သမီး အတွက် ဒေါ်လာ(၂)သိန်းတန် မြင်းပုဝယ်ပေးလို့ ဝေဖန်ခံနေရတဲ့ Kylie Jenner

Image:IG/Kylie

Kylie Jenner က တော့ သူမရဲ့ အသက် နှစ်နှစ်အရွယ် သမီးလေး Stormi အတွက် ဈေးကြီးတဲ့ လက်ဆောင် ပေးခဲ့ပါတယ်။လက်ဆောင် က တော့ မြင်းပု လေးတစ်ကောင် ဖြစ်ပြီး တန်ဖိုးအားဖြင့်အေ မရိကန် ဒေါ်လာ နှစ်သိန်း တန်တယ်လို့ Daily Mail မှာ ဖော်ပြ ထားပါတယ်။ Kylie Cosmetics ရဲ့ Founder တစ် ယောက်ဖြစ်တဲ့ သူမ က တော့ အသက် (၂၂)နှစ်နဲ့ ချမ်းသာ အောင်မြင်နေသူပါ။အရင် က တော့ အသက် အငယ်ဆုံးဘီလီယံ နာဆိုပြီး သတ်မှတ် ဖော်ပြတာကိုတောင် ခံခဲ့ရဖူးပြီး နောက်ပိုင်းကျမှ ဘီလီယံနာ စာရင်းက နေ နုတ် ပယ်ခံလိုက်ရတာပါ။

 

View this post on Instagram

 

my mini

A post shared by Kylie (@kyliejenner) on

ဝယ်ပေးတဲ့ မြင်းပု လေးက တော့ နယ်သာလန်နိုင်ငံ Stal Wilten ကပါ။နာမည် က တော့ Frozen ပါ။ Frozen ကိုတော့ နယ်သာလန် က နေ မှ အ မေရိကန် လော့အိန် ဂျလိစ် အထိ သင်္ဘော နဲ့ တင် ခေါ် လာပြီး လက်ရှိမှာတော့ မြင်းက quarantine (၁၄)ရက် ၀င်နေပါတယ်။မြင်းသယ်ယူစရိတ် က တော့ $7,000 – $10,000 လောက်ရှိ မယ် လို့ Daily Mail က ခန့်မှန်း ဖော်ပြခဲ့ပါတယ်။

READ
ဟော်ကီပြိုင်ပွဲကို အတူတူလာရောက်ကြည့်ရှုခဲ့ကြတဲ့ Justin နဲ့ Hailey တို့ဇနီးမောင်နှံ
Image:IG/Stal Wilten

Stal Wilten  ရဲ့ IG မှာ တော့ မြင်းပု ပုံကို တင်ပြီး .”LA ကို သူရော က်လာတဲ့ သတင်းကြားတယ်။ချစ်စရာ မိန်း က လေး Stormi နဲ့ အတူ နေသွားမှာ @kyliejenner က သမီး အ တွက် အဖိုးတန်တဲ့ မြင်းပုကို ပေးတယ်..” လို့ တင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Kylie နဲ့ Stormi ရဲ့ နာမည်ကို ပြန် ဖြုတ်ခဲ့ပါတယ်။

 

View this post on Instagram

 

be back soon

A post shared by Kylie (@kyliejenner) on

နှစ်နှစ်အရွယ် က လေးကို ဒေါ်လာနှစ်သိန်း တန် မြင်းပုလက်ဆောင် ပေးတာနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ အမျိုး မျိုး ပြောဆို ဝေဖန် နေကြပါတယ်။တစ်ချို့ ကလည်း ဒီ ပိုက်ဆံ က သူတို့ ဘ၀ကို ဘယ်လောက်ထိ ပြောင်းလဲနိုင်တဲ့ ပိုက်ဆံဆိုပြီး နှိုင်းယှဉ် ပြော နေကြတာတွေလည်းရှိပါတယ်။Kylie တို့ မိသားစုမှာတော့ သားသမီးကို ခုလို မြင်းပု ပေးတာ သူမ တစ်ယောက်တည်း မဟုတ်ပါဘူး။Kim Kardashian မှာ ဆိုရင် Friesian မြင်း (၁၄) ကောင်ရှိပြီး (၇)နှစ်အရွယ် သမီး North West မှာဆိုရင် လည်း မြင်း တစ်ကောင်ထက် မနည်း ရှိပါတယ်။Kim ရဲ့ IG မှာ သမီး ဖြစ်သူရဲ့ မြင်းနဲ့ မိတ် ဆက် ပေးခဲ့ဖူးပါတယ်။

#SHWEMOM

SHARE