Kylie Jenner ကိုတော့ ဆယ်လီအဖြစ် အားလုံးကသိထားကြပြီးတော့ နောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေမှာလည်း တဖြေးဖြေးတိုးချဲ့လာကာ ဘီလီယံနာတောင် ဖြစ်ခဲ့ပါသေးတယ်။ အခုလည်း single mom အနေနဲ့ သမီးလေးကို အကောင်းဆုံးပြုစုပျိုးထောင်နေခဲ့ပါတယ်။ သူမရဲ့ Kylie Cosmetics နဲ့ Kylie Skin ကိုလည်း အကောင်းဆုံးဖန်တီးနေခဲ့ပါတယ်။
View this post on Instagram
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ Kylie တစ်ယောက် သူမရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကြောင့် တော်တော်လေးကို အဝေဖန်ခံနေရပါတယ်။ ကိုဗစ်ကို ခုတုံးလုပ်ပြီး စီးပွားရှာနေတယ်ဆိုပြီးတော့ပါတဲ့။ ဖြစ်ပုံကတော့ ဒီလို။
Kylie Skin အနေနဲ့ ပြီးခဲ့တဲ့ အခေါက်တွေတုန်းက product တွေအများကြီးထုတ်ခဲ့ကာ အောင်မြင်ခဲ့ပါတယ်။ နောက် အခုတော့ Kylie ဟာ သူ့နာမည်အောက်ကနေပဲ ကိုဗစ်နဲ့ပတ်သက်တဲ့ ပစ္စည်းတစ်ခုကို ထုတ်ဝေခဲ့ပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ hand sanitizer ပါ။ လက်သန့်ဆေးရည်ကို အခုလိုအချိန်မျိုးမှာ အချိန်တိုင်း အသုံးပြုဖို့ လိုအပ်နေတဲ့အတွက် ကုမ္ပဏီတွေကတောင်မှပဲ ပေါပေါနဲ့များများဝယ်နိုင်ဖို့ကို ဦးစားပေးထုတ်လုပ်နေခဲ့တာပါ။
View this post on Instagram
ဒါကို Kylie ကနေပြီး ၇ ဒေါ်လာနဲ့ ထုတ်ထားတာပါ။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ လက်သန့်ဆေးရည်အသစ်အကြောင်း ထုတ်မယ်ဆိုပြီး ကြေငြာခဲ့တာပါတဲ့။ သူမရဲ့ကြော်ငြာအရတော့ အယ်လ်ကိုဟော ၈၀% ပါဝင်ထားလို့ ပိုးသတ်စေနိုင်တဲ့အပြင်ကိုမှ လက်အသားအရေ မပျက်စီးဘဲ ချောမွတ်အောင်လည်း glycerin ထည့်ထားပါတယ်တဲ့။
View this post on Instagram
View this post on Instagram
ဒါကို တစ်ချို့သောလူတွေက Kylie တစ်ယောက် ချမ်းသာတယ်လည်းဆိုသေးတယ်။ နေ့စဉ်လိုအပ်တဲ့ လက်သန့်ဆေးရည်တွေကို မတတ်နိုင်တဲ့လူတွေဆီ လှူဖို့မစဉ်းစားဘဲ ၇ ဒေါ်လာနဲ့ ရောင်းနေလို့ဆိုပြီးတော့ အပြစ်တင်နေခဲ့ကြတာပါ။ ကိုဗစ်ကိုခုတုံးလုပ်ပြီး အကျိုးမြတ်ရှာတယ်ပေါ့လေ။ တကယ်တော့ Kylie ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ သူမမြတ်မယ့်ကိစ္စကို လုပ်ခဲ့တယ်ဆိုတာ ပုံမှန်ပါပဲ။ ဒါကို လူတွေက ဝိုင်းပြီး အပြင်းအထန်ကို ဝေဖန်ရှုံ့ချနေခဲ့တာပါ။
View this post on Instagram
penny