Stormi လေးနဲ့ အတူ ပျော်နေတဲ့ ပုံလေးတွေကို ဝေမျှလိုက်တဲ့ Kylie Jenner

Image:IG/Kylie

Kylie Jenner ကတော့  အသက်ငယ်ငယ်လေးနဲ့ ဘီလီယံနာဖြစ်နေသူလေးပါ။American media personality , model, businesswoman  တစ်ယောက် အဖြစ်နဲ့ ရပ်တည်နေပြီး သူမရဲ့ အသက်ကတော့ (၂၂)နှစ်ပဲရှိပါသေးတယ်။Kylie Cosmetics ရဲ့ Founder တစ်ယောက်ဖြစ်ပြီး အဲ့ဒီလုပ်ငန်းကပဲ သူမကို ဘီလီယံ နာ တစ်ယောက် ဖြစ်စေတဲ့ အထိ အောင်မြင်စေခဲ့ပါတယ်။Kylie ကတော့ မကြာသေးခင်က သူမရဲ့ IG မှာ ပုံအသစ်တွေ တင်လိုက်ပါတယ်။

Image:IG/Kylie Jenner
Image:IG/Kylie Jenner

တင်လိုက်တဲ့ ပုံလေးတွေက လက်တလောရိုက်ထားတဲ့ ပုံလေးတွေ မဟုတ်ပဲ အရင် တုန်းက ပုံအဟောင်းလေးတွေကို ပြန်ပြီး ဝေမျှ လိုက်တာပါ။သူမရဲ့ သမီးလေး Stormi နဲ့ အတူတူ ရိုက်ထားတဲ့ ပုံလေးတွေပါ။သမီးလေးကို ကြင်ကြင်နာနာ ထွေးပွေ့ ထားတဲ့ Kylie ကတော့ neon bikini ကို ၀တ်ဆင်ထားပြီး သူမရဲ့ ကောက်ကြောင်း လှ လှ ကို ထုတ်ပြထားပါတယ်။ပုံရဲ့ Caption မှာတော့..” လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကျမ နဲ့ ကျမ ကလေးလေး…” ဆိုပြီး ရေးထားပါတယ်။ပုံထဲမှာတော့ Stormi လေးက ချစ်စရာကောင်းတဲ့ ဂျုံရိုးဦးထုပ် လေးကို ဆောင်း ထားပါတယ်။

READ
အလှတရားတွေနဲ့ ညှို့ယူလိုက်ပြန်တဲ့ Demi Rose
Image:IG/Kylie Jenner

(

 

View this post on Instagram

 

about a year ago with my baby 💛 where does the time go..

A post shared by Kylie ✨ (@kyliejenner) on

)

Kylie က တော့ သူမရဲ့ ချစ်သူ၊Stormi လေးရဲ့ ဖေဖေ Travis Scott နဲ့ လမ်းခွဲ ပြတ်စဲ ခဲ့ပြီး နောက်မှာ တော့  လွန်ခဲ့တဲ့ တစ်နှစ်က  throwback ပုံလေးတွေကို ပြန်တင်လိုက်တာပါ။သူတို့နှစ်ယောက်လမ်းခွဲ တဲ့ အကြောင်းက တော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထွက်ပေါ် ခဲ့တာပါ။နှစ်ယောက်လုံးက လမ်းခွဲ ဖို့ ဆုံးဖြတ်ထားခဲ့တာ သီတင်းပတ်အ တော်ကြာနေခဲ့ပါပြီ။

READ
ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ကြော်ငြာဗီဒီယိုလေးတစ်ခု ရိုက်လိုက်တဲ့ ရွှေမှုံရတီ
Image:IG/Kylie
Image:IG/Kylie

Kylie နဲ့ အသက် (၂၈)နှစ်အရွယ် Travis Scott  တို့တော့ (၂၀၁၇) ခုနှစ် တုန်းက Coachella Festi val မှာ စတင်ဆုံဆည်းခဲ့ကြတာပါ။တွေ့ပြီး သိပ်မကြာခင်မှာပဲ Kylie တစ်ယောက် ကိုယ်ဝန်ရသွား ခဲ့တာပါ။အခုဆိုရင်တော့ သူတို့ကြားမှာ အသက် (၂၂) လသားအရွယ် Stormi ဆိုတဲ့ သမီးလေးတစ်ယောက် ပါရှိနေပါပြီ။ အားလုံးက ဒီစုံတွဲ မကြာခင် လက်ထပ်တော့မယ်လို့ ထင်ထားခဲ့ပေမယ့် ထင်သလို ဖြစ်မလာပဲ လမ်းခွဲ ခဲ့ကြတာပါ။

(

 

View this post on Instagram

 

summer lovin’

A post shared by Kylie ✨ (@kyliejenner) on

)

Source:Kylie’s IG & Dailymail

SHARE