သူမရဲ့ ချစ်သူမှာ ရှိရမယ့်အချက်(၃)ချက်ကို ဖွင့်ဟပြောပြခဲ့တဲ့ အပြာမယ် Lana Rhoades

Instagram/LanaRhoades

နာမည်ကျော် အပြာဝက်ဘ်ဆိုဒ်ကြီးတစ်ခုဖြစ်တဲ့ Pornhub မှာ ရှာဖွေမှုအခံရဆုံး မင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Lana Rhoades ကတော့ သူမအလိုရှိတဲ့ အမျိုးသားတစ်ယောက်မှာ သတ်မှတ်ချက်(၃)ခုနဲ့ ပြည့်စုံနေရမယ်လို့ ဆိုပါတယ်။ Lana က သူမဟာ အခုဆိုရင် တစ်ကိုယ်ရေဖြတ်သန်းနေရတာကို ညည်းငွေ့နေပါပြီတဲ့။ သူမဟာ အနာဂတ်လက်တွဲဖော် ရှာတော့မယ့် သဘောပါ။

အသက်(၂၃)နှစ်အရွယ် ချီကာဂိုဇာတိဖွား Lana က YouTube ချန်နယ်တစ်ခုဖြစ်တဲ့ Q&A မှာ သူမအလိုရှိတဲ့ အမျိုးသားတစ်ယောက်မှာ ပြည့်စုံနေရမယ့်အချက်(၃)ချက်ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ အဆိုပါ ချန်နယ်မှာ Subscribe ပြုလုပ်ထားသူ (၃၄၆,၀၀၀)အထိ ရှိပါတယ်။

 

သူမက “ ကျွန်မက ဘယ်လိုကောင်လေးကို သဘောကျလဲဆိုရင် … ကျွန်မက ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နေနိုင်သူတစ်ယောက်ပါ .. ဒီတော့ ကျွန်မအနေနဲ့ လူတစ်ယောက်ကို ငွေရေးကြေးရေးအတွက် အလိုမရှိပါဘူး … ပြောရရင် ငွေရေးကြေးရေးကို ဂရုမစိုက်ပါဘူး … ကျွန်မ Date ချင်တဲ့ ကောင်လေးမှာ အလုပ်မရှိလည်းဖြစ်တယ် .. ရှိလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

နောက် သူမက “ ကျွန်မမှာ ငွေဆိုတာ မလိုအပ်ပါဘူး … ဒီတော့ တစ်ခြားကောင်လေးတွေနဲ့ တူချင်မှ တူမယ် … တကယ်လည်း ကျွန်မက ငွေရေးကြေးရေးကို ဂရုစိုက်သူ မဟုတ်ပါဘူး .. ကျွန်မ ရှာဖွေနေတာက သဘာဝအတိုင်း စွဲဆောင်မှုရှိသူ … အဲဒီလို ဓာတ်သဘောကို ချစ်ပြီး အချစ်ခံချင်သူပါ … ရှင့်ကိုရှင် ဟုတ်လှပြီထင်နေပေမယ့် ကျွန်မက ရှင့်ကို ခံစားလို့ ရချင်မှ ရမှာ … ဂရုစိုက်မိချင်မှ ဂရုစိုက်မှာ ”လို့ ပြောခဲ့ပါတယ်။

နောက်ပြီး သူမဟာ ရယ်ရယ်မောမောနေတတ်ပြီး ဟာသပြောတတ်တဲ့ အမျိုးသားမျိုးဆိုရင်လည်း ပိုးပန်းတာကို ခံချင်တယ်လို့ ပြောပါတယ်။ သူမက “ ဒုတိယလိုအပ်ချက်ကတော့ အတူတကွ ရယ်မောနိုင်တဲ့လူပေါ့ … တစ်ချိန်မှာတော့ ရှင်တို့လည်း ဒီအချက်ကို ကောင်းကောင်း သဘောပေါက်ပါလိမ့်မယ် … နှစ်ယောက်သား ရယ်စရာ ဟာသတွေ ရှိနေခြင်းဟာ ကျွန်မအတွက် အလွန်အရေးကြီးပါတယ် ”လို့ ပြောခဲ့ပါတယ်။

သူမက “ နောက်ဆုံးတစ်ချက်ကတော့ သူတို့ဟာ ကျွန်မကို ငွေကြေးအတွက် အသုံးချနေတာလား … ဒါမှမဟုတ် အပြာမယ်တစ်ယောက်ကို Date ရတာ အေးဆေးပါဘဲဆိုပြီး တွေးနေလားပေါ့ … လူတိုင်းဟာ အချစ်ရေးမှာ အသုံးချခံနေရတာပါဘဲ … ကျွန်မ နာမည်မကြီးခင်တုန်းက ဒီလို ကောင်လေးတွေ တွေ့ခဲ့ရဖူးတယ် … အခုလိုအခြေအနေဆို ပိုဆိုးတာပေါ့ .. ဒီတော့ သူတို့က ကျွန်မအတွက် တကယ် နှစ်နှစ်ကာကာ ခံစားရတာမျိုး လိုချင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

 

 

View this post on Instagram

 

Don’t worry, I can handle it 😉@fashionnova

A post shared by Lana Rhoades (@lanarhoades) on

Lana က သူမအနေနဲ့ မကြာမီမှာ သူမ ရှာဖွေနေတဲ့သူကို အမြန်ဆုံးရှာတွေ့နိုင်မယ်လို့ ယုံကြည်နေပါတယ်။ သူမဟာ လူတစ်ယောက်ကို Date ဖို့ အများကြီးလိုအပ်ချက် မထားပါဘူးတဲ့။ အဓိကအနေနဲ့တော့ သဘာဝအတိုင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနီးဖို့ပဲလို့ ပြောပါတယ်။ တိုင်ပင်စရာရှိရင် သူငယ်ချင်းတစ်ယောက်လို၊ ချစ်တင်းနှောတဲ့အပိုင်းမှာလည်း စွမ်းဆောင်ရည်မြင့်တဲ့လူမျိုးကို မျှော်လင့်ပါသတဲ့။

လင်းသူရိန်

SHARE