Ed Sheeran ကိုကျော်ပြီး ဗြိတိန်နံပတ်(၁) ဖြစ်သွားတဲ့ ထူးထူးဆန်းဆန်းသီချင်းတစ်ပုဒ်

Youtube

ပြီးခဲ့တဲ့ (၃)ပတ်အကြာက ထွက်ရှိခဲ့တဲ့ Stormzy နဲ့ Ed Sheeran တို့ရဲ့ သီချင်းအသစ်ကို ကျော်ဖြတ်ပြီး ဗြိတိန်မှာ နာမည်ကြီးနေတဲ့ သီချင်းတစ်ပုဒ် ပေါ်ထွက်လာခဲ့ပါတယ်။

သီချင်းက ရယ်လည်းရယ်ရသလို၊ ပျော်ဖို့လည်းကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ခရစ္စမတ်အကြို သီချင်းတွေထဲမှာ ဗြိတိန်ရဲ့ ထိပ်ဆုံးနေရာကို ရောက်လာခဲ့တာပါ။

အဲဒီ သီချင်းကိုတော့ နာမည်ကျော် Youtuber တစ်ယောက်ဖြစ်တဲ့ Mark Hoyle ဆိုသူ အမျိုးသားက ဖန်တီးခဲ့တာဖြစ်ပြီး သူက Ladbaby ဆိုတဲ့နာမည်နဲ့ ပျော်စရာသီချင်းတွေကို ဖန်တီးတဲ့သူပါ။

ပြီးခဲ့တဲ့ နှစ် ခရစ္စမတ် ကာလတုန်းကလည်း “We built this city..on Sausage Rolls” ဆိုတဲ့ သီချင်းနဲ့ ခရစ္စမတ်ရဲ့နံပတ်(၁) ဖြစ်ခဲ့တဲ့ Ladbaby ဟာ ဒီနှစ်မှာလည်း ထုံးစံအတိုင်း သူတို့ရဲ့ သီချင်းအသစ်ကို မိတ်ဆက်လိုက်တာပါ။

READ
ရာဘာကြက်ရုပ်တွေနဲ့ EDM သံစဉ်တွေ ဖန်တီးခဲ့တဲ့ တောင်ကိုရီးယားလူငယ်များ

သီချင်းအသစ်ဆိုပေမယ့် စာသားကိုပဲ အပြောင်းအလဲ လုပ်ထားတဲ့ သီချင်းဖြစ်ပြီး မူရင်းသံစဉ်ကတော့ Joan Jett ရဲ့ “I Love Rock ‘n’ Roll” ကို ယူထားတာပါ။ မြန်မာပရိသတ်တွေ သိကြတဲ့ “တစ်ခါက ရော့ခ်အင်ရိုး” ဆိုတဲ့ သီချင်းပေါ့။

Ladbaby ကတော့ သူတို့ရဲ့ ထုံးစံအတိုင်း သီချင်းစာသားတွေကို အသားချောင်းပေါင်မုန့်နဲ့ ပတ်သက်တဲ့ စာသားတွေနဲ့ ပုံဖော်ထားပြီး အသားချောင်းပေါင်မုန့်တွေကို သူတို့ ဘယ်လောက်ကြိုက်တဲ့အကြောင်းနဲ့ မြင်လိုက်တာနဲ့ စားချင်မိတဲ့အကြောင်း ရေးသားထားတာပါ။

ဒီ သီချင်းက The Trussell Trust ဆိုတဲ့ အစားအသောက်ကူညီရေး ပရဟိတအတွက်ပဲ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တုန်းကတော့ Ladbaby ရဲ့ သီချင်းကြောင့် ဒီပရဟိတအဖွဲ့ဆီကို အသားချောင်းပေါင်မုန့် (၇၀၀၀၀)ကျော်လောက် လာရောက်လှူဒါန်းခဲ့ကြတာပါ။

READ
စတီးဇလုံထဲ အရွယ်တူရိုဘော့နဲ့ သဲကြီးမဲကြီးတိုက်ခိုက်ခဲ့တဲ့ ဖိုက်တာဂဏန်း

သူတို့က အဲဒီ လှူဒါန်းမှုတွေကို ဗြိတိန်တစ်ဝှမ်းနဲ့ တခြားနိုင်ငံတွေမှာရှိတဲ့ ငတ်မွတ်နေတဲ့ ကလေးငယ်တွေအတွက် ကျွေးမွေးသွားမှာဖြစ်ပြီး မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးထားတဲ့ သီချင်းတစ်ပုဒ်လို့ ပြောရမှာပါပဲ။

Linn

SHARE