ချစ်သူကို IG မှာ တရားဝင် ထုတ်ပြလိုက်တဲ့ Lana Del Rey

Image:twitter/@LDRdailys

နာမည်ကြီးအဆိုတော်တစ်ယောက် ဖြစ်သလို သီချင်းတွေလည်းရေးတဲ့ Lana Del Rey က တော့ အခုဆိုရင် အချစ်နဲ့ တွေ့လို့ အရမ်းကို ပျော်နေပါပြီ။Lana Del Rey  ရဲ့ အသက်ကတော့ (၃၄)ပါ။ Lana က တော့လက်ရှိ တွဲ နေတဲ့ ချစ်သူ က  တော့ သူမ ထက် အသက်ပိုကြီးပါတယ်။ရဲအရာရှိတစ်ယောက်ပါ။ကော်ဖီဒိတ်လုပ်နေ တာကို တွေ့ ပြီးနောက် သူတို့ရဲ့ အချစ်ရေးက လူသိသွားခဲ့တာပါ။တွဲနေတာ သုံး လ လောက်တော့ရှိပါပြီ။

Image:twitter/@LDRdailys

Lana  ကတော့ သူမရဲ့ ချစ်သူကို Instagram မှာ တရားဝင် ထုတ်ပြလိုက်ပါတယ်။နှစ်ယောက်စုံတွဲ ပုံလေးကို တင်ခဲ့တာပါ။ပါပါရာဇီ တွေ က ထုတ်ဖော်ပြတဲ့ သူတို့နှစ်ယောက်တွဲ ပုံတွေ ကတော့ အရင်ကလည်း အများကြီး ထွက်ပေါ် ခဲ့ဖူးပေမယ့် သူမရဲ့ IG မှာ စုံတွဲ ပုံကို တရားဝင် ချ ပြလိုက်တာ ကတော့ ဒါပထမဆုံးပါ။Lana ကတော့ ပုံရဲ့ Caption မှာ ဘာ စကား စာသားမှ တပ်မထားပဲ အနက်ရောင် အသဲပုံ Emoji လေးကိုပဲ ထည့်ထားပါတယ်။

 

View this post on Instagram

 

💕🍊

A post shared by Lana Del Rey (@lanadelrey) on

Lana နဲ့ တွဲ နေတဲ သူကတော့  ရဲအရာရှိ Sean “Sticks” Larkin ပါ။နှစ်ယောက်ဟာ အပန်းဖြေဥယျာဉ်အတွင်း လျှောက်လည်ခဲ့ကြပြီး နှစ်ယောက်အတူ Ice Coffee တွသောက်ပြီး စကားတွေပြောနေခဲ့ကြ  တဲ့ ပုံ တွေ ထွက် ပေါ်လာပြီးနောက်  Enterta -inment Tonight တီဗီအစီအစဉ်တစ်ခုကနေ အတည်ပြု ပြောကြားခဲ့ပါတယ်။Sti cks ဟာလည်း သူ့နည်းသူ့ဟန်နဲ့ ထင်ပေါ်ကျော်ကြားသူတစ်ဦးပါ။ သူဟာ Instagram မှာ Follower အယောက် (၁၆၇၀၀၀) ရှိတာကြောင့် ဥပဒေလောကအသိုင်းအ၀ိုင်းမှာလည်း ထင်ပေါ်ကျော်ကြားသူ ရဲအရာရှိတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ A&E’s Live PD အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူဖြစ်ပြီး Emmy ဆုကိုတောင် ရရှိထားသူတစ်ဦး ပါ။

READ
ပရိသတ်တွေအတွက် Online ပေါ်ကနေ Harry Potter စာအုပ်ဖတ်ပြခဲ့တဲ့ Alia Bhatt
Image:twitter/@LDRdailys

Source:buzzfeed

SHARE