အပြင်တွေ မထွက်တော့ပဲ ချစ်သူအနားမှာပဲ နေနေတဲ့ Lady Gaga

Image :IG/Lady Gaga

အဆိုတော် Lady Gaga ကတော့ အပြင်မထွက်ပဲ Self-Quarantining  လုပ် နေပါတယ်။လက်ရှိ ကမ္ဘာ့နိုင်ငံေ တ်ာတော်များများမှာဖြစ်ပွားနေတဲ့ coronavirus အန္တရာယ်ကြောင့် Tom Hanks, John Legend, Chrissy Teigen, Ariana Grande တို့ အပါအ၀င် အနုပညာရှင် ဆယ်လီ တော်တော်များများ က တော့ social isolation လုပ်နေကြပါတယ်။Lady Gaga ကတော့ အပြင်မထွက်ပဲ နေနေတဲ့ အခိုက်အတန့်မှာ ချစ်သူလေး အတွက် အချိန် တွေ အပြည့်အ၀ ပေးနေပုံရပါတယ်။

Image :IG/Lady Gaga

သူမရဲ့ IG မှာ ချစ်သူ Michael Polansky နဲ့ အတူတူ တွဲရိုက်ထားတဲ့ စုံတွဲ ပုံတင်လိုက်ပါတယ်။စုံတွဲ ပုံလည်း တင်ရင်းနဲ့ သူမရဲ့ Fan တွေ ကိုပါ အားပေးစကားဆိုခဲ့ပါတယ်။စုံတွဲပုံမတိုင်ခင်ကလည်း Fan တွေ အနေ နဲ့ ကိုယ့် ကိုယ်ကို စောင့်ရှောက်ကြဖို့  နဲ့ လက်ရှိ ဖြစ်နေတဲ့ အခြေအနေ ဆိုးကို   ကျော်ဖြတ်ပြီး အဆင်ပြေ တော့မှာပါလို့ အားပေးခဲ့ပါသေးတယ်။

READ
ဝေဖန်ခံနေရတဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ပေါက်ကွဲခဲ့တဲ့ ပတ်ထရစ်ရှာ
Image :IG/Lady Gaga

ဒီတစ်ခါ မှာတော့ ‘self-quarantining လုပ်တဲ့ ၆ ရက်မြောက်နေ့။ပိုပြီး Stong ဖြစ်လာ တယ်၊ဗီဒီယိုဂိမ်းတွေ ၊ကတ်ေ တွ က စားတယ်။ရှင်တို့လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပါ။အရေးကြီးတဲ့ သတိပေးစရာ ကတော့ ကိုယ့်ရဲ့ စိတ်ကို စိတ်ဖိစီးမှု တက်နိုင်သမျှ ကင်းအောင် နေကြပါ။ခန္ဓာကိုယ် ကိုတော့ လှုပ်ရှားပေးပါ..” ဆိုပြီး တင်ထားပါတယ်။

Image :IG/Lady Gaga

Gaga နဲ့ သူမရဲ့ ချစ်သူ Michael Polansky တို့ကတော့ ဒီနှစ် အစောပိုင်းကမှ တွဲကြတာပါ။တွဲတာ လပိုင်းေ လာက်ပဲ ရှိပါ သေးတယ်။ Gaga ကတော့ The Kyle & Jackie O Show မှာတော့ သူမရဲ့ Realtionship နဲ့ ပတ်သက်တဲ့ ခံယူချက်ကို ပြတ်ပြတ်သားသားထုတ်ပြောခဲ့ပါတယ်။” ကျမက Single ဖြစ်ရတာ မကြိုက်ဘူး။ကျမရဲ့ အလုပ်က အကုန်လုံးကို ယူသွားတယ်။ကျမရဲ့ Personal Life ကိုပါ ယူတာ။အဆိုတော် အလုပ်ကို အားထည့်လုပ်ေ တာ့ ကျမ အတွက် အချိန် သိပ် မပေးနိုင်တော့ဘူး။ဒီအလုပ်ကပဲ ကျမကို ထိန်းချုပ် သွားရော။ဝမ်းနည်းစရာပဲ..” ဆိုပြီး ပြောခဲ့ပါတယ်။သူမရဲ့ အလုပ်က အချစ်ကို ရှာဖွေ တဲ့ နေရာမှာ အဟန့်အတားဖြစ်စေတယ်လို့လည်း Gaga က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

@papermagazine

A post shared by Lady Gaga (@ladygaga) on

Source:Gaga’s IG & cosmopolitan

SHARE