Lady Gaga ရဲ့ “Stupid Love” MV ထွက်ရှိ

Image:IG/Lady Gaga

Lady Gaga  ရဲ့ သီချင်းသစ်တစ်ပုဒ် ထွက်ရှိလာခဲ့ပါပြီ။သီချင်းရဲ့ နာမည်က တော့ ‘Stup id Love’ ပါ။ဖေဖော်ဝါရီ (၂၈) ရက်နေ့က ထွက်ရှိခဲ့တာပါ။ဒီသီချင်းဟာ လွတန်ခဲ့တဲ့ တစ် လ ကျော် လောက်တုန်းက အွန်လိုင်းပေါ် မှာ ပေါက် ကြားခဲ့ဖူးပါတယ်။အွန်လိုင်းမှာ ပေါက်ကြားပြီး နောက်မှာတော့ ဒီတစ်ခါမှာ တရားဝင် MV အဖြစ် ထွက်ရှိလာခဲ့တာပါ။ အရောင်စုံ ကာလာ စုံနဲ့  အမိုက်စား MV ပါ။Gaga ကတော့ သူမရဲ့ အယ်ဘမ် သစ် ထွက်မယ့် ရက်ကိုပါ တရားဝင် ကြေညာလိုက်ပါတယ်။

Image:IG/Lady Gaga

Lady Gaga ကတော့ သူမရဲ့ အယ်ဘမ် သစ်  “Chromatica,”  ထွက်ရှိမယ့် ရက်ကိုလည်း တွစ်တာမှာ တရား ၀င် ကြေညာလိုက်ပါပြီ။ ဧပြီ လ (၁၀) ရက်နေ့မှာ ထွက်ရှိ မှာပါ။အခုတည်းက Pre Order ကြိုမှာ ထား ပါ ဆိုပြီး Lady Gaga က ပြောထားပါတယ်။iTunes  မှာရှိတဲ့ အယ်ဘမ် Page ရဲ့ ဖော်ပြ ချက်အရ  အယ်ဘမ်မှာ သီချင်း (၁၆) ပုဒ် ပါဝင် သွားမှာပါ။Lady Gaga က တော့ အယ်ဘမ်ရဲ့ executive producer နေရာ ကနေ တာဝန် ယူ ထားပါတယ်။producer/songwriter အဖြစ် ကတော့ Bloodpop (Michael Tuck er) က တာဝန်ယူထားပါတယ်။“‘Chromatica’  ကိုတော့ CD ၊ ကာလာစုံ ပလတ်စတစ် ဗီနိုင်း၊ကတ်ဆက် အခွေ  ပုံစံ မျိုးစုံနဲ့ ရရှိ နိုင် မှာပါ။

READ
သင်ဇာဝင့်ကျော်နဲ့ ရိုက်ကူးထားတဲ့ အကြမ်းစားပုံရိပ်တွေကို ချပြလိုက်တဲ့ ဟိန်းမင်းသူ
Image:IG/Lady Gaga

အခု အသစ် ထွက်ရှိလာတဲ့ ‘Stupid Love’ ကတော့ (၂၀၁၇)ခုနှစ်က “The Cure,”  ထွက်ရှိပြီးနောက် သူမရဲ့ ပထမဆုံး Pop Song ပါ။ဒါပေမယ့်လည်း ဒီကြားထဲ မှာတော့ Pop သီချင်းဆိုခဲ့ဖူးပါတယ်။(၂၀၁၈) ခုနှစ် တုန်းကတော့  A Star is Born ဆိုတဲ့ ဇာတ်ကားထဲမှာ Bradley Cooper နဲ့ အတူ  သီချင်းအတူ တွဲ သီဆို ခဲ့ ဖူးပါတယ်။

“Stupid Love”  က တော့ ဇန်န၀ါရီ (၁၈) ရက်နေ့က အွန်လိုင်းပေါ် မှာ ပေါက် ကြားခဲ့တာပါ။သုံး ရက် အကြာမှာ တော့ Full Vision နဲ့ ကို ထွက်လာခဲ့တာပါ။Lady Gaga  အတွက်ကတော့ ဒီလို ပေါက်ကြားမှု မျိုးက မဆန်းတော့ပါဘူး။ “Paparazzi” MV တုန်းကလည်း တရားဝင် မထုတ်ခင် မှာ  ပေါက်ကြားခဲ့ဖူးပါတယ်။

READ
အစိမ်းရောင်လေးနဲ့ တစ်မျိုးလှနေတဲ့ အိချောပို

Source:vulture

SHARE