စီးပွားရေးကျပ်နေချိန်မို့ အခန်းငှားခ တွေကို ဈေးလျှော့ပေးခဲ့တဲ့ ကိုရီးယားဆယ်လီများ

Image:IG/Rain

ကိုရီးယားနိုင်ငံမှာရှိတဲ့ အနုပညာရှင် ဆယ်လီေ တွ ကတော့  ပိုက်ဆံရှိလာရင် မြေ၊အိမ်ခန်း၊တိုက်ခန်းတွေ ကို ၀ယ်ယူပြီး ရင်းနှီးမြှုပ်နှံ ကြတာပါ။သူတို့ ၀ယ်ထားတဲ့ မြေ၊ အိမ်ခန်း၊ တိုက်ခန်းတွေ ကို ပြန်ပြီး  ငှားစား ကြတာ များပါတယ်။အခုဆိုရင်တော့ သူတို့ဟာ အိမ်ခန်း ၊မြေ ငှားရမ်းခ တွေကို ထက်ဝက် ဈေး  လျှော့ ပေးလိုက်ကြပါတယ်။ဒီလို ဈေး  လျှော့ ပေးရတဲ့ အဓိက အကြောင်းအရင်း ကတော့ လက်ရှိမှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ COVID-19 ကြောင့်ပါ။ရောဂါကူးစက်မှုကြောင့် စီးပွားရေး ကဏ္ဍ  အပေါ် မှာလည်း အများကြီး ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။။ဒါကြောင့် ရုန်းကန် နေရတဲ့ ပြည်သူ အချင်းချင်းစာနာ ထောက်ထားတဲ့ အနေနဲ့  မြေ၊အိမ် ငှားခ တွေကို ဈေး လျော့ ပေးခဲ့တာပါ။ဈေး  လျှော့  ပေးခဲ့ကြတဲ့ ဆယ်လီတွေ ကတော့ ..

Hong Suk Chun

မင်းသား Hong Suk Chun ကလည်း သူ့ရဲ့ Instagram ကနေ အခုလို ကြေညာခဲ့ပါတယ်။ ဆိုးလ်မြို့ Itaewon မှာရှိတဲ့ သူ့ရဲ့ အဆောက်အအုံ ငှားရမ်းခ ကို  ဈေးလျှော့ ပေးဖို့ ဆုံး ဖြတ်လိုက်တဲ့ အကြောင်းကို ကြေညာခဲ့ပါတယ်။လူတိုင်းက စီးပွားရေးကြပ်တည်း ရုန်းကန် နေရတဲ့ အတွက်ငှားခ တွေကို  လျှော့ ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး၊သူ့ရဲ့ ဆုံးဖြတ်ချက်က တခြားသူတွေအတွက် ခွန်အားဖြစ်စေဖို့ မျှော်လင့် ကြောင်း IG မှာ ပြော ခဲ့ပါတယ်။ ကိုရီးယား ပြည်သူတွေ Fighting! ပါလို့ ပြောထားပါတယ်။

READ
ဆောင်ဂျွန်ကီရဲ့ မင်္ဂလာသတင်းအပေါ် ဟာသနှော တုံ့ပြန်လိုက်တဲ့ လီကွမ်ဆို

Rain

 

View this post on Instagram

 

#새해부터열일#새해복터지세요😍

A post shared by RAIN♥ (@rain_oppa) on

Rain  ကလည်း အဆောက်အအုံတွေ အများကြီး ပိုင်ပါတယ်။ဆိုးလ်မြို့၊Cheong dam  မှာ ရှိတဲ့ သူ့ရဲ့ အဆောက်အအုံ ကြီး ငှားရမ်း  ခ ကို မတ်လ အတွက် (၅၀) ရာခိုင်နှုန်း ဈေး  လျှော့   ပေးခဲ့ပါတယ်။အငှား သမားတွေကို စာနာ တဲ့ အနေနဲ့ တမင် ဈေးချ ပေးလိုက်တာပါ။

Kim Tae Hee

Kim Tae Hee ကလည်း  သူမ ပိုင်ဆိုင်တဲ့Yeoksam မှာရှိတဲ့ အဆောက်အအုံ  ငှားရမ်း ခ ကို မတ်လ အတွက် (၅၀) ရာခိုင်နှုန်း ဈေးလျှော့ ပေးခဲ့ပါတယ်။

READ
Priyanka Chopra နဲ့ တူတယ်ဆိုပြီး နာမည်ကြီးနေတဲ့ အမေရိကန်မော်ဒယ်

Seo Jang Hoon

Image: Running Man screen shot

ဘတ်စကတ် ဘော ကစားသမားဟောင်း Seo Jang Hoon ကလည်း ဆိုးလ်မြို့ Mapo မှာရှိတဲ့ သူ ပိုင်ဆိုင်တဲ့ တိုက်ခန်း (၃)ခန်းရဲ့ အခန်းခ တွေကို (၁၀) ရာခိုင်နှုန်း ဈေးလျှော့ ပေးခဲ့ပါတယ်။မတ်လအပြင် နောက်ထပ် နှစ်လ စာ ပါ ဈေးလျှော့ ပေးလိုက်တာပါ။အများပြည်သူ စီးပွားရေး ခက်ခဲ နေချိန်မှာ သူအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီ ပေးတဲ့ အ နေနဲ့ ငှားခ တွေကို ဈေးလျှော့ ယူခဲ့တာပါ။

Source:Soompi

SHARE