Cosmetics Collection သစ်အတွက် Promote လုပ်နေတဲ့ Kylie

Image:IG/Kylie

အသက် ၂၃ နှစ်အရွယ် Kylie Jenner က တော့ ပြီးခဲ့တဲ့ ဧပြီ လ တုန်းက အိမ်သစ် တစ်လုံး ၀ယ်ခဲ့ ပါတယ်။သူမရဲ့ အိမ် အသစ်ကြီးက တော့ အမေရိကန် ဒေါ်လာ (၃၆.၅)သန်း တန် ကြေး ရှိပါတယ်။Kylie က တော့ ဒီ ရက်ပိုင်းမှာ သူမရဲ့ အိမ်သစ်ကြီးထဲမှာ ရိုက်ကူးထားတဲ့ အမိုက်စား ပုံတွေ ကို ဆက်တိုက်ဆိုသလို ဝေမျှ ပေးခဲ့ပါတယ် ။နောက်ဆုံး တင်ထားတဲ့ ပုံက တော့ ရေကူးကန် နားမှာ ရိုက်ထားတဲ့ ပုံပါ။ဒီအ ကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

A post shared by Kylie (@kyliejenner)

အိမ်က တော့ အမေရိကန် လော့အိန်ဂျလိစ် Holmby Hills မှာ ရှိပါတယ်။ရေကူးကန် နားမှာတော့ ထုံးစံ အတိုင်း သူမရဲ့ ကောက်ကြောင်း အမိုက်စားကို ပေါ် လွင် အောင် Pose ပေး ပြီး ဓါတ်ပုံ ရိုက်ကူး ခဲ့ပါတယ်။နိုဝင်ဘာ ၁၈ မှာ တင်လိုက်တဲ့ အဲ့ဒီပုံကိုတော့ တင်ပြီး တစ်နာရီ အတွင်းမှာပဲ like (3.3)သန်း ကျော် တောင် ရတဲ့ အထိ အားပေးကြမ်းခဲ့ပါတယ်။Kylie ပုံ အမိုက်စား ကို တင်ရတဲ့ အဓိက အ ကြောင်းအရင်းက တော့ မကြာခင် အသစ် ထွက်မယ့် Kylie Cosmetics collection အတွက် ပါ။သူမရဲ့ Collection သစ် မနက်ဖန် ထွက်လာ တော့ မယ်လို့ ပုံရဲ့ Caption မှာ ရေး ထားပါတယ်။

 

View this post on Instagram

 

A post shared by Kylie (@kyliejenner)

အမိုက်စားပုံရဲ့ အောက်မှာတော့ Stassie Karanikolaou နဲ့ James Charles တို့ကပါ အရမ်း hot အရမ်း လန်း တယ်ဆိုပြီး Comment ၀င်ရေး ထားသလို Khloé Kardashian ကပါ ‘Merry Christmas to us,’ ဆိုပြီး ၀င်ရေး ထား ပါတယ်။ပုံထဲမှာတော့ Kylie ရဲ့ Kylie Skin က sunscreen ပုလင်း ပါ ပါတယ်။

 

View this post on Instagram

 

A post shared by Kylie (@kyliejenner)

Kylie က တော့ ရေကူးကန် နားက ပုံကို မတင်ခင်မှာ သူမရဲ့ Product သစ် အတွက် ကြော်ငြာ Post တင် ခဲ့ပါသေးတယ်။ Grinch X Kylie collection မနက်ဖန် ညနေ ၃ နာရီ မှာ KylieCosmetics.com မှာ ထွက်ရှိမယ်. ဆိုပြီး post တင်ခဲ့ပါသေးတယ်။ Kylie က တော့ ဒီသီတင်းပတ် အစော ပိုင်း တုန်းက လည်း ခါးအမြင့် high-waisted jeans နဲ့ Crop Top ကို ၀တ်ပြီး ပုံတင် ခဲ့ပါတယ်။ပုံထဲမှာတော့ သူမရဲ့ ဒေါ်လာ ၃ သန်း တန် Bugatti Chiron ကားကြီး လည်း ပါ ပါတယ်။

 

View this post on Instagram

 

A post shared by Kylie (@kyliejenner)

Kylie ရဲ့ ငါးကြိမ်မြောက် 5th fifth holiday Kylie Cosmetics collection ကို ဒီကေ န့ နိုဝင်ဘာ ၁၉  နေ့ မှာ  ထွက်ရှိမှာပါ။ collection သစ် အတွက် လည်းတောက်လျောက် ဆိုသလို Promote လုပ် နေပါတယ်။ Kylie Cosmetics ရဲ့ Founder ဖြစ်တဲ့ သူမက တော့ ချစ်သူ Travis Scott နဲ့ ၂၀၁၉ အောက်တို ဘာ တုန်းက လမ်းခွဲခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Kylie (@kyliejenner)


Travis Scott နဲ့ ရတဲ့ သမီးလေးStormi ကို စောင့်ရှောက်ရင်း တစ်ဖက်မှာလည်း Cosmetics collection သစ် တွေ ထုတ်ဖို့ ကြိုးစား နေသလို Keeping Up with the Kardashians နောက်ဆုံး Season အတွက်လည်း ကြိုးစားရိုက်ကူး ပေးနေပါတယ်။ Keeping Up with the Kardashians နောက်ဆုံး Final Season ကိုတော့ ၂၀၂၁ နှစ်စ ပိုင်းလောက်မှာ ပြသ မှာပါ။

 

View this post on Instagram

 

A post shared by Kylie Cosmetics (@kyliecosmetics)

#SHWEMOM

SHARE