ကြည့်ရှုသူတွေ ဘယ်လိုနားလည်ရမှန်းမသိဖြစ်သွားတဲ့ လမ်းလုပ်သားနှစ်ဦးရဲ့ ဗီဒီယို

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ထဲက လမ်းတစ်ခုမှာတွေ့ရှိရတဲ့ လမ်းလုပ်သားနှစ်ဦးရဲ့ ဗီဒီယိုဟာ ကြည့်ရှုသူတွေကို ဘယ်လိုနားလည်ရမှန်းမသိအောင်ဖြစ်သွားစေခဲ့ပါတယ်။ လျှပ်စစ်ကုမ္ပဏီတစ်ခုက အလုပ်သမားနှစ်ယောက်ဟာ မြေအောက်ပိုက်လိုင်းတစ်ခုကို ပြင်ဖို့ ကြိုးစားနေကြတာဖြစ်ပြီး သူတို့ရဲ့ လုပ်ပုံက တကယ့်ကို အံ့သြစရာပါ။

CEN

မြေကြီးသယ်တဲ့ လော်ရီကားတစ်စီးပေါ်မှာ အလုပ်သမားတစ်ယောက်က ရှိနေပြီး အဲဒီကားပေါ်က မြေကြီးတွေကို အောက်ဖက်ဆီ ဂေါ်ပြားနဲ့ ပစ်ချနေချိန်မှာ ကားအောက်မှာရှိနေတဲ့ အလုပ်သမားတစ်ယောက်က အောက်ဖက်မှာ ပုံနေတဲ့ မြေကြီးတွေကို ကားပေါ်ကို ဂေါ်ပြားနဲ့ ပြန်လည်ပစ်တင်နေခဲ့တာပါ။

သူတို့ရဲ့ အလုပ်လုပ်ပုံကို အနီးမှာ ဖြတ်သွားတဲ့ ကားသမားတစ်ယောက်က တွေ့ရှိသွားခဲ့ပြီး ဗီဒီယိုရိုက်ကာ မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။

CEN

အလုပ်အတူ လုပ်နေကြတဲ့ အလုပ်သမားနှစ်ယောက်အနေနဲ့ လုံးဝကို အကျိုးမရှိတဲ့အလုပ်မျိုးကို လုပ်နေကြတာဖြစ်ပြီး ဒါဟာ တကယ်ပဲလား၊ ခဏတာ ဟာသအဖြစ် ဟန်ဆောင်တာလားဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ကြပါဘူး။

READ
သမိုင်းတစ်လျှောက် ရောင်းအားအကောင်းဆုံး ဂိမ်းစက်ဖြစ်လာခဲ့တဲ့ Sony PlayStation

မိနစ်အနည်းငယ်ကြာတဲ့ ဗီဒီယို ထဲမှာတော့ တစ်ယောက်က မြေကြီးပေါ်က မြေသားတွေကို ကားပေါ်တင်နေပြီး၊ တစ်ယောက်က ကားပေါ်က မြေသားတွေကို မြေကြီးပေါ် ပြန်လည်ပစ်ချနေတာကို တွေ့မြင်ကြရမှာပါ။

CEN

ဗီဒီယို ရိုက်ကူးခဲ့တဲ့ ကားသမားက ဒီ ဗီဒီယို ကို တွစ်တာပေါ်မှာ တင်ခဲ့ပြီး “ငါတို့တိုင်းပြည်မှာ ဘယ်လိုအလုပ်လုပ်နေကြသလဲဆိုတာသာ ကြည့်တော့” လို့ စိတ်ပျက်လက်ပျက်နဲ့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီဗီဒီယိုက ခဏအတွင်းပဲ ကြည့်ရှုသူ သန်းချီသွားခဲ့ပြီး ပြန်လည်မျှဝေခဲ့တဲ့သူတွေကလည်း အများကြီး ဖြစ်သွားခဲ့ပါတယ်။

အများစုကတော့ ဒီ အလုပ်သမားနှစ်ယောက်ဟာ သူတို့ကိုယ်တိုင် ဘာလုပ်မိလို့ လုပ်မိမှန်းမသိအောင် ဖြစ်နေကြတယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး အနည်းငယ်ကတော့ ဒါဟာ ဟန်ဆောင်ပြီး ဟာသလုပ်နေတာသာ ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

READ
သမီးတစ်ယောက်ဆုံးသွားရင် ကျန်ခဲ့တဲ့သမီးအထီးကျန်မှာစိုးလို့ ကိုယ်ဝန်ထပ်ယူခဲ့တဲ့မိခင်

Linn

Source : Dailymail

 

 

SHARE