Stormi ရဲ့ အဖေရင်းဆိုပြီး စွပ်စွဲခံနေရတဲ့ အပေါ် သက်တော်စောင့် တုံ့ပြန်

နာမည်ကြီးမော်ဒယ်၊ စွန့်ဦးတီထွင်သူ၊ American television personality   ဖြစ်တဲ့Kylie Jenner ရဲ့ ရင်သွေး လေး Stormi ရဲ့ အဖေရင်း ကိစ္စဟာ လက်တလောမှာတော့ အွန်လိုင်းပေါ်မှာ အတော်လေး လူပြောများနေတဲ့ အကြောင်း အရာတစ်ခု ဖြစ်နေပါတယ်။ကိုယ်ဝန်နဲ့ပတ်သက်ပြီး အချိန်အတော်ကြာတဲ့ အထိ လျှို့ဝှက်ချက်တစ်ခု အဖြစ် ထားခဲ့တဲ့ သူမဟာ (၂၀၁၈) ဖေဖော်ဝါရီ (၁) ရက်နေ့ မှာေ တာ့  သမီးလေး မွေးဖွားတဲ့ အကြောင်းကို အသိပေးခဲ့ ပါတယ်။Stormi လို့ အမည်ပေး ထားတဲ့ သမီးလေးရဲ့  ဖေဖေ ဟာ Travis Scott လို့ အားလုံးက သိထား ပြီး ဖြစ်ေ ပမယ့် မကြာသေးခင်ကမှ ကလေးရဲ့ အဖေရင်းဟာ Kylie ရဲ့ သက်တော်စောင့်ပါဆိုပြီး စွပ်စွဲပြောဆိုမှုတွေ အွန်လို င်းပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

သက်တော်စောင့်ရဲ့ နာမည်ကတော့ Tim Chung ပါ။အခုဆိုရင်တော့ အဖေရင်း ကိစ္စဟာ အတော် လေး ကို လူပြော များနေတဲ့ အတွက် အရင်ကဒီကိစ္စနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့တဲ့ Tim Chung က ပြန်တုံ့ပြန်လိုက်ပါပြီ။အွန်လိုင်း ပေါ်မှာ Stormi Webster နဲ့ Tim Chung  ရဲ့ ပုံတွေကို နှိုင်းယှဉ်ပြီး ကိုယ်ထင်ရာ လိုသလို ကောက်ချက် ချ ပြော နေတဲ့ fan တွေရဲ့ ပြောဆိုနေကြတာပါ။ Kylie  တစ်ယောက် (၂၀၁၆) မေ တုန်းက Tyga  နဲ့ လမ်းခွဲပြီးမှ Stormi  ရဲ့ ဖေဖေ Travis Scott အသက် (၂၆)နှစ် နဲ့ တွဲခဲ့တာပါ။fan တွေကတော့ ကလေးဟာ Tim Chung  နဲ့ အရမ်း တူတယ်ဆိုပြီး ကလေးအဖေရင်းက သက်တော်စောင့်ဆိုပြီး တစ်ထစ်ချ စွပ်စွဲ နေတာပါ။

READ
အိမ်ထောင်ပြုချင်ပါပြီလို့ ပွင့်ပွင့်လင်းဝန်ခံလိုက်တဲ့ Priyanka Chopra

တဖြည်းဖြည်း ပိုပိုဆိုးလာတဲ့ စွပ်စွဲမှုတွေကြောင့် Tim Chung ကသူ့ရဲ့ IG က ပုံတစ်ပုံရဲ့ Caption နေရာမှာ ” “အေးဆေးပေါ့ ” ဆိုပြီး တင်ထားပါတယ်။တစ်လုံးတည်းသော Message စကားက ထူးဆန်းနေပါတယ် ။ဒါဟာ ကောလာဟလ တွေကို တိုက်ရိုက်တုံ့ပြန်တာလို့တော့ တစ်ထစ်ချ ပြောလို့မရပေမယ့် သူ့ပုံစံကို ကြည့်ရတာ ကတော့ အေးဆေးပဲ လို့ ပြော ချင်နေပုံရပါတယ်။

သူပြောတဲ့ “အေးဆေးပေါ့” ဆိုတဲ့ စကားကလည်း မှန်လို့ အေးဆေး တာလား ၊မမှန်လို့ ဂရုမစိုက်ဘူး အေးဆေးတာလား ဆိုပြီး အဓိပ္ပါယ်နှစ်ခု ထွက်နေပါတယ်။သူ့ရဲ့ Post ကိုတော့ မေ (၅)ရက်နေ့က တင်ခဲ့တာဖြစ်ပြီး မေ (၇)ရ က်ေ န့အထိ  (118,103 likes )အထိရှိခဲ့ ပါတယ်။Post အောက်မှာ လည်း Stormi နဲ့ပတ်သက်ပြီး မေးခွန်း ထုတ် Comment တွေ ၀င်ရေး ထားတာကို တွေ့ရပါတယ်။

READ
အမိုက်စားတော်ကီတွေနဲ့ နန်းဆု ကြွေအောင် လုပ်နေသူ ဘယ်သူဆိုတာ အားလုံး သိချင်နေကြ

Source unilad

SHARE