အကြိမ်ကြိမ် အဓမ္မကျင့်ခံခဲ့ရလို့ စိတ်ရောဂါ ခံစားခဲ့ရဖေူးကြာင်း ၀န်ခံခဲ့တဲ့ Lady Gaga

YouTube/jessicaboots3

(၅)နှစ်ကြာ ပထမဆုံးနိုင်ငံတစ်ဝန်းလှည့်လည်ဖျော်ဖြေတဲ့ခရီးစဉ်မှာ စတင်ခဲ့တဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Oprah Winfrey က Lady Gaga ကိုအင်တာဗျူးခဲ့ပါတယ်။ ဇန်န၀ါရီလ(၄)ရက်နေ့က ဖလော်ရီဒါပြည်နယ် Fort Lauderdale မှာ Oprah ရဲ့ 2020 ဗားရှင်းဆိုပြီး Your Life in Focus tour ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာ အဆိုတော်နဲ့အစီအစဉ် တင်ဆက်သူကြား ဆွေးနွေးစကားပြောတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။

ဒီဆွေးနွေးမှုဟာ နာရီအတော်ကြာခဲ့ပြီး Lady Gaga ပတ်သက်တဲ့ အကြောင်းအရာတော်တော်များများကိုဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီဆွေးနွေးမှုတွေထဲမှာ ရုပ်ရှင်ဇာတ်ကားတွေထဲက တွဲဘက်သရုပ်ဆောင် Bradley Cooper နဲ့ပတ်သက်ပြီး ကောလဟာလကိုလည်းမေးမြန်း ခဲ့ပါသေးတယ်။

 

“ကျွန်မဆီမှာ Fibromyalgia လို့ခေါ်တဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ရောဂါကိုတွေ့ ရှိခဲ့လို့ ကျွန်မရဲ့ ဆရာဝန်က စိတ်ကျန်းမာရေးကုထုံးတွေနဲ့ ကုပေးနေပါတယ် ” လို့ သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး Gaga က Oprah ကိုပြောပြခဲ့ပါတယ်။ စိတ်ကျန်းမာရေးဟာ ဆေးဘက်ဆိုင်ရာအခြေအနေတစ်ခုဖြစ်တယ်။ဒါဟာလည်း ကျန်းမာရေးနဲ့ဆက်စပ်မှုတွေရှိတာကြောင့် ကုသရမယ့်ရောဂါတစ်မျိုးဖြစ်ပြီး လျစ်လျူရှုမထားသင့်တဲ့ရောဂါလည်းဖြစ်ပါ တယ်။

READ
ကျားဖောင်အကြောင်းကို ရုပ်ရှင်ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်

သူမအသက်(၁၉)နှစ်အရွယ်မှာ အကြိမ်ကြိမ် အဓမ္မ ကျင့်ခံခဲ့ရတာကြောင့် PTSD လို့ခေါ်တဲ့ စိတ်ရောဂါ တစ်မျိုးကိုခံစားခဲ့ရပါတယ်။ဒါပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဒီစိတ်ရောဂါကိုမကုသနိုင်ခဲ့ဘူးလို့ Gaga က Oprah ကိုပြောပြခဲ့ပါတယ်။

ဒါ့အပြင် ရုတ်တရက်ကြီး ချက်ချင်းအောင်မြင်မှုတွေ ရရှိခဲ့တဲ့အပြင် ဒီရောဂါကိုကုသဖို့ ဆရာဝန်အသိမရှိသလို ကုထုံးပညာရှင်ကိုလည်းမရှိခဲ့ပါဘူး။ဒီအတွက် အချိန်မပေးနိုင်တာလည်းပါပါတယ်။ဘာလို့ဆို ကမ္ဘာတစ်ဝန်း လှည့်လည်ဖျော်ဖြေနေရပြီး ဟိုတယ်ကနေကားပေါ်၊ ကားပေါ်ကနေ စင်ပေါ် ဒီလိုပဲသွားလာနေရတာကြောင့် ဒီရောဂါကိုကုဖို့အချိန်မရခဲ့တာလို့ Gaga ကရှင်းပြခဲ့ပါတယ်။

ကျောင်းတွေမှာလည်း စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အတန်းတွေ ရှိသင့်တယ်လို့လည်း Gaga က တိုက်တွန်း ခဲ့ပါတယ်။

Cooper နဲ့ပတ်သက်တဲ့ ကောလဟာလနဲ့ပတ်သက်ပြီး လူတိုင်းကိုလှည်းစားနိုင်တာ တကယ်ကိုကောင်းတဲ့ အလုပ်တစ်ခုပဲလို့ Gaga ကအောစကာပွဲမှာတုန်းက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

READ
ဟောလိဝုဒ်အနုပညာရှင်တွေနဲ့အတူ တွဲတွေ့ခဲ့ရဖူးတဲ့ ကိုရီးယားအနုပညာရှင်များ

ဒီဆွေးနွေးပွဲရဲ့နောက်ဆုံးအနေနဲ့ ပရိသတ်တွေကို Gaga ရဲ့(၆)ခုမြောက်သီချင်းအယ်လ်ဘမ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အခါမှာတော့ ဒီအချိန်မှာ ကျန်းမာရေးကိုအဓိကထားကရုစိုက်နေရပါတယ်။ဒါပေမယ့် သီချင်းကိုလည်းပြန်လုပ်မှာပါ။ စိတ်မပူပါနဲ့ဆိုပြီး သူမရဲ့ပရိသတ်တွေကိုပြောပြခဲ့ပါတယ်။

Thae Su

SHARE