတွေနဲ့ အတူတူ ဆင်းလာခဲ့တာပါ။သူတို့ တွေဟာ Sunset Marquis ဟိုတယ်ဆီကို ဦးတည်သွားခဲ့ကြတာပါ။အဲ့ဒီဟိုတယ်မှာတော့ Tyga ရဲ့ Recording Studio ရှိပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး Daily က  မှတ်ချက်တစ်ခုခု ပေးဖို့ တောင်းဆို ခဲ့ပေမယ့် Kylie ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။Stassi နဲ့  Kelsey တို့ဟာ အဲ့ဒီနောက်မှာတော့ မနက် (၃)နာရီ လောက်မှာတော့ Tyga ထွက်လာတဲ့ ထွက်ပေါက်နေရာက နေ ပြန်ထွက်လာခဲ့တာကိုလည်း တွေ့ခဲ့ပါတယ်။

(

 

View this post on Instagram

 

Wanderlust 🌏

A post shared by Kylie ✨ (@kyliejenner) on

)

အဲ့ဒီနောက် မှာတော့  အနက်ရောင် SUV ကားနဲ့ အိမ်ကို ပြန်သွားခဲ့ကြပါတယ်။Kylie က တော့  Sunset Marque ဟိုတယ် ကနေ ဆင်းလာတာတော့ ထွက်လိုက်ပေမယ့် အဲ့ဒီနောက်မှာတော့ မြင်ကွင်းအောက်ကနေ ပျောက်သွားခဲ့ပါတယ်။ဒါကြောင့် သူမဟာ တခြား ထွက်ပေါက်ကနေပဲ ပြန်ထွက်သွားတာလားဆိုတာကိုတော့ တိတိကျကျ မသိခဲ့ရပါဘူး။

READ
Lee Dong Gook ရဲ့သမီးလေးတွေနဲ့ တွေ့ဆုံခဲ့တဲ့ Song ညီအစ်ကို
Image:IG/Kylie
Image:IG/Kylie

Kylie ကတော့ အခုချိန်ထိ သူမရဲ့ အရည်ရည်းစားဟောင်းTyga အပေါ် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ နေတုန်းပါ။သူတို့ နှစ်ယောက်ဟာ သြဂုတ်လ နှောင်းပိုင်းတုန်းကလည်း Sapphire Las Vegas Gentlemen’s club မှာ မျက်နှာ ချင်းဆိုင် ဆုံဖြစ်ခဲ့ကြပါသေးတယ်။Kylie နဲ့ Travis တို့ ပြတ်တဲ့ အကြောင်းကတော့  အောက်တိုဘာ (၁)ရက်နေ့ နေ့လယ်ပိုင်းတည်းက ထွက်ပေါ် ခဲ့တာဆိုပေမယ့် တကယ်တမ်း လမ်းခွဲ ခဲ့တာကတော့ သီတင်းပတ် တော်တော် ကြာခဲ့ပြီလို့ TMZ မှာ ဖော်ပြခဲ့ပါတယ်။Tyga နဲ့ ပြတ်ပြီးမှ Travis နဲ့ တွဲခဲ့ပေမယ့် အခု Travis နဲ့ပြတ်ပြီဆိုတော့ အရင်ရည်းစားနဲ့ ဇာတ်လမ်းပြန်ဆက်တော့ မှာလည်း ဆိုပြီးအားလုံးက စိတ်ဝင်စားနေကြပါတယ်။Kylie နဲ့ Tyga တို့က အရမ်းကို ချစ်ခဲ့ကြတဲ့ ချစ်သူတွေ ဖြစ်ခဲ့ဖူးပါတယ်။သူတို့စုံတွဲကိုတော့ မသိတဲ့ သူ မရှိသလောက် ပါ။Kendall ရဲ့ (၁၆)နှစ်ပြည့်မွေးနေ့ပွဲကို Tyga ကလာရောက်ဖျော်ဖြေရာကနေ သူတို့ဇာတ်လမ်းစခဲ့တာပါ။အစပိုင်း ကတော့ သူငယ်ချင်း နောက်ပိုင်းမှာတော့ တွဲဖြစ်သွားတာပါ။

READ
ဝိတ်ချလိုက်ပြီးနောက်မှာ အရင်ကထက် ပိုလှလာတဲ့ နေခြည်ဦး
Image:IG/Kylie
Image:IG/Kylie

Tyga က သူ့ရဲ့ သတို့သမီးလောင်း Blac Chyna နဲ့ လမ်းခွဲတာ ဟာ Kylie ကြောင့်ဆိုပြီး သတင်းထွက်ခဲ့ဖူးပါတယ်။ဒီသတင်းမဟုတ်ပါဘူးလို့ Tyga ဘက်နေအစပိုင်းမှာတော့ ငြင်း ခဲ့ပါတယ်။နောက်ပိုင်းသူတို့နှစ်ယောက် တပူးပူးတတွဲတွဲဖြစ်နေတာတွေက လူတွေရဲ့ သံသယကို ပိုပြီး ခိုင်မာ စေခဲ့ပါတယ်။အစမှာတော့ သူငယ်ချင်းတွေ ချစ်သူ မဟုတ်ဘူးငြင်းပေမယ့် နောက်ဆုံးမှာတော့ တွဲေ န ကြောင်း ၀န်ခံခဲ့ပါတယ်။ Kylie  ကလည်း Tyga ဟာ သူမဘ၀ရဲ့ ပထမဆုံးအချစ်စစ်ပါဆိုပြီးဝန်ခံခဲ့ဖူးပါတယ်။

Image:IG/Kylie

Kylie Jenner ရဲ့ အသက် (၁၈) နှစ်ပြည့်မွေးနေ့ မှာတော့ brand new Ferrari ကားသစ်၊(၁၉)နှစ်ပြည့်မှာတော့ bran d new Maybach ကား သစ် ကြီးတွေကို Tyga ဆီကနေ မွေးနေ့လက်ဆောင် အဖြစ်ရခဲ့ဖူးပါတယ်။ကြားထဲမှာတွဲလိုက်ကွဲလိုက် သတင်းတွေ ထွက် ခဲ့တဲ့ သူတို့ တွေဟာ (၂၀၁၇)ဧပြီ မှာတော့ လမ်းခွဲခဲ့ကြတာပါ။အရမ်းကို ချစ်ခဲ့ တွဲ ခဲ့ကြတဲ့ ချစ်သူတွေ ဖြစ်ခဲ့ဖူး တာမို့ ..တကယ်ပဲ ဇာတ်လမ်းပြန်ဆက်နေတာ ဟုတ်၊မဟုတ် ကတော့  စောင့်ကြည့်ရမှာပါ။

Source:Dailymail

SHARE