Gucci ရဲ့တည်ထောင်သူကို သတ်ခဲ့တဲ့ဇနီးနေရာကနေ ရုပ်ရှင်ရိုက်တော့မယ့် LadyGaga

[email protected], @90sfashion.ir

Lady Gaga ဟာ အဆိုတော်အနေနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပေမယ့်လို့ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ကြိုကြားကြိုကြားလုပ်နေခဲ့တာပါ။ သူမကို သရုပ်ဆောင်တစ်ဦးအဖြစ် ပထမဆုံးမြင်တွေ့ခဲ့ရတဲ့ ဇာတ်ကားကတော့ American Horror Story စီးရီးရဲ့ Hotel ဆိုတဲ့ ဇာတ်လမ်းတွဲမှာဖြစ်ပါတယ်။ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲပေါ့။ နောက်တော့ အားလုံးသိကြတဲ့အတိုင်း Bradley Cooper နဲ့ တွဲကာ ရိုက်ကူးခဲ့တဲ့ A Star Was Born (၂၀၁၈) ပါ။

[email protected]

ဒါကြောင့် A Star Is Born ကတော့ သူမအတွက် ရုပ်ရှင်ကားကြီးအနေနဲ့ဆိုရင် ပထမဆုံးလို့တောင် ဆိုရမှာပါပဲ။ ဒီဇာတ်ကားနဲ့ Critics’ Choice Movie Award for Best Actress နဲ့ MTC Movie & TV Award for Best Performance ဆုတွေကို ရရှိခဲ့ပါတယ်။ အခုလည်း ရုပ်ရှင်ကားကြီးအနေနဲ့ Gaga ဟာ ဒုတိယံမိပရိတ်သတ်တွေရဲ့ရင်ထဲကို ရောက်စေဖို့အတွက် ပြင်ဆင်နေပါပြီတဲ့လေ။

ဒါကတော့ Buzz Feed မှ ဖော်ပြချက်အရ အခုဇာတ်လမ်းလေးကတော့ ခင်ပွန်းသည်ကို ကွာရှင်းပြီးနောက်မကျေနပ်လို့ဆိုပြီး လုပ်ကြံခိုင်းခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ Gaga သရုပ်ဆောင်ရမယ့် နေရာက အဲဒီလုပ်ကြံခိုင်းတဲ့ အမျိုးနေရာကဖြစ်ပါတယ်။ အမျိုးသမီးနာမည်ကတော့ Patrizia Reggiani ပါတဲ့။ ၁၉၉၈ ခုနှစ်လောက်တုန်းက Liz Taylor လို့ လူသိများခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပါ။ နောက်ပြီး သူမသတ်လိုက်တဲ့ ခင်ပွန်းဟောင်းဟာ လက်ရှိ luxurious brand တစ်ခုဖြစ်တဲ့ GUCCI ကို စတင်တည်ထောင်ခဲ့တဲ့ အမျိုးသား Maurizio Gucci ပဲဖြစ်ပါတယ်။

Patrizia Reggiani နဲ့ Gucci တို့နှစ်ယောက်ဟာ ၁၂ နှစ်ကြာလက်ထပ်ပေါင်းသင်းနေလာခဲ့ပြီးနောက် ၁၉၈၅ ခုနှစ် မေလမှာ ကွာရှင်းပြတ်ဆဲခဲ့ကြပါတယ်။ Patrizia Reggiani ရဲ့ ခရမ်းနုရောင် ညှို့မျက်ဝန်းကြောင့် ရုပ်ရှင်မင်းသမီးတစ်ယောက်နဲ့ သွားတူနေခဲ့တဲ့အတွက် သူမကို လူတွေက Liz Taylor ဆိုပြီး တင်စားခဲ့ကြတာပါ။ ကွာရှင်ပြီး ၇ နှစ်လောက်အကြာမှာပဲ Patrizia Reggiani အနေနဲ့ ဦးနှောက်အကြိတ်တစ်ခုကို ခွဲထုတ်ခဲ့ရပြီးနောက်အဲဒီဒဏ်ကြောင့်ပဲ သူမရဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းတွေ ကင်းမသွားခဲ့ပါတယ်လို့ မိသားစုရှေ့နေကိုယ်တိုင်ကိုက ထုတ်ပြောခာခဲ့တာပါ။

READ
Final မှာ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကတိပေးလိုက်တဲ့ ဖြိုးမြတ်အောင်

နောက် ကွာရှင်းခဲ့ရတာဟာလည်း သူမအနေနဲ့ ဘယ်လိုမှ မျှော်လင့်မထားတဲ့အရာတစ်ခုဖြစ်ခဲ့တာကြောင့် Patrizia Reggiani ခင်ဗျာ တော်တော်လေး ခံစားခဲ့ရပါတယ်တဲ့လေ။ ဒါကြောင့် လူရှေ့သူရှေ့ပါမကျန် ခင်ပွန်းဟောင်းဖြစ်ခဲ့တဲ့ Gucci ကို “သတ်ပစ်ချင်တယ်၊ သတ်ပစ်မယ်” ချည်း ပြောနေခဲ့တာပါ။ တကယ်လည်း Gucci ဟာ ၁၉၉၅ ခုနှစ်မှာ ရုံးသွားနေတုန်း နောက်ကျောဖက်ကနေပြီး အမည်မသိဆိုင်ကယ်သမားတစ်ယောက်ရဲ့ သေနတ်နဲ့လုပ်ကြံခြင်းကို ခံခဲ့ရကာ သေဆုံးသွားခဲ့ပါတော့တယ်။

ဒီအမှုမှာ Patrizia Reggiani အနေနဲ့ လုပ်ကြံခိုင်းကြောင်း ပြစ်မှုထင်ရှားခဲ့တဲ့အတွက် ထောင်ဒဏ်အနှစ် ၂၉ နှစ်ချမှတ်ခဲ့ပေမယ့်လို့ လွတ်ငြိမ်းချမ်းသာခွင့်၊ သက်ညှာခွင့်တွေနဲ့ ၂၀၁၆ ခုနှစ်မှာ ၁၈ နှစ်လောက် ထောင်ထဲနေခဲ့ပြီးနောက် ပြန်လွတ်လာခဲ့ပါတယ်။

READ
ကိုရီးယားရုပ်ရှင်သမိုင်းမှာ အောင်မြင်မှုမှတ်တိုင် စိုက်ထူလိုက်တဲ့ Along With The Gods”

ဒီဇာတ်ကားကို ဒါရိုက်တာကတော့ Gladiator တို့ The Martian တို့လိုမျိုး ဇတ်ကားတွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Ridley Scott ဖြစ်တာကြောင့် လက်ရာကတော့ လုံးဝကောင်းမယ်လို့ယုံကြည်ထားမိပါတယ်။ ရိုက်ကူးရေးတွေိုတော့ ဘယ်တော့စမလဲမသိသေးတဲ့အတွက် စောင့်ကြည့်ရဦးမှာပါပဲ။

[email protected]

Penny

SHARE