ဘီလီယံနာမလေး Kylie ရဲ့ အသက်ရှု ရပ်သွားလောက်စေတဲ့ ပွဲတက်အလှ

Met Gala ပွဲကိုတော့ မေလ (၆)ရက်နေ့က နယူးယော့ခ်က The Metropolitan Museum of Art မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ဒီနှစ်ရဲ့ Theme ကတော့ Camp: Notes on Fashion ပါ။ဒီပွဲကို တက်လာတဲ့ Kylie Jenner ရဲ့ အမိုက်စား ပွဲတက်ဖက်ရှင်တွေကို ဝေမျှပေးချင်ပါတယ်။ဘီလီယံနာမလေး Kylie ကတော့ ဒီပွဲမှာ တော်တော် လေး ကို ငွေသုံးထားပါတယ်။Met Gala နဲ့ after party ကို တက်ရောက်ခဲ့တဲ့ သူမရဲ့ ဖက်ရှင်မှာ လက်ဝတ်ရတနာတစ် ခုတည်းနဲ့တင်ပဲ အမေရိကန် ဒေါ်လာ (၈.၆)သန်းလောက် ရှိပါတယ်။

Kylie Jenner IG
Kylie Jenner IG
Kylie Jenner IG

သူမရွေးချယ်ခဲ့တဲ့ ဖက်ရှင်ကတော့ ရေသူမ ပုံစံ ၀တ်စုံပါ။ပထမ၀တ်စုံကတော့ ခရမ်းနုရောင် ၀တ်စုံဖြစ်ပြီး ဘေးမှာ တော့ ငှက်မွေးတွေနဲ့ အလှဆင်ထားပါတယ်။အဲ့ဒီမှာတော့ သူမဟာ အမေရိကန်ဒေါ်လာ (၄.၉)သန်း တန် ဖိုးရှိတဲ့ Lorraine Schwartz  လက်ဝတ်ရတနာတွေကို ၀တ်ဆင်ခဲ့ပါတယ်။သူမဆင်မြန်းခဲ့တဲ့ စိန်နားကပ် ၊ခရမ်းရောင် နီလာ တို့ဟာ ကာရက်နဲ့ဆိုရင် (၇၀) ကာရက်ကျော်တယ်လို့ Forbes က ပြောပါတယ်။ခရမ်းရောင်နဲ့ စိန်လက်စွပ်၊ပန်းနု ရောင် လက်စွပ်တို့ကို ၀တ်ဆင်ခဲ့ပါတယ်။

READ
ပရိသတ်တွေ စိုးရိမ်ရလောက်အောင် ပိန်လွန်းကြတဲ့ အမျိုးသမီးအိုင်ဒေါများ
Kylie Jenner IG
Kylie Jenner IG

 Met Gala after party မှာတော့ အပြာရောင် ရေသူမ၀တ်စုံကို ၀တ်ဆင်ခဲ့ပါတယ်။အဲ့ဒီမှာလည်း ဈေးကြီးတဲ့ လက်ဝတ် ရတနာတွေကို ဆင်မြန်းခဲ့ပါတယ်။သူမ၀တ်တဲ့ အထဲမှာ အရမ်းကို ရှားပါးတဲ့ Paraiaba Tourmaline  နားဆွဲ ၊ကာရက်နဲ့ ဆိုရင် (၁၅)ကာရက်ရှိတဲ့ သစ်တော်သီးပုံစံ စိန်ကို ဆင်မြန်းခဲ့ပါတယ်။အဲ့ဒီလက်ဝတ် ရတနာ တွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၃.၇)သန်းလောက်ရှိပါတယ်။

Kylie Jenner IG
dailymail
Kylie Jenner IG

ဒါကြောင့် ကော်ဇောနီနဲ့ after party  မှာ ၀တ်တဲ့ လက်ဝတ်ရတနာတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၈.၆)သန်းလောက်ရှိပါတယ်။ဒါက လက်ဝတ် ရတနာ သီးသန့်ပဲရှိပါသေးတယ်။စီးထားတဲ့ ဖိနပ်ကတေ့  $150 တန်ဖိုးရှိတဲ့ Femme LA PVC  ဒေါက်ဖိနပ်ပါ။

 

View this post on Instagram

 

A post shared by Kylie (@kyliejenner) on

Source Dailymail

SHARE