သမ္မတ Trump ကို အရူးကြီးလို့ တံဆိပ်ကပ် လိုက်တဲ့ Lady Gaga

Image:Gag's IG/twitter/trump/@schrayguy/@YourAnonCentral

လူမည်း အမျိုးသား George Floyd ရဲဖမ်းခံ နေရစဉ် အတွင်း သေဆုံခဲ့တဲ့ ဖြစ်ရပ် ကြောင့် အ မေရိကန် မှာတော့ ဆန္ဒပြ မှုတွေ ဖြစ် ပေါ် နေပါတယ်။ဆန္ဒပြ တာတွေ က နေ အခုဆိုရင် လုယက်မှုတွေ ၊အကြမ်းဖက်မှု အ ဆင့် တွေ အထိ ပိုဆိုးလာခဲ့ပါတယ်။ည မထွက်ရ အမိန့် ထုတ်ရတဲ့ အထိ ပါ အ ခြေ အ နေက ဆိုးရွားလာခဲ့ပါတယ်။ဒီကိစ္စ နဲ့ ပတ်သက်ပြီးသမ္မတ ဘက်က ကိုင်တွယ် ဖြေရှင်းမှု က ညံ့ဖျင်းလွန်းတယ် ဆိုတဲ့ ပြစ်တင် ဝေဖန် မှုတွေ လည်း အ များကြီး ထွက်ပေါ် နေပါတယ်။ကမ္ဘာ ကျော် အဆိုတော် မင်းသမီး Lady  Gaga က တော့ လက်ရှိ ဖြစ် နေတဲ့ ပြဿ နာ တွေ နဲ့ ပတ်သက်ပြီး သမ္မတ ကို ပြင်းပြင်းထန်ထန် ဝေဖန်ပစ်လိုက်ပါတယ်။ဒီ အ ကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားတာပါ။

လူမည်း အမျိုးသား George Floyd ကို Derek Chauvin ဆိုတဲ့ ရဲ အရာရှိက လည်ပင်းကို ဒူးနဲ့ ထောက်ပြီး ဖမ်းခဲ့ ပါတယ်။အသက်ရှုမ ရ တော့ဘူးလို့ George Floyd က တောင်းပန်တဲ့ ကြားက ဖယ် မ ပေးပဲ ဆက် ထောက် ထား တာ ကြော င့် အသက် သေဆုံးခဲ့ရတဲ့ ဗီဒီယိုဖိုင်က အွန် လိုင်းပေါ်မှာ ပြန့် ကုန်ပြီး အခုလို ဆန္ဒပြ ပွဲတွေ ပေါ် ပေါက် လာခဲ့တာပါ။ လက်ရှိမှာတော့ ရဲအရာရှိဟောင်း Derek Chauvin ကို ဖမ်းဆီး ထားပါတယ်။ အ မေရိကန်မှာ လူဖြူ – လူမည်း ကိစ္စ က လုံးဝ အထိ မခံတဲ့ ကိစ္စ မျိုးပါ။တခုခု ဖြစ်ခဲ့ရင်လည်း လွယ်လွယ်နဲ့ မီးစ က မငြိမ်းပဲ ပြင်းပြင်းထန်ထန် ဖြစ် ပွား တတ် တဲ့ ဖြစ်ရပ်မျိုးက ရှေ့မှာလည်း နမူနာတွေ အများကြီးပါ။ရန်စ မီး မဆိုးရွားအောင် ဖြေရှင်း ရမယ့် အစား သမ္မတ တစ်ယောက် အ နေနဲ့ တွစ်တာ စာမျက်နှာ ပေါ်မှာ တင်လိုက်တဲ့ Post မျိုးက လုံးဝ မဖြစ် သင့်ဘူး လို့  IG က နေ  ထောက်ပြ ပြောဆို သူ ဝေဖန် ခဲ့ပါတယ်။

Image:twitter/Gaga

သမ္မတ ထရမ့်ရဲ့ အကြိမ်ကြိမ် ရှုံးနိမ့်မှုတွေ အ ကြောင်းကို အားလုံး သိ ပြီးသားဖြစ် ကြောင်း ၊လက်ရှိမှာ သူက ကမ္ဘာ့ အင်အား သြဇာ အကြီးဆုံး ရာထူးကို ရထားတဲ့ လူ တစ်ယောက်က ဒီကိစ္စမှာတော့ ထရမ့်က မီးလောင်ရာ လေပင့် ဖြစ် နေတယ်လို့ ပြောခဲ့ပါတယ်။ထရမ့်ကို အရူးကြီး ၊လူမျိုး ရေး ခွဲ ခြား သူ ဆိုပြီး တံဆိပ်ကပ် ခဲ့တဲ့ ပြင် ဘာတွေ ဖြစ်ပျက် နေလဲဆိုတာ အားလုံးလဲ မြင် နေပြီမို့ အခု အချိန် က ပြောင်း လဲ ချိန် တန်ပြီလို့ လည်း ပြောခဲ့ပါတယ်။သူမရဲ့ IG Post အစ မှာတော့ သူမ အခု ပြောလိုက်တဲ့ အ ကြောင်းအရာ တွေ  ကြောင့် ဆူပူမှုတွေ ပိုဆိုးလာစေချင် တဲ့ ဆန္ဒ မဟုတ်ပဲ ဒီပြဿနာကို အ ဖြေရှာနိုင်ဖို့ ဆန္ဒရှိတယ်လို့် လည်း ပြောခဲ့ပါတယ်။Post ရဲ့ အဆုံး သတ် မှာ တော့ အ မေရိက က လူတွေ အားလုံးဟာ လူမျိုး ရေးဝါဒီ သမားတွေ လို့ ပြောခဲ့ပါတယ်။

ထရမ့်က သူ့ရဲ့ တွစ်တာ စာမျ က်နှာ  ပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှု ကို လက်ခံ ပေမယ့် ၊မင်းမဲ့စရိုက် ဆန်တဲ့ ဆူပူ အကြမ်းဖက်မှု မျိုးကိုတော့ လက် မခံ နိုင်ဘူး လို့ ပြောခဲ့ပါတယ်။လိုအပ်လာရင် စစ်တပ်ကို ပါ လွှတ်ပြီး  ဖြေရှင်းခိုင်းမယ်၊လုယက်မှုတွေ စ တာနဲ့ ပစ် မယ် လို့ သောကြာ နေ့က သူ့ရဲ့ တွစ်တာပေါ်မှာ ရေးခဲ့ပါတယ်။ထရမ့် တွစ်တာမှာ ရေး တင်ခဲ့တဲ့ “when the looti ng starts, the shooting starts.” ဆိုတဲ့ စကားက တော့ လူမည်းတွေ ကို ဆန့်ကျင်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြား သူ (၁၉၆၀) လောက်တုန်းက Miami ရဲ့ ရဲမှူး ဟောင်း Walter Headley  ပြောခဲ့တဲ့  စကားပါ။သူ့ရဲ့ ဒီလို အ ပြော အဆို အ ရေးအသားတွေ ကြောင့် သမ္မတ ထရမ့် က ပြဿနာကိုေ  ဖြရှင်းရမယ့်အ စား မီးလောင်ရာ လေပင့်လုပ် နေတယ်လို့ ပြစ်တင်ခံခဲ့ရတာပါ။

Image:twitter/trump

#SHWEMOM

SHARE