နာမည်ကြီး X-Men ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ နီးစပ်နေပြီဆိုတဲ့ Lady Gaga

Instagram, MCU

ပေါ့ပ်အဆိုတော်မလေး Lady Gaga ကတော့ သူမရဲ့ စတုတ္ထမြောက်ရုပ်ရှင်ကိုရိုက်ဖြစ်ဖို့အတွက် သေချာသွားခဲ့ပါပြီတဲ့။

Lady Gaga ဟာ အနုပညာလောကထဲကို ပေါ့ပ်အဆိုတော်အဖြစ် ဝင်ရောက်လာခဲ့ပြီးနောက် သူမရဲ့ တမူထူးခြားပြီး အများနဲ့မတူတဲ့ ဝတ်စားဆင်ယင်ပုံတွေ၊ music video တွေအပြင် ပါရမီထူးကဲလှတဲ့ အသံကြောင့် ပရိတ်သတ်တွေကြားထဲ အချိန်တိုအတွင်းမှာ အောင်မြင်လာခဲ့သူတစ်ဦးပါ။

 

View this post on Instagram

 

A post shared by Lady Gaga (@ladygaga) on

သူမဟာ ဂီတဖက်မှာတင်မဟုတ်ဘဲ ရုပ်ရှင်လောကထဲကိုလည်း မကြာမကြာဝင်ပြီး အားဖြည့်ပေးတတ်သူတစ်ဦးပါ။ Documentary show တွေ၊ ရုပ်ရှင်တွေမဟုတ်ဘဲ စစချင်းတွေ့ရတဲ့ ရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်တုန်းက Machete Kills မှာတုန်းက ဇာတ်ရံအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တုန်းက Sin City: A Dame to Kill For မှာလည်းကောင်း၊ နောက်တစ်ကားကတော့ အားလုံးသိကြတဲ့ ၂၀၁၈ ခုနှစ်တုန်းက Bradley Copper နဲ့ A Star Is Born မှာပဲဖြစ်ပါတယ်။ ဒီအပြင် American Horror Story ရဲ့ Hotel ဆိုတဲ့အထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by Lady Gaga (@ladygaga) on

အခု စတုတ္ထမြောက်ကားကိုတော့ Marvel Cinematic Universe က X-Men ကားမှာ ပါဝင်သွားမှာပါတဲ့။ X-Men ထဲက ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Frost ကို တာဝန်ယူသရပ်ဆောင်မှာဖြစ်တယ်လို့ NME မှာ ဖော်ပြထားခဲ့ပါတယ်။

READ
အခြားသူတွေကို အားကျမခံ ချစ်သူဘဝက ဓါတ်ပုံတွေနဲ့ ရိုလိုက်တဲ့ မြင့်မြတ်

အရင်တုန်းကတော့ Frost ဇာတ်ကောင်ကို X-Men: First Class ထဲမှာ January Jones က သရ်ုပဆောင်ခဲ့ဖူးပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Lady Gaga ဖက်ကတော့ ဘာမှ ထွေထွေထူးထူးပြောထားခြင်းမရှိသေးဘဲ ဘယ်ကားမှာ Frost အဖြစ်တွေ့ရဦးမယ်ဆိုတဲ့ အသေးစိတ်ကိုလည်း အခုထိတော့ မထုတ်ပြန်သေးပါဘူး။

Imdb/xmen:firstclass

 

View this post on Instagram

 

A post shared by Lady Gaga (@ladygaga) on

penny

SHARE