လူသေဟုတ်၊မဟုတ် ပဟေဠိဆန်လွန်းတဲ့ မက္ကဆီကိုက အရုပ်

မက္ကဆီကိုအလယ်ပိုင်းက မြို့တစ်မြို့မှာ La Pascualita အမည်ရှိ သတို့သမီးပစ္စည်းအရောင်းဆိုင်ရဲ့ မှန်တွင်းပြထားတဲ့အရုပ်မဟာ လူသေလောင်းတစ်ခုကို ရုပ်လုံးသွင်းသွတ်ထားတယ်ဆိုပြီး နှစ်ပေါင်း (၈၀) ကြာအောင် နာမည်ကြီးပြီး အငြင်းပွားဖွယ် ဖြစ်လို့နေပါတယ်။ La Pascualita ဟာ ဆိုင်မှာရှိတဲ့ သတို့သမီးဝတ်စုံတွေကြောင့် နာမည်ရရုံတင်မကဘဲ အဝတ်အစားပြသဖို့ ဝတ်ဆင်ပေးထားတဲ့ အရုပ်မကြောင့်လည်း ခရီးသွားများသာမက မြို့ခံများအတွက် စိတ်ဝင်တစားအထူးလည်ပတ်ဖို့ နေရာတစ်နေရာဖြစ်နေပါတယ်။

La Pascualita

အရုပ်မကိုလာရောက်လေ့လာသူတွေဟာ ဆိုင်တွင်းတော့မဝင်ဘဲ မှန်ပြူတင်းပေါက်အပြင်ကနေ လူအစစ်နဲ့တူလွန်းအားကြီးတဲ့ အရုပ်မကို တကူးတက လာကြည့်ကြလေ့ရှိပါတယ်။ လူတစ်ယောက်မှာရှိသင့်ရှိအပ်တဲ့ အရေးအကြောင်းတွေ အသားအရည်အညီညာမှုတွေနဲ့ ခြေထောက်ကသွေးကြောတွေ၊ လက်တွေကို ကိုင်ကြည့်လိုက်တဲ့အခါ တကယ့်လူလက်နဲ့တူတွေတာတွေကြောင့် လူသေအလောင်းကို ရုပ်လုံးသွင်းထားတယ်ဆိုပြီး ထင်ကြေးပေးနေကြတာပါ။

La Pascualita
La Pascualita

ဒီထက်ပိုပြီး ထူးဆန်းတာကတော့ ဆိုင်ရှေ့မှဖြတ်သွားသူတွေတင် မဟုတ်ဘဲ ဆိုင်မှဝန်ထမ်းအချို့ဟာ အရုပ်မရှေ့ကဖြတ်သွားတိုင်း သူတို့ကို လိုက်ကြည့်နေတယ်လို့ ခံစားရတယ်ဆိုပြီး ထွက်ဆိုချက်တွေ တော်တော်များများထွက်ဆိုထားပါတယ်။ နောက်ပြီး ညဖက်တွေမှာဆိုရင်တော့ အရုပ်မဟာ ထားထားတဲ့ပုံစံအတိုင်း မဟုတ်ဘဲ တစ်ချက်ချက်ကျ အနေအထားပြောင်းသွားတယ် လို့လည်း ဆိုပါတယ်။

READ
ဟောင်ကောင်ရဲ့ ဥပဒေအကျိုးသက်ရောက်မှုမရှိခဲ့တဲ့ နံရံတွေထဲက Kowloon မြို့
La Pascualita

တကယ်ပဲ အလောင်းကို အစာသွတ် သွင်းထားတာလားဆိုတာကိုတော့ ဆိုင်ရှင်အဆက်ဆက်က ထုတ်ဖော်ပြောထားခြင်းမရှိပေမယ့် မြို့ခံတွေရဲ့ ရှေ့မီနောက်မီစကားများအရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၈၀) လောက်တုန်းက ဆိုင်ရှင်ရဲ့သမီးဖြစ်သူဟာ မင်္ဂလာဆောင်ခါနီး ပြင်ဆင်နေတုန်းမှာပဲ ပင့်ကူအကိုက်ခံရကာ သေဆုံးသွားတယ်လို့သိရပါတယ်။ သမီးသေဆုံးမှုနဲ့ ကြေကွဲနေတဲ့ဆိုင်ရှင်ဟာ သမီးကို ချစ်လွန်းအားကြီးလို့ အရုပ်အဖြစ်ပြုလုပ်ကာ ဆိုင်မှာထား,ထားတယ်လို့ ဆိုပါတယ်။

La Pascualita

တချို့ဒေသခံတွေနဲ့ မင်္ဂလာဆောင်ခါနီး သတို့သမီးလေးတွေဟာ ဒီရုပ်ထုကို ဆုတောင်းဖွယ်တစ်ခုလို သတ်မှတ်ကာ ဆုတွေတောင်းလေ့ရှိပါတယ်တဲ့။ တချို့ကတော့ တော်တော်လက်ရာမြောက်တဲ့ ဖယောင်းရုပ်ထုလို့ ချီးကျူးထားပါသေးတယ်။

La Pascualita

အလောင်းကောင် ဟုတ်ဟုတ်,မဟုတ်ဟုတ် သူ့ကိုကြည့်ရတာနဲ့တင် ကြက်သီးထစရာ ကောင်းနေပါပြီနော်။

Source: Elite Readers

Penny

SHARE