သမီးလေးရဲ့တစ်နှစ်ပြည့်မွေးနေ့ပွဲကို အထူးခြားဆုံးနဲ့အခမ်းနားဆုံးလုပ်ပေးခဲ့တဲ့ Kylie

Model, influencer, နဲ့ business woman တစ်ဦးဖြစ်တဲ့ Kylie Jenner ဟာ အဆိုတော် Travis Scott နဲ့ သမီးလေး Stormi ကို မွေးခဲ့ပါတယ်။ Stormi ကိုယ်ဝန်ကို လွယ်ထားတုန်းကဆိုရင် Kylie ဟာ social media တွေ လုံးဝမသုံးခဲ့သလို လူမြင်ကွင်းမှာလည်းပေါ်ပေါ်ထင်ထင်မသွားခဲ့ပါဘူး။ Stormi လေးမွေးခါနီးမှ သူမရဲ့ fan တွေကို အသိခဲ့ပေးခဲ့တာပါ။

Instagram
Instagram

၂၀၁၉ ဖေဖော်ဝါရီလ (၂) ရက်နေ့မှာတော့ Stormi ဟာ (၁) နှစ်ပြည့်သွားခဲ့ပါပြီ။ လူ့ဘဝရဲ့ ပထမဆုံးကြုံရတဲ့ သမီးလေးရဲ့မွေးနေ့ပွဲကို Kylie နဲ့ Travis တို့ပေါင်းပြီး အကောင်းတကာ့အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးခဲ့ပါတယ်။

 

ဖခင်ဖြစ်တဲ့ Travis Scott ဟာ ၂၀၁၈ သြဂုတ်လတုန်းက Astroworld ဆိုတဲ့ ခွေ album ထွက်ထားပြီး အခုအခါမှာလည်း သမီးဖြစ်သူ Stormi ရဲ့ မွေးနေ့ပွဲကို Stormiworld လို့ နာမည်ပေးထားပါတယ်။ Astroworld ခွေရဲ့ကာဗာမှာ Travis Scott ရဲ့ ဦးခေါင်းကြီးနဲ့ အဝင်အဝဒီဇိုင်းအတိုင်း Stromiworld ရဲ့ အဝင်အဝမှာ သမီးဖြစ်သူ Stormi ရဲ့ ဦးခေါင်းပုံတူကို ထားပေးထားတာပါ။

READ
တက်ရောက်သူရောသင်ကြားသူပါ အ၀တ်ဗလာနဲ့လေ့ကျင့်ခန်းလုပ်ရမယ့်Fitnessသင်တန်း
Instagram
Instagram

မွေးနေ့ပွဲကျင်းပဖို့အတွက် Kylie နဲ့ Travis တို့ဟာ Universal Studios ရဲ့ အနောက်ဖက်တစ်ခြမ်းလုံး တစ်နေကုန်ငှားပစ်ခဲ့ပါတယ်။ ပုံပြင်ဆန်ဆန်အပြင်အဆင်တွေနဲ့ ကလေးတွေအကြိုက် အရုပ်တွေအပြင် လာသမျှ ဧည့်သည်တွေ စိတ်တိုင်းကျ ဓာတ်ပုံရိုက်ဖို့အတွက် Instagrammic photo booth တွေ အများကြီးထားပေးထားပါတယ်။

Instagram
Instagram

Stormiworld ထဲမှာ ကစားစရာအရုပ်တွေအပါအဝင် Stormi’s Shop ဆိုတဲ့ မွေးနေ့ပွဲ အမှတ်တရပစ္စည်းအရောင်းဆိုင်တစ်ခုလည်း ထည့်ပေးထားပါတယ်။ Universal ကစားကွင်းထဲမှာ ကျင်းပတာဆိုတော့ မွေးနေ့ပွဲအတွင်းဝင်သွားလိုက်တာနဲ့ ကိုယ်ပိုင် amusement park တစ်ခုထဲ ရောက်သွားသလားလို့ ထင်ရမှာပါ။ Carnival theme နဲ့ ကျင်းပထားတဲ့အတွက် carnival မှာ ရနိုင်တဲ့ အစားသောက်တွေကို buffet လို တည်ခင်းဧည့်ခံခဲ့ပါတယ်။

Instagram
Instagram
Instagram

အစားအစာထည့်တဲ့ ဗူးတွေ၊ စက္ကူတွေကိုတော့ LV တံဆိပ်ရဲ့ pattern နဲ့ Stormiworld ဆိုတဲ့ SW နဲ့ပေါင်းကာ ဒီဇိုင်းပြန်ထုတ်ကာ ချစ်စရာ ပန်းရောင်အသွင်အပြင်လေးတွေနဲ့ ထုတ်ပိုးထားခဲ့ပါတယ်။

READ
လူရာပေါင်းများစွာအတွက် အသက်စတေးခဲ့တဲ့ ဆူနာမီကြားထဲက သူရဲကောင်းလေး
Instagram
Instagram

ဒီအပြင် သစ်ကုလားအုတ်တွေ၊ မြင်းကြားတွေတောင် ပွဲအတွက် ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။

Instagram

Stormi ရခဲ့တဲ့ မွေးနေ့လက်ဆောင်တွေထဲမှာတော့ DJ Kalid ပေးတဲ့ မွေးနေ့လက်ဆောင်လေးက တော်တော်လေးနာမည်ကြီးနေခဲ့ပါတယ်။ Stormi ပေါက်စလေးအတွက် Channel တံဆိပ် ပိုက်ဆံအိတ်သေးသေးလေးပါပဲ။

Instagram
Instagram

Source: The Sun, Unilad

Penny

SHARE