ကျန်းမာရေးဝန်ထမ်းတွေ အတွက် Hand Sanitizers တွေ လှူလိုက်ပြန်တဲ့ Kylie

Image:IG/Thaïs Aliabadi & Kylie

Kylie နဲ့ Kris Jenner  တို့ ကတော့  အမေရိကန် ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကျန်းမာ ရေးဝန် ထမ်းတွေ အတွက် hand sanitizer  တွေကို လိုက်လံ ဝေငှ ပေးခဲ့ပါတယ်။ Kylie ရဲ့  skincare brand Kylie Skin  နဲ့ Coty တို့ ပေါင်းပြီး ထုတ်တာ ပါ။ကျန်းမာရေးဝန် ထမ်း တွေ အ တွက် ထောင်ပေါင်းများစွာ သော hand sanitizer  တွေကို ထုတ်ခဲ့တာပါ။ထုတ်ထားတဲ့ ဘူးရဲ့ ပုံစံ ကိုပါ အွန်လိုင်းပေးမှာ ဝေငှ ပေးခဲ့ပါတယ်။

Image:IG/Kylie

ဘူးရဲ့  ရှေ့မှာတော့ Fighting COVID 19 ဆိုပြီး ရေးထားပါတယ်။f Kylie ရဲ့ ဒေါက်တာ  Dr. Thaïs Aliabadi,  က ပြောရာမှာတော့  Kylie Skin  ကနေ ဆေးရုံတွေ ကို ဘူး(၆၀၀၀) လောက် ဝေငှ ထား တယ်လို့ ဆိုပါတယ်။ မကြာခင် မှာလည်း လော့အိန်ဂျလိစ် အနီးတစ်ဝိုက်မှာရှိတဲ့ ဆေးရုံ၊ဆေးခန်းတွေကိုပါ လိုက်လံ ဝေငှ မယ်လို့ ဆိုပါ တယ်။Kylie ရဲ့ အခုလို ရက်ရောတဲ့ အလှူ အတွက် လည်း ထပ်ပြီး ကျေးဇူးတင်ချင်ပါတယ် ဆိုပြီး ဒေါက်တာ Aliabadi  က ပြောခဲ့ပါတယ်။

READ
ဘာဘီအရုပ်မလေးလို ချစ်စရာကောင်းနေတဲ့ စိုးပြည့်သဇင်
Image:IG/Thaïs Aliabadi

Coty နဲ့ပါတနာ လုပ်ပြီး ထုတ်ထားတဲ့ အဲ့ဒီဘူးတွေ မှာတော့ ‘Alcohol Antiseptic 80%’. ပါဝင်တယ်လို့ လည်း ပြော ခဲ့ပါတယ်။Kylie ကလည်း ဘူးတွေ ကို သယ်နေတဲ့ ပုံေ တွေကို သူမရဲ့ IG မှာ တင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ လတည်းက Kylie Cosmetics brand  ကနေ ကယ်လီဖိုးနီယား ပြည်နယ်တစ်ဝန်းမှာရှိတဲ့ ဆေးရုံ တွေ အတွက် hand sanitizers  ထုတ်မယ်လို့ ကြေညာထားခဲ့တာပါ။hand sanitizer တွေ ကိုတော့ Coty ဘက်က စက် ရုံ တွေ မှာ ထုတ်မှာဖြစ်တာကြောင့် Kylie Skin Product တွေကို ထုတ်တဲ့ ထုတ်လုပ်ရေး ကို မထိ ခိုက် စေ ဘူး လို့ လည်း ကြေညာခဲ့ပါတယ်။Kylie က တော့ hand sanitizers   တွေကို ထုတ်လှူ ပေးတဲ့ အပြင် အမေရိကန် ဒေါ်လာ တစ်သန်းလည်း လှူဒါန်းပေးခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Kylie (@kyliejenner) on

Source:Dailymail

SHARE