Halloween Season မှာ အလန်းဆုံး ဖက်ရှင်တွေနဲ့ ဖမ်းစားလိုက်တဲ့ Kylie

Image:IG/Kylie

Kylie Jenner ကတော့ အသက် (၂၂)နှစ်ပဲရှိပါသေးတယ်။ American media personality, model, busin esswoman တစ်ယောက် အဖြစ် ရပ်တည်နေပြီး သူမရဲ့ Kylie Cosmetics က အရမ်းအောင်မြင် ပြီး ဘီလီယံနာ ဖြစ်လာခဲ့တာပါ။လက်မထပ်ရသေးပေမယ့် Travis Scott  နဲ့တွဲပြီး သမီးလေးတစ်ယောက် ရခဲ့ပါတယ်။  အသက်လည်း ငယ်ပြီး ချမ်းသာအောင်မြင်နေသူပါ။Kylie Jenner ကတော့ Halloween ကိုအမိုက်စား ၀တ်စုံလေးတွေ နဲ့ ဖြတ်သန်းခဲ့ပါတယ်။ပုံလေးတွေကိုတော့ သူမရဲ့ IG မှာ ဝေမျှ ပေးထားတာပါ။ Halloween Season မှာတော့ ပုံစံ မျိုးစုံ ဖက်ရှင်မျိုးစုံ ပြောင်းပြီး ပရိသတ်ကို ဖမ်းစားခဲ့ပါတယ်။အရင်ဆုံး ပြောင်းခဲ့တာကတော့ Playboy Bunny  ပါ။”stas said I’m having a playboy party.. pull up 🐰…” ဆိုတဲ့ Caption နဲ့ အတူ သူမရဲ့ အမိုက်စား ပုံလေးတွေကို ဝေမျှ ခဲ့ပါတယ်။

 

View this post on Instagram

 

stas said I’m having a playboy party.. pull up 🐰🖤

A post shared by Kylie ✨ (@kyliejenner) on

Image:IG/Kylie

အဲ့ဒီနောက်မှာတော့ ရေသူမ၀တ်စုံနဲ့ ပုံလေးတွေကို တင်ခဲ့ပါတယ်။”Ariel grew up.. ♥️ ..” ဆိုပြီး နှုတ်ခမ်းနီ ရင့်ရင့်၊မိတ်ကပ်များများချယ်သထားပြီး ရေသူမ ၀တ်စုံလေးကို ၀တ်ပြခဲ့တာပါ။ရေသူမ၀တ်စုံ Post ရဲ့ အောက်မှာတော့ ပရိသတ် တွေ တင်မကပဲ သူတို့ ဆယ်လီအချင်းချင်းကပါ ၀င်ပြီးချီးကျူးပြောဆိုခဲ့ကြပါတယ်။Hailey ကဆိုရင် (31) ရက်နေ့ တောင် မရောက်သေးဘူး။အသက်ရှုခွင့်လေးပေးပါအုံး..” ဆိုပြီး Comment ရေး ခဲ့ပါတယ်။သူတို့ ညီအစ်မ အချင်းချင်းလည်း Comment ၀င်ရေးပြီး Kylie ကို ချီးကျူးခဲ့ကြပါတယ်။

READ
ဒိတ်ဒိတ်ကြဲ သူဌေးတွေနဲ့ လက်ထပ်ခဲ့တဲ့ ကိုရီးယားမင်းသမီးများ
Image:IG/Kylie

 

View this post on Instagram

 

Ariel grew up.. ♥️

A post shared by Kylie ✨ (@kyliejenner) on

နောက်ထပ်ပုံကတော့ Marilyn Monroe ဆိုတဲ့ မင်းသမီးကြီးရဲ့ ပုံအတိုင်းတုပ ရိုက်ကူးခဲ့တဲ့ပုံပါ။Marilyn Monr လoe ရဲ့ (၁၉၅၃)ခုနှစ်တုန်းက ရုပ်ရှင် Gentleman Prefer Blondes  ထဲက ပုံအတိုင်း ရိုက်ထားတာပါ။အဲ့ဒီပုံတွေကတော့ V မဂ္ဂဇင်းအတွက် ရိုက်ကူးပေးခဲ့တာပါ။လုံးဝ Monroe ရဲ့ ဖက်ရှင် ၊ပုံစံ အတိုင်း ရိုက်ပြထားတာကို တွေ့ ရမှာပါ။

Image:IG/Kylie
Image:IG/Kylie

သူမရဲ့ Halloween Season နောက်ထပ် ဖက်ရှင်ကတော့  စူပါဟီးရိုးဖက်ရှင်ပါ။သမီး Stormi နဲ့ အတူ စူပါဟီးရိုး လို ၀တ်ဆင်ပြီး သူမရဲ့ Halloween ပါတီကို ဆင်နွှဲခဲ့တာပါ။Kylie ကသူမရဲ့ နေအိမ်ကို Halloween ပါတီ အဖြစ်နဲ့ ပြောင်းလဲ ပစ်ခဲ့တာပါ။အိမ်ရဲ့ အတွင်းအပြင်ဒီဇိုင်းတွေကိုပါ လုံးဝ ပြောင်းလဲ ပစ်ခဲ့တာပါ။IG Story မှာတော့ ” ဒါတွေ အားလုံးက Stormi လေးအတွက်ပဲ ..” “ကျမရဲ့ အိမ်ကို ရွှေဖရုံသီးပုံစံပြောင်းလဲလိုက်ပြီ..” ဆိုပြီး တင်ထားခဲ့ပါတယ်။နောက်ထပ် တင်ထားတဲ့ IG Story မှာတော့ ခရမ်းရောင်ဖက်ရှင်နဲ့ အရမ်းလန်းနေတဲ့ သူမရဲ့ ပုံလေးတွေကို ဝေမျှ ခဲ့ပါတယ်။

READ
MANDALAY SHOW မှာ တွဲဖက်ဖျော်ဖြေဖို့ လူခေါ်နေတဲ့ စိုင်းစိုင်း
Image:IG/Kylie
Image:IG/Kylie

Source:Kylie’s IG & Daily Mail

SHARE