ဘယ်တုန်းကမှ မျက်နှာခွဲစိတ်ပြုပြင်မှု မပြုလုပ်ခဲ့ပါဘူးလို့ ငြင်းခဲ့တဲ့ Kylie

အမေရိကန် တီဗီရှိုးစတားနဲ့ businesswoman တစ်ယောက်ဖြစ်တဲ့ Kylie Jenner ဟာ အခုဆို သူမရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်လို့ ဝေဖန်ချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။ နယူးယောက်အခြေစိုက် ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Paper မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာပါ။

Paper

၂၁ နှစ်အရွယ် Kylie ဟာ သူမ အောင်မြင်လာတဲ့ သက်တမ်းတစ်လျှောက် ငယ်ဘဝနဲ့ လုံးဝမတူတော့တဲ့ သူမရဲ့ မျက်နှာ သွင်ပြင်နဲ့ ပတ်သက်လို့ ကောလဟာလ များစွာ ဖြေရှင်းလာခဲ့ရပါတယ်။ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ အများကြီး လုပ်ထားတယ်၊ မျက်ခုံးပြုပြင်ထားတယ်၊ ရင်သားနဲ့ တင်ပါးကို အစားထိုးခွဲစိတ်ထားတယ်၊ မေးရိုးကိုလည်း ပြန်ပြင်ပြီး ပါးကိုပါ ပုံစံပြောင်း ခွဲစိတ်ထားတယ် စသဖြင့် အစုံပါပဲ။

Paper

ဒီကောလဟာလတွေနဲ့ ပတ်သက်လို့ Kylie က Paper နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြန်ဖြေရှင်းခဲ့ပါတယ်။

“လူတွေက ကျွန်မမျက်နှာကို ခွဲစိတ်ထားပြီး လုံးဝပြုပြင်ထားတယ်လို့ ထင်နေကြပါတယ်။ ဒါဟာ လုံးဝမှားပါတယ်။ ကျွန်မ ကြောက်လွန်းလို့ မျက်နှာကို ဓားသွားအောက် အရောက်ခံတာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ အထင်လွဲနေကြသူတွေဟာ ဆံပင်ပုံစံ၊ မိတ်ကပ်နဲ့ filler တွေက လူ့မျက်နှာကို ဘယ်လောက် ပြောင်းလဲသွားစေနိုင်တယ်ဆိုတာကို နားမလည်ကြလို့သာ အခုလို ပြောနေကြတာပါ။”

READ
Robert Pattinson ရဲ့ The Batman ရုပ်ရှင် trailer ထွက်လာခဲ့ပြီ .....
FilmMagic

ပရိသတ်တစ်ယောက်က သူမလို မိတ်ကပ်လိမ်းနည်းမျိုး သုံးပြီး သူမနဲ့ တူအောင် ပြင်နိုင်မလားလို့ မေးခဲ့စဉ်တုန်းကလည်း Kylie က ရယ်မောကာ အဲ့လိုမဖြစ်နိုင်ကြောင်း၊ သူမက filler ထိုးထားတာသာ ဖြစ်ကြောင်း ပြန်ဖြေခဲ့ဖူးပါတယ်။

၂၀၀၇ ခုနှစ်က စထုတ်လွှင့်ခဲ့တဲ့ Keeping Up with the Kardashians တီဗီရှိုးမှာ Kylie တစ်ယောက် စပါဝင်ခဲ့စဉ်တုန်းက သူမအသက် ၁၀ နှစ်သာ ရှိခဲ့ပါသေးတယ်။ ပရိသတ်မျက်စိအောက်မှာတင် ကြီးပြင်းလာခဲ့တဲ့ Kylie ရဲ့ ပြောင်းလဲသွားပုံကို မြင်ခဲ့ရသူတွေကတော့ သူမကို ခွဲစိတ်လိုက်တယ်လို့ စအထင်မှားလာခဲ့ကြပါတယ်။ ၂၀၁၅ မှာတော့ သူမက မျက်နှာကို filler ထိုးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

Paper

အခုဆိုရင်တော့ Kylie ဟာ Stormi ဆိုတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး ငယ်ရွယ်တဲ့ မိခင်ဖြစ်ဖို့ သူမရဲ့ ဆန္ဒတွေ ပြည့်နေကြောင်း ဆက်ပြောခဲ့ပါတယ်။

READ
ဘာလို့အခုအချိန်ထိSingleဖြစ်နေသေးလဲဆိုတာကို နားမလည်နိုင်တဲ့Meghan Trainor
Paper

Ref: Dailymail, Unilad, Paper Magazine

SHARE