အသက်ဘေးကျရောက်နေတဲ့သခင်ကို ခွေးလေး ၂ ကောင်ပေါင်းပြီး ကယ်တင်ပေးခဲ့တဲ့ဖြစ်ရပ်

ဦးနှောက်သွေးကြောပိတ်ပြီး သတိလစ်သွားခဲ့တဲ့ သခင်ဖြစ်သူကို ခွေးလိမ္မာလေးနှစ်ကောင် ပေါင်းပြီး ကယ်ဆယ်ခဲ့တဲ့ ဖြစ်ရပ်လေးပါ။ အမေရိကန် ဖလော်ရီဒါမှာ ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်စဉ်ကို လုံခြုံရေးကင်မရာကနေ အကုန်မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

Facebook

အသက် ၆၂ နှစ်အရွယ် အဖွား Maureen Hatcher ဟာ ဘယ်လာနဲ့ ဆေဒီဆိုတဲ့ လက်ဘရာဒေါ ရီထရီဗာ ခွေးမလေး ၂ ကောင်ကို မွေးထားတာပါ။ ၂၀၁၈ ခုနှစ် ၃ ရက်နေ့တုန်းကတော့ အဖွား Hatcher ဟာ သူမရဲ့ နေအိမ်မှာပဲ ဦးနှောက်သွေးကြောပိတ်ကာ သတိလစ်သွားခဲ့ပါတယ်။ “ကျွန်မ သိလိုက်တဲ့အချိန်ကတော့ ကြမ်းပြင်ပေါ် လဲကျနေခဲ့ပြီး လှုပ်လို့မရတော့ပါဘူး။ ကျွန်မရဲ့ သမီးလေး ၂ ကောင်ကို ကျွန်မ အကူအညီလိုတယ်လို့ ကျွန်မ ပြောခဲ့ပါတယ်” လို့ Hatcher က ပြန်ပြောပြပါတယ်။

Facebook

ဗီဒီယိုထဲမှာ အရင်ဆုံးတွေ့ရတာကတော့ ဘယ်လာနဲ့ ဆေဒီတို့ ၂ ကောင်ဟာ အိမ်ထဲကနေ ပြေးထွက်သွားကြတာပါ။ သူတို့ရဲ့ အမေ အကူအညီလိုတယ်လို့ ပြောလိုက်တာနဲ့ ၂ ကောင်သားဟာ အိမ်နီးချင်းဆီ အကူအညီတောင်းဖို့ အပြေးသွားခဲ့ကြတာဖြစ်ပါတယ်။ အဖွား Hatcher ကတော့ ခါတိုင်းဆိုရင် သူမအိမ်ရဲ့ တံခါးမကို သော့ခတ်ထားလေ့ရှိခဲ့ပေမယ့် ထိုနေ့တုန်းကတော့ မခတ်ထားဖြစ်ခဲ့ဘူးဆိုပါတယ်။ ဒါကြောင့်လည်း ခွေးလေး ၂ ကောင်က တံခါးကို တွန်းဖွင့်ပြီး အပြင်ထွက် အကူအညီတောင်းနိုင်ခဲ့တာဖြစ်ပါတယ်။

READ
၇ ရက်ဆက်တိုက် မနားတမ်းဖုန်းသုံးမိလို့ တစ်ဘဝစာ သင်ခန်းစာ ရသွားခဲ့တဲ့ အမျိုးသမီး
First Coast News

ဘယ်လာနဲ့ ဆေဒီတို့ဟာ အိမ်ထဲကနေ ဆက်တိုက်ဟောင်ကာ ထွက်သွားခဲ့ပြီး အိမ်နီးချင်း Alexandra Naspolini ရဲ့ အိမ်ကို သွားဟောင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ ဆက်တွေ့ရတာကတော့ Naspolini တစ်ယောက် အဖွားရဲ့ အိမ်အဝကို ရောက်လာခဲ့ပုံဖြစ်ပါတယ်။ ခွေးလေးတွေကတော့ ကင်မရာထဲမှာ မပါခဲ့ပါဘူး။ Naspolini က ခွေးလေး ၂ ကောင်ကို အမေဘယ်မှာလဲလို့ မေးနေခဲ့ပြီး အထဲဝင်သွားချိန်မှာတော့ မလှုပ်နိုင်ဖြစ်ကာ လဲကျနေခဲ့တဲ့ အဖွား Hatcher ကို တွေ့ခဲ့ရပါတယ်။

First Coast News

ဗီဒီယိုရဲ့ နောက်တစ်ဖြတ်မှာတော့ ဆေးဘက်အကူသုံးယောက်က အဖွားကို သယ်သွားခဲ့ကြတာကို တွေ့ရပါတယ်။ Jacksonville က Baptist ဆေးရုံကို ပို့ပေးခဲ့ကြပြီး အဖွားကို တာဝန်ယူရတဲ့ ဒေါက်တာ Aghaebrahim ရဲ့ ပြောကြားချက်အရတော့ အချိန်နည်းနည်း နောက်ကျသွားတာနဲ့ ဦးနှော်က်ထဲမှာ သွေးပိတ်ပြီး ဆဲလ်တွေ သေသွားကာ ဦးနှောက်ထိခိုက်သွားနိုင်ချေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

First Coast News

အဖွား Hatcher ကတော့ သုံးရက်အကြာမှာ ဘေးကင်းစွာ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။ သူ့ခွေးလေးနှစ်ကောင်နဲ့ အိမ်ပြန်ရောက်နေပါပြီ။ အိမ်မွေးတိရိစ္ဆာန်လေးတွေ အထူးသဖြင့် ခွေးလေးတွေက လူတွေအတိုင်းကို သိတတ်ပြီး သခင်ရဲ့ အသက်ကိုတောင် အချိန်မီ ပြန်ကယ်တင်နိုင်စွမ်းရှိတယ်ဆိုတာ ငြင်းလို့မရအောင် သက်သေပြသွားခဲ့တဲ့ ဖြစ်စဉ်လေးတစ်ခုပါပဲ။

READ
ရင်သားခွဲမစိတ်မှီနဲ့ ခွဲစိတ်ပြီး ကွာခြားပုံကို ပြသခဲ့တဲ့ ကောင်မလေး

Ref: Dailymail

SHARE