ဧရာမ Handbag ဗီရိုကြီးကို ထုတ်ပြ လိုက်တဲ့ Kylie Jenner

Image:IG/kylie jenner

Kylie Jenner  ကတော့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပါ။သူမဟာ အခုဆိုရင်တော့ ကမ္ဘာ့ အသက် အငယ်ဆုံး ဘီလီယံ နာ အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။(၁၉၉၇)ခုနှစ် သြဂုတ် (၁၀) ရက်နေ့မှာ မွေးခဲ့တဲ့ သူမဟာ အသက် (၂၂)နှစ်ပဲ ရှိပါ သေးတယ်။ဘီလီယံ နာ မလေး ကတော့ သူမရဲ့ Handbag ဗီရို ကြီးကို ထုတ်ပြလိုက်ပါတယ်။သူမရဲ့ ဧရာ မ HandBag Collection မှာတော့ တကယ့် နာမည်ကြီး Brand တွေ အများကြီး  ကို တွေ့ ရမှာပါ။limited-edition design တွေကို တစ်စု တစ်ဝေး တည်း တွေ့ ရမှာပါ။

Image:IG/kylie jenner
Image:IG/kylie jenner

ကမ္ဘာ ကျော် Brand တွေ၊အရေ အတွက် အကန့် အသတ် နဲ့ သာ ထုတ်တာမို့ တကယ့် လူနည်းစု ပိုက်ဆံ ချမ်းသာ သူ တွေ သာ ကိုင်နိုင်တဲ့ အိတ်တွေ၊ဒီဇိုင်နာ တွေ ရဲ့ အိတ် ပေါင်းစုံကို Fan တွေ ကို ချပြ ခဲ့ပါတယ်။သူမရဲ့ IG Story မှာ တင်ခဲ့တာပါ။ဗီဒီယိုဖိုင်ကို သူမရဲ့  Youtube Channel မှာလည်း တင်ခဲ့ပါတယ်။IG မှာတော့ လက်ကိုင်အိတ်တွေ ရဲ့ ပုံတွေကို ဓါတ်ပုံ ရိုက်ပြီး တော့လည်း ဝေမျှ ထားပါတယ်။ကမ္ဘာ ကျော် Brand တွေ ဖြစ်တဲ့ Hermès Kelly  နဲ့ Birkin တို့က အိတ် (၂၀) ထက် မနည်း ကို  ဗီရို ထဲမှာ တွေ့ ရမှာပါ။မိ ကျောင်းသားရေ အိတ် တွေကိုလည်း တွေ့ ရမှာပါ။ Birkins ရဲ့ မိ ကျောင်းသားရေ အိတ် က ရဲ့ တန်ဖိုးက တော့ တစ်လုံး ဈေး တောင်မှ ($390,000) လောက် ရှိပါတယ်။

READ
"ဒီလောက်sexyကျရရင်တော်ပီ ဒီထက်ကြမ်းဖို့မရှိပါဘူး" ဆိုတဲ့ ဘေဘီမောင်
Image:IG/kylie jenner
Image:IG/kylie jenner

ဖက်ရှင် ဒီဇိုင်နာ Judith Leiber ရဲ့ Big Fan ဖြစ်ပုံရပါတယ်။ crystal နဲ့ အလှ ဆင်ထားတဲ့ Judith Leiber ရဲ့ အိတ် တွေ ကိုလည်း သူမရဲ့ ဗီရို ထဲမှာ တွေ့ရပါတယ်။ပုံစံ မျိုးစုံ၊ ဒီဇိုင်းမျိုးစုံနဲ့ အိတ် တွေထဲမှာတော့ နှုတ်ခမ်းနီ ပုံစံ အိတ် တစ်လုံး လည်း သူမမှာ ရှိပါတယ်။တခြား ကမ္ဘာကျော် Brand တွေဖြစ်တဲ့  Chanel, Louis Vuitton, Saint Laurent, Gucci, Fendi နဲ့ Balmain အိတ်တွေ ကိုလည်း မမြင် ချင် မှ အဆုံး Kylie ရဲ့ ဗီရိုထဲမှာ  တွေ့ ရမှာပါ။

Image:IG/kylie jenner
Image:IG/kylie jenner

Kylie ကတော့ အိတ် တွေကို သူမ တစ်ယောက် တည်း အတွက် တင် မဟုတ်ပဲ အသက် နှစ်နှစ်အရွယ် သမီးလေး Stormi အတွက် ကိုပါ စု ထားပါတယ်။IG Video မှာတော့ Stormi  ရဲ့ နာမည်နဲ့ Trolls ဇာတ်ကောင်တွေ ပါတဲ့ LV အိတ် တစ်လုံးကို ပါ တွေ့ရမှာပါ။သမီး ဖြစ်သူ အတွက် အထူးဖန်တီး ပေးထားတဲ့ အိတ်ပါ။Stormi  လေးက တစ်ခါ တလေ ကျရင်  ပိုက်ဆံ အိတ် သယ်သွားချင် တယ် လို့ ပြောလာတဲ့ အခါ သူမက  ယူ သုံးဖို့ ခွင့် ပြုရတဲ့ အိတ် လေးကိုလည်း Kylie က ထုတ်ပြခဲ့ပါတယ်။

READ
ကွန်ပြူတာစာရိုက်ပုံ ထူးခြားလို့ နာမည်ကြီးနေတဲ့ တရုတ်မင်းသား

Source:Kylie ‘s IG & Youtube

SHARE