‘Chromatica’ အယ်ဘမ်ကို ဖြန့်ချီသူတွေထံ ကိုယ်တိုင် ပို့ပေးခဲ့တဲ့ Lady Gaga

Image:IG/Lady Gaga

အဆိုတော် Lady Gaga ရဲ့ အယ်ဘမ်သစ်ကို မျှော်လင့် နေသူတွေ အတွက် ကတော့ မနက် ဖန် မေ လ (၂၉) ရက်နေ့ကျရင် ထွက်ရှိ တော့မှာပါ။အ စောကြီးတည်းက ထွက်ဖို့ စီစဉ်ထားပေမယ့်လည်း မ ခေါ် ပဲ ရောက်လာတဲ့ ကိုဗစ် ကြီး ကြောင့် ကြန့် ကြာ နေခဲ့ရပါတယ်။အယ်ဘမ် သစ် ကိုတော့ လက်လီဖြန့်ချီ မယ့် သူတွေ ရဲ့ လက်ထဲ ကို သူမကိုယ်တိုင် ပို့ ပေးခဲ့ပါတယ်။ကိုဗစ် ဖြစ်ပွားနေတဲ့ ကြားက ပဲ Hard Copy တွေ ကို တစ်လမ်းဝင် တစ် လမ်း ထွက် နဲ့ ပို့ ပေးခဲ့တယ်လို့ FoxNews မှာ ဖော်ပြထားပါတယ်။

Image:IG/Lady Gaga

အခက်အခဲတွေ ကြားက ထွက်ဖို့ ကြိုးစားလိုက်ရတဲ့ အယ်ဘမ်သစ် အတွက် Gaga ကိုယ်တိုင်လည်း ရင်ခုန် စိတ် လှုပ်ရှား နေပါတယ်။မေလ (၂၇) ရက်နေ့က သူမရဲ့ IG မှာ ပုံတွေ အများကြီး တင်ခဲ့ပါတယ်။ပုံထဲမှာေ တာ့ လမ်း မ ပေါ်မှာ ကားကြီး တစ်စီး နဲ့ Gaga ကို တွေ့ရမှာပါ။ ‘Chromatica’  နဲ့ ပတ်သက်တဲ့ ပုံတွေ အများ ကြီး ကပ် ထားတဲ့ ကား ကြီးနဲ့ အတူ ပန်းရောင် ဆံပင်၊ပန်းရောင် Mask ကို တပ်ပြီး အရမ်းလန်းနေတဲ့ Gaga ကို ပုံထဲမှာ တွေ့ ရပါ တယ်။

 

View this post on Instagram

 

Delivering #Chromatica myself to every retailer around the world… in Chromatica time and distance do not exist

A post shared by Lady Gaga (@ladygaga) on

အယ်ဘမ် အချပ် တွေ ကို ကုန်တင်ကားကြီးနဲ့ ပို့ ပေးခဲ့တာပါ။ကုန်တင်ကားမှာ ကပ် ထားတဲ့ ပုံထဲမှာတော့ Ariana Grande ရဲ့ ပုံလည်း ပါပါတယ်။ပုံရဲ့ Caption နေရာမှာ တော့ “Delivering #Chromatica  ကို ကမ္ဘာတစ် ၀န်းမှာ ရှိတဲ့ ဖြန့်ချီသူတွေ ဆီကို ကျ ကိုယ်တိုင် ပို့ ပေးတာ။ Chromatica  မှာ အချိန်နဲ့ အကွာ အ ဝေး မရှိဘူး” ဆိုပြီးေ ရးထားပါတယ်။

READ
မိဘမဲ့ကလေးတွေကို သွားရောက် လှူဒါန်းခဲ့တဲ့ နီနီခင်ဇော်
Image:IG/Lady Gaga

Image:IG/Lady Gaga”Chromatica”  ကိုတော့ ဧပြီ (၁၀)ရက်နေ့မှာ ထုတ် ဖို့ အစ တုန်းက ရည်ရွယ်ထား တာပါ။ဒါပေမယ့် လည်း မတ် လ မှာတော့  Gaga က ကမ္ဘာ့ ကပ်ရောဂါ နဲ့ ရင်ဆိုင် နေရတဲ့ အချိန်ကြီး မှာ မထုတ် ချင် ဘူး ဆိုပြီး အယ်ဘမ် ထွက် မယ့် အချိန်ကို ရွှေ့ ဆိုင်းလိုက်တာပါ။”Chromatica” မှာတော့ သူမ တစ်ပုဒ်ချင်း ထုတ် ထားတဲ့  “Stupid Love”  “Rain on Me.”  တို့ လည်း ပါဝင် သွားမှာပါ။ Elton John ၊ Blackpink  တို့နဲ့ Collabaration လုပ် ထားတဲ့ သီချင်းတွေ လဲ အယ်ဘမ် ထဲမှာ ပါဝင်သွားမှာပါ။မနက် ဖန် . သောကြာနေ့ မှာ ထွက်မှာနော်…။

 

View this post on Instagram

 

#RAINONME MUSIC VIDEO WITH @ARIANAGRANDE ⛈ OUT NOW DIRECTED BY ROBERT RODRIGUEZ

A post shared by Lady Gaga (@ladygaga) on

#SHWEMOM

SHARE