အလစ်သုတ်သမားတွေလက်က ကာကွယ်ပေးဖို့ ပိုက်ဆံအိတ် သယ်ပေးနေတဲ့ခွေးလေး

Twitter / YahooNews

လုယက်မှုဆိုတာ နိုင်ငံတိုင်းမှာ ရှိနေပါတယ်။ ယနေ့ခေတ်မှာ တော်တော်များများက သူတို့ လုယက်ရမယ့် ပစ်မှတ်ကို ဈေးတွေ၊ လူစည်ကားရာနေရာမှာ သိပ်မရှာကြတော့ဘဲ၊ ဘဏ်ကနေ ငွေထုတ်လာသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ကြလေ့ရှိပါတယ်။ မြို့ကြီးတွေမှာလည်း ဘဏ်က ပိုက်ဆံထုတ်လာသူတွေ မကြာခဏ အလုခံနေရတာကို အားလုံး ဂရုစိုက်ကြဖို့ လိုပါတယ်။

တစ်ချို့ကတော့ ခါးပိုက်နှိုက်ရန်ကို ကြောက်လို့ ကျောပိုးအိတ်ဆိုရင် ကျောမှာ ပိုးရမယ့်အစား၊ ရင်ဘတ်ရှေ့ကို ထားပြီးလွယ်တတ်ပါတယ်။ တစ်ချို့ကတော့ ပိုက်ဆံအိတ်မှန်း မသိသာအောင် သာမန် ပစ္စည်းထုတ်တဲ့ အိတ်တွေနဲ့ အလစ်သုတ်သမားတွေကို လှည့်စားကြပါတယ်။ ဒါပေမယ့် ကံဆိုးရင် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စိတ်မချရပါဘူး။

Twitter / Mywatch

အခု အမျိုးသမီးတစ်ဦးကတော့ ဘဏ်ကနေ ပိုက်ဆံထုတ်လာပြီး၊ ပိုက်ဆံအိတ်ကို သူမ သယ်ရမယ့်အစား၊ ခွေးလိမ္မာလေးကို သယ်ခိုင်းတာပါ။ လုယက်သူတွေကို ဒီနည်းနဲ့ ကာကွယ်နိုင်မယ်လို့ သူမ တွေးမိပုံပါဘဲ။ ဒါပေမယ့် တိရိစ္ဆာန်ဆိုတာကလည်း တကယ်ကြောက်စိတ်ကင်းတဲ့သူ၊ ရက်စက်သူနဲ့တွေ့ရင် ပြုသမျှ နုရတတ်ပါတယ်။

Twitter / Mywatch

ဒီအကြောင်းကို MyWatch အမည်ရ တွစ်တာပေါ်မှာ တင်ထားတာပါ။ ခွေးလေးကတော့ Rottweiler ခွေးအမျိုးအစားပါဘဲ။ ခွေးလေးကိုက်ချီလာတဲ့ ပိုက်ဆံအိတ်ဟာ သေးသေးလေးဖြစ်ပြီး ဆိုင်ကယ်ပေါ်ကနေ လှမ်းယူလိုက်ရင် အလွယ်လေးပါ။ ဒါပေမယ့် ဒီအမျိုးသမီးကတော့ သူမရဲ့ ပိုက်ဆံအိတ်က ခွေးလေးပါးစပ်ထဲမှာ ကိုက်ချီထားချိန်က ပိုပြီးလုံခြုံတယ်လို့ စိတ်ချလက်ချ ယုံကြည်ထားတဲ့  သဘောပါ။

လင်းသူရိန်

SHARE