မျက်လုံးသန်းပေါင်းများစွာရှေ့မှာ ရှင်သန်ရတာ မလွယ်ဘူးလို့ဆိုလိုက်တဲ့ ခိုင်လီဂျန်နာ

instagram/kyliejenner

အသက်(၂၁) နှစ်အရွယ်ပဲ ရှိသေးတဲ့ ခိုင်လီဂျန်နာဟာ သူမရဲ့ စိတ်ခံစားချက်တွေကို အင်စတာဂရမ်ပို့စ်တစ်ခုမှာ ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။ ခိုင်လီက သူမဟာ ကျော်ကြားမှုကြောင့် ဖြစ်ပေါ်လာရတဲ့ အခက်အခဲတွေကြားမှာ ရှင်သန်အောင် ကြိုးစားနိုင်ခဲ့တဲ့အတွက် သူမကိုယ်သူမ ဂုဏ်ယူကြောင်း insider.com ကို ပြောခဲ့ပါတယ်။

instagram/kyliejenner

ခိုင်လီက “လူသန်းပေါင်းများစွာရဲ့ မျက်လုံးတွေရှေ့မှာ ရှင်သန်ကြီးပြင်းရတာ မလွယ်ပါဘူး။ ကျွန်မ သူငယ်ချင်းတွေကိုလည်း ဆုံးရှုံးခဲ့ရတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင် ပျောက်ဆုံးနေသလို ဖြစ်ရတယ်။ ပထမဆုံး ကျွန်မထိုးခဲ့တဲ့ တက်တူးကတော့ နေ့ရက်တိုင်းကို အကောင်းဆုံးအသက်ရှင်ပြီး ကျော်ဖြတ်ဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးထားတဲ့ တက်တူးပါ။” လို့ဆိုရင်း အင်စတာဂရမ်ပေါ်မှာ နေထွက်နေတဲ့မျက်နှာမူပြီး ဓာတ်ပုံရိုက်ထားတဲ့ သူမပုံကိုပါ တင်ထားခဲ့ပါသေးတယ်။

 

 

View this post on Instagram

 

I’m proud of myself, my heart, and my strength. growing up in the light with a million eyes on you just isn’t normal. I’ve lost friends along the way and I’ve lost myself too sometimes. my first tattoo was “sanity” to remind myself everyday to keep it. I’ve struggled with anxiety my whole young adult life and after my baby i dealt with all the internal ups and downs. I felt like i had to find myself completely again. I keep a whole lot to myself but just wanted to share and let you know I’m human. my life is not perfect and what you see here on social media is just the surface. be gentle with yourself, move on, and let go. we are all capable of great things, worthy of love, and allowed to express ourselves. do more of what makes you happy and be unapologetic. now is your season ✨ we all have a magnificent destiny.

A post shared by Kylie (@kyliejenner) on

ခိုင်လီက သူမဟာ ဘ၀တစ်လျှောက်လုံး စိုးရိမ်ပူပန်သောကတွေနဲ့ ရုန်းကန်ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ အတက်အကျများစွာကို ရင်ဆိုင်ခဲ့ရကြောင်းလည်း ရင်ဖွင့်ခဲ့ပါတယ်။ အထူးသဖြင့်တော့ သူမသမီးလေး စတော်မီကို မွေးဖွားပြီးနောက်ပိုင်းမှာ သူမရဲ့ စိတ်ခံစားချက်တွေက ပိုဆိုးခဲ့တယ်လို့ ဆိုပါတယ်။ တစ်ခါတစ်လေမှာတော့ သူမကိုယ်သူမ ပျောက်ဆုံးနေပြီး ကိုယ့်ကိုကိုယ်ပြန်ရှာတွေ့ဖို့လိုနေသလိုမျိုး ခံစားနေရကြောင်းလည်း ပြောပြခဲ့ပါတယ်။

READ
မန္တလေးကို ရောက်နေတဲ့ ဖုန်းသီရိကျော်

ဒါ့အပြင် သူမအင်စတာဂရမ်ပေါ်တင်ထားတဲ့ ပို့စ်တွေဟာ အပေါ်ယံအခြေအနေတွေကိုပဲ ဖော်ပြတာဖြစ်ပြီး တကယ်တော့ ဘ၀ဆိုတာ မပြည့်စုံပါဘူးလို့လည်း ဆိုထားပါသေးတယ်။ သူမရဲ့ ပရိသတ်တွေကိုလည်း လူတွေအားလုံးဟာ ကြီးကျယ်တဲ့အရာတွေကို လုပ်နိုင်ကြကြောင်း၊ အချစ်ခံရဖို့ ထိုက်တန်ကြောင်းတွေအပြင် ကိုယ့်စိတ်ခံစားချက်ကို ဖော်ပြဖို့ ဘယ်တော့မှ မကြောက်ရွံ့သင့်ဘူးဆိုတာပါ ပို့စ်ထဲမှာ ရေးသားခဲ့ပါတယ်။

instagram/kyliejenner

ကိုယ့်ကို စိတ်ပျော်ရွှင်စေတဲ့ အရာတွေကို ပိုလုပ်သင့်ပြီး အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ ကိုယ်မှန်တယ်ဆိုရင် တောင်းပန်ဖို့မလိုကြောင်းတွေကိုပါ ခိုင်လီက ရင်ဖွင့်သွားခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ပို့စ်ကို ခိုင်လီရဲ့ ညီအစ်မတွေအားလုံးက ခိုင်လီဟာ ရိုးသားပြီး ပွင့်လင်းသူတစ်ဦးဖြစ်ကြောင်း ချီးကျုးခဲ့တဲ့အပြင် သူမကို အားပေးခဲ့ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE