To All the Boys I’ve Loved Before ရုပ်ရှင်ဇာတ်ကားမှ အဓိကရုပ်ရှင်သရုပ်ဆောင် Lana Condor က Netflix မှာ ထင်ထားတာတက် ဇာတ်ကားပေါက်ပြီးနောက်ပိုင်း သူမရဲ့စိတ်ကျန်းမာရေးဟာ စတင်ဆိုးရွားလာကြောင်း ပြောပြခဲ့ပါတယ်။ “ကျွန်မ ခေါင်းဆောင်မင်းသမီးအနေနဲ့ ပထမဆုံးရိုက်တဲ့ဇာတ်ကား ပေါက်သွားတယ်။ ကျွန်မဘဝ မြန်မြန်ကြီးပြောင်းလဲသွားတယ်။” လို့ Condor က ပြောပြခဲ့ပါတယ်။
Condor ဟာ ၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်ကားမှာ အချစ်ကိုစွဲလန်းတဲ့ ဆယ်ကျော်သက်လေး Lara Jean အဖြစ်ပါဝင်ခဲ့တာပါ။ ရုပ်ရှင်ကိုတော့ Jenny Han ရဲ့ စာအုပ်စီးရီးပေါ်မှာ အခြေခံကာရိုက်ကူးထားတာပါ။ To All the Boy ဟာ streamer တွေထဲ အကြီးအကျယ်အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။ To All the Boys ဒုတိယဇာတ်ကားကတော့ ၂၀၂၀ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး တတိယမြောက်နဲ့နောက်ဆုံးဇာတ်ကားကတော့ ဖေဖော်ဝါရီ ၂ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။
View this post on Instagram
ဒါ့ပြင် Condor က TATB ရုပ်ရှင်ဇာတ်ကားတွေတင်မကသေးဘဲ Deadly Class စီးရီးတွေကို ရိုက်ကူးတုန်းကလည်း စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်တွေကိုခံစားခဲ့ရကြောင်းပြောပြပါတယ်။ သူမဟာ Deadly Class ထဲမှာတော့ ဇာတ်ကောင် Saya Kuroki နေရာကနေ ပါဝင်သရုပ်ဆောင်ရတာဖြစ်ပါတယ်။
View this post on Instagram
“ကျွန်မ အားလုံးပြောသမျှကို ခေါင်းပဲညိမ့်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တစ်သက်မှာတစ်ခါရတဲ့ အခွင့်အရေးမို့လို့လေ။ ဒါပေမဲ့လည်း အခုလောက်တစ်ခါမှ စိတ်ဖိစီးမှုကြုံတာမျိုး မခံစားရဖူးဘူး။ ကျွန်မ လုံးဝခွန်အားမရှိတော့ဘူး။ အိမ်ကိုပြန်သွားလည်း စကားမပြောနိုင်ဘူး။ မစားနိုင်ဘူး။ မအိပ်နိုင်ဘူး။ တုန်တုန်လှုပ်လှုပ်နဲ အိပ်ရာထဲဝင်ပြီး တုန်တုန်လှုပ်လှုပ်ပဲ ပြန်နိုးလာရတယ်။” ထို့နောက်မှာတော့ Condor ဟာ သူ့အဖွဲ့ဆီကိုဖုန်းဆက်ပြီး သူမတကယ်အဆင်မပြေတော့ဘူးဆိုတဲ့အကြောင်း ငိုပြီးပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ကူညီပေးတတ်တဲ့ သူမရဲ့ရုပ်ရှင်အဖွဲ့သားတွေနဲ့ မိသားစုကြောင့် အခုအခါမှာတော့ စိတ်ဖိစီးမှုတွေကနေ တဖြည်းဖြည်းသက်သာရာရနေပြီလို့လည်း Condor က ပြန်လည်ပြောပြခဲ့တာကို insider အရ သိရပါတယ်။
View this post on Instagram
ShweMom