သမီးဖြစ်သူ အတွက် ခမ်းနားဆန်းပြားတဲ့ မွေးနေ့ပွဲ ကျင်းပ ပေးခဲ့တဲ့ Kylie Jenner

Image:IG/Kylie Jenner

Kylie Jenner ကတော့ သူမရဲ့ သမီးလေး Stormi Webster ရဲ့ အသက် နှစ်နှစ်ပြည့် မွေးနေ့ပွဲကို ခမ်းခမ်းနားနား ကျင်းပ ပေးခဲ့ပါတယ်။မွေးနေ့ ပွဲကိုတော့  “StormiWorld 2.” ဆိုပြီး နာမည် ပေးခဲ့ပါတယ်။ပြီးခဲ့တဲ့ စနေ နေ့ မှာတော့ ဒီပွဲကို ကျင်းပ ပေးခဲ့တာဖြစ်ပြီး သူမရဲ့ IG Story မှာတော့ ပွဲက ပုံတွေ ကို ဝေမျှ ပေးခဲ့ပါတယ်။မွေး နေ့ပွဲ  ကိုတော့ တခြား  ကလေး မွေးနေ့ပွဲ တွေနဲ့ မတူပဲ ထူးထူး ခြားခြား ကျင်းပ  ပြုလုပ် ပေးခဲ့တာပါ။

Image:IG/Kylie Jenner

 

View this post on Instagram

 

Kendall and Hailey! Kendall is the rich aunt who has no kids and travels the world😂

A post shared by Kylie Jenner News (@kyliesnapchat) on

မွေး နေ့ပွဲကိုတော့ Kris Jenner, Travis Scott ၊Kendall Jenner, Kim Kardashian West,  Khloe Kardashian တို့လည်း တက်ရောက်ခဲ့ပါတယ်။ပါတီ ရဲ့ အ၀င် ၀ မှာတော့ Stormi ရဲ့ ခေါင်း ပုံ ကြီး ကို  တွေ့ ရမှာပါ။အထဲက စားပွဲပေါ်မှာမှာတော့ လာတဲ့ ပရိသတ်တွေ အတွက် သွားလာရတာ လွယ် အောင် နဲ့ ပါတီ ပွဲ ရဲ့ ဘယ်နေရမှာ ဘာရှိတယ်ဆိုတာကို သိအောင် လမ်းညွှန် စာအုပ်တွေ ထားပေး ထားပါတယ်။

READ
ပြီးခဲ့တဲ့ မေလက Instagram မှာ Followers အများဆုံးရခဲ့တဲ့ ထိုင်းဆယ်လီများ
Image:IG/Kylie Jenner
Image:IG/Kylie Jenner

“Frozen” ဇာတ်ကား ထဲက အ ငွေ့ အသက်တွေ ပြည့်နေတဲ့ အခန်းမှာတော့  Disney ကားထဲက သီချင်းတွေကို ဖွင့် ထားသလို Elsa လို ၀တ်ဆင်ထားတဲ့ အမျိုးသမီး တစ်ယောက်နဲ့ Frozen ထဲက ဇာတ်ကောင် Olaf ရဲ့  ရေခဲ ရုပ်ထုကို  တွေ့နိုင်ပါတယ်။ အခန်းထဲက အရာတွေ အိမ်လေးနဲ့  ပရိဘောဂ တွေကိုပါ ရေခဲ နဲ့ လုပ်ထားတာကို တွေ့ ရမှာပါ။”Trolls” ကာတွန်းကားရဲ့ အငွေ့ အသက်တွေ လွှမ်းခြုံ နေတဲ့ အခန်းထဲမှာဆိုရင်လည်း ဇာတ်ကားထဲက ဇာတ်ကောင် တွေ အတိုင်း ၀တ်စားထားတဲ့ Dancer တွေကို  တွေ့ ရမှာပါ။

Image:IG/Kylie Jenner

 

View this post on Instagram

 

favorite day of the year ⛈

A post shared by Kylie ✨ (@kyliejenner) on

အကြီးဆုံး အခန်းကြီးထဲမှာတော့ Stormi ကို ကိုယ်စားပြုထားတဲ့  Slide အကြီးကြီးကို တွေ့ ရမှာပါ။Stormi ရဲ့ ခေါင်းပုံစံ  ခေါင်း စွပ် အကြီးကြီးတွေကို ၀တ်ထားတဲ့ Dancer တွေ ကိုလည်း ခန်းမထဲမှာ တေ့ ရမှာပါ။”Crazy Dumbos,”  ဆိုတဲ့ အခန်းတစ်ခုလည်းည ပါပြီး ဧည့်သည်တွေ အ နေနဲ့ Disney ထဲက လို Dumbo ကို စီးနိုင်ပါတယ်။

READ
ရေဆော့နေတဲ့ ပုံတွေ တင်လိုက်တဲ့ ပိုပို
Image:IG/Kylie Jenner
Image:IG/Kylie Jenner

Stormi Webster ရဲ့ မွေးနေ့ ပွဲကို တခြား နာမည်ကြီးဆယ်လီ တွေ အများကြီးလည်း တက်ရောက်ခဲ့ပါတယ်။Hailey Bieber ၊ Rosalía, Chrissy Teigen, John Legend. တို့ လည်း တက်ရောက်ခဲ့ ကြပါတယ်။တက် ရောက်လာတဲ့ လူကြီးတွေ အတွက်လည်း စိတ် အပန်း ဖြေ နိုင်ဖို့ အရုပ်ကောက်တဲ့ စက် ၊အ ပျော် တမ်းဓါတ်ပုံ ရိုက်တဲ့ နေရာ၊အပျော်တမ်း ဆေးဆိုးတဲ့ နေရာ တို့ကိုလည်း ထည့်သွင်း ပေးထားပါတယ်။ဒါ့အပြင် Stormi World  ရောင်း ကုန် ဧရိယာ ကိုလည်း သွားရောက်လည် ပတ်နိုင်ပါတယ်။တက်ရောက်လာသူတွေ က “Happy Birthday” ဆိုတဲ့ သီချင်းကို သံပြိုင်သီဆိုပြီး Stormi World Cake ကို ခွဲခဲ့ ကြပါတယ်။

 

View this post on Instagram

 

Stormi has the coolest parents!

A post shared by Kylie Jenner News (@kyliesnapchat) on

Source:insider/Kylie’s IG

SHARE