Kylie Jenner ကတော့ သူမရဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်ကြောင့်တင်ကိုမဟုတ်ဘဲ သူမရဲ့ ဝတ်ပုံစားပုံဖက်ရှင်တွေ၊ နေထိုင်မှုပုံစံတွေကြောင့် လူငယ်တွေကြားထဲမှာ အရမ်းကို ရေပန်းစားကျော်ကြားနေခဲ့ပါတယ်။ Kylie ဘာလုပ်လုပ် ပေါက်သွားတယ်ဆိုတာချည်းပဲဖြစ်လောက်အောင်ကို လူတွေအပေါ်မှာ လွှမ်းမိုးမှုရှိနေခဲ့တာပါ။
View this post on Instagram
အခုလည်း Kylie အကြောင်း လူမှုကွန်ယက်တွေပေါ်မှာ ကယက်ထနေပြန်ပါပြီ။ Kylie ရဲ့ Snapchat မှာတင်ခဲ့တဲ့ ဗီဒီယိုလေးတစ်ခုကြောင့် လူတွေဟာ Kylie ကို ဝေဖန်နေခဲ့ကြတာဖြစ်ပါတယ်။ ဘာဗီဒီယိုလဲဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။
View this post on Instagram
ဟုတ်ပါတယ်။ ရေချိုးခန်းဗီဒီယိုလေးပါ။ ရေချိုးခန်းပေမယ့်လို့ ဒီရေချိုးခန်းဟာ Kylie အိမ်မှာရှိနေတဲ့ ရေချိုးခန်းမဟုတ်ဘဲနဲ့ သူမရဲ့ အလုပ်မှာ ထားထားတဲ့ ရေချိုးခန်းပါတဲ့လေ။ Kylie ရဲ့ပရိတ်သတ်ျွှေဆိုရင်တော့ Kylie ရဲ့ အလုပ်ခန်းဟာ ပန်းရောင်တွေနဲ့ ပြည့်နှက်နေတာကို သတိထားမိကြမှာပါ။ အခုလည်း Kylie ရဲ့ အလုပ်ကရေချိုးခန်းလေးဟာ ပန်းရောင် marble ဒီဇိုင်းနဲ့ သိပ်ကို luxury ဆန်နေခဲ့ပါတယ်။
Kylie က ရေချိုးခန်းကိုကြွားတာဖြစ်ပေမယ့်လို့ ပရိသတ်သတ်တွေကတော့ ရေချိုးခန်းဒီဇိုင်းထက် ရေပန်းကထွက်လာတဲ့ ရေအားကို အာရုံရောက်နေခဲ့ကြပါတယ်။ ဗီဒီယိုမှာလည်း မြင်မှာပါ။ လူတွေဝေဖန်ရလောက်အောင် ရေပန်းအားလေးက နည်းနည်းလေးရှိနေခဲ့ပါတယ်။
View this post on Instagram
ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး Kylie တစ်ယောက်ကတော့ သူမရဲ့ Instagram မှာ ထပ်ပြီးတော့ ချေပတဲ့ဗီဒီယိုတွေ ပြန်တင်လာခဲ့ပါတယ်။ အဲဒါကတော့ အိမ်က ရေချိုးခန်းကို ဗီဒီယိုရှယ်ရိုက်ပြခဲ့ပြီးတော့ ရေပူ၊ ရေအေးစနစ်နဲ့ ရေခလုတ်တွေအကုန်လုံးကအစ ခေတ်မှီတဲ့ digital စက်ပစ္စည်းတွေနဲ့ သုံးထားပါတယ်ဆိုပြီး ပါးပါးလေး ပြန်ကြွယ်ပြရင်းနဲ့ အိမ်ကရေချိုးခန်းရဲ့ ရေပန်းအားကိုလည်း ပြသခဲ့ပါတယ်။ ဝေဖန်သူတွေကိုလည်း သူမရဲ့ အိမ်က ရေချိုးခန်းက ပိုဈေးကြီးပြီး၊ ပိုကောင်းတဲ့အကြောင်း အရွဲ့တိုက်ပြီး ပြောခဲ့ပါတယ်။
Kylie Jenner really said you wanna see a real rich and fancy shower and water pressure?? there you go. pic.twitter.com/H7zQSHZ70i
— vivi (@kyzztin) January 20, 2021
penny