ဒေါ်လာ(၄၂)သန်းပေးရမယ်ဆိုပြီး ဟက်ကာတွေ ငွေညှစ်တာကို ခံနေရတဲ့ Lady Gaga

Image:IG/Lady Gaga

အဆို တော် Lady Gaga ရဲ့ ပုဂ္ဂိုလ် ရေး အချက် အလက်တွေ ခိုးယူခံလိုက်ရတဲ့ ဖြစ် ရပ် ပြီးခဲ့တဲ့ ရက် က ဖြစ်ပွား ခဲ့ပါတယ်။အသက် (၃၄)နှစ်ရှိနေတဲ့ သူမဟာ နာမည်ကြီး ထိပ်တန်း အနုပညာရှင် တွေထဲက တစ်ယောက်ပါ။သူမရဲ့ ကိုယ် ရေးအချက်အလက်တွေကို ခိုးယူခဲ့တဲ့ ဟက်ကာ အဖွဲ့ ကတော့ REvil ဆိုတဲ့ အဖွဲ့ ပါ။ဟက်ကာ တွေရဲ့ ထုံး စံ အတိုင်း ခိုးယူထားတာတွေကို ပြန်လိုချင်ရင် တောင်းသ လောက် ငွေ ကို ပေးပါ ဆိုပြီး  အမေရိကန် ဒေါ်လာ သန်း (၄၀) နဲ့ အချက်အလက်တွေ ကို ပြန်ရွေးဖို့ ဟက်ကာ တွေ ဘက်က ပြောခဲ့ ကြောင်း nme နဲ့ Asia One မှာ ဖော်ပြ ထားပါတယ်။

Image:IG/Lady Gaga

ဟက်ကာ တွေ က တော့ သူမရဲ့ လူသိခံလို့မရတဲ့ ပုဂ္ဂိုလ် ရေး အချက် အလက်တွေ ကို ခိုးယူသွားခဲ့တာပါ။ခိုး ယူ ခံရတဲ့ အထဲမှာ စာချုပ် စာတမ်းတွေ၊သေချာ မချုပ်ဆို ရ သေးတဲ့ သ ဘောတူညီမှု စာချုပ်တွေ၊ဖုန်းနံပါတ်၊ Email တွေ နဲ့ တခြား ပုဂ္ဂိုလ် ရေး စာအဆက်အသွယ်တွေ ပါဝင် ပါတယ်။ ဒေါ်လာ  (၄၂) သန်း ပေးပြီး အချက်အလက်တွေ ကို ပြန် ရွေးဖို့ ကိုတော့ Gaga ရဲ့ ရှေ့ နေ တွေ က  ငြင်းဆိုထားပါတယ်။အချက် အလက် တွေ က တော့ အွန် လိုင်း ပေါ် က နေ  ပေါက်ကြား ခဲ့ရတာပါ။ဥ ပ ဒေ ရေးရာ ကုမ္ပဏီ Grubman Shire Meiselas & Sacks တို့ ကတော့ Gaga အပြင် Bruce Springsteen, Madonna, Drake တို့ ကိုပါ  ဥ ပ ဒေရေးရာ တွေကိုပါ ကိုယ်စားပြု တဲ့ ကုမ္ပဏီပါ။အဲ့ဒီ ဆယ်လီ တွေ ကလည်း Gaga လိုပဲ REvil ဆိုတဲ့ ဆော့ဖ်ဝဲလ်ကို သုံးပြီး ခြိမ်း ခြောက် ငွေညှစ် တာမျိုးကို ခံရဖူးတယ်လို့ ဆိုပါတယ်။

READ
စပိန်နိုင်ငံကရှုခင်းလှလှလေးတွေမှာ ဖိုတိုရှုတင်ပြုလုပ်ခဲ့တဲ့ Park Shin Hye
Image:IG/Lady Gaga

ဟက်ကာ တွေ က သူတို့ ခိုးထားတဲ့ အချက်အလက် (756 GB) ကို ဒေါ်လာ (၄၂)သန်းနဲ့ ပြန် ရွေး ရမယ်ဆိုပြီး ပြော ခဲ့ပါတယ်။ဥ ပ ဒေ ကုမ္ပဏီ ဘက်က တော့ တောင်းသ လောက် ငွေ ကို ပေးပြီး ဟက်ကာ တွေ နဲ့ညှိနှိုင်းတာ မျိုး မလုပ်ဘူးလို့ ပြောခဲ့ပါတယ်။anti-malware software company Emsisoft မှ တာဝန်ရှိသူ တစ်ယောက် ကတော့ ဟက်ကာ တွေ တောင်းတဲ့ ပမာဏာ ဟာ သူတို့ သိရ သ လောက်ဆိုရင် ဒုတိယ အများဆုံး ပြန် ရွေး ငွေ ပမာဏ လို့ ပြောခဲ့ပါတယ်။ကုမ္ပဏီက ငွေ ပေးပြီး ပြန်ရွေးရင်တောင်မှ ဟက်ကာတွေ က ဒီအချက် အလက် တွေကို ဖျက်စီး မပစ်ဘူးလို့ လည်း  ပြောလို့ မရတဲ့ အ နေ အထားပါ။Madonna, Nicki Minaj ၊ Bruce Springsteen အပြင် တခြားဆယ်လီ တွေ လည်း Gaga လို အလားတူ အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

 

View this post on Instagram

 

Saturday ‍♀️

A post shared by Lady Gaga (@ladygaga) on

SHARE