လူတွေနဲ့ လုံးဝထိတွေ့ခြင်း မရှိသေးတဲ့ ကမ္ဘာအနှံ့မှ အပျိုစင်မြေများ

အမှန်တိုင်း ပြောရရင်တော့ လူတွေနဲ့ ထိတွေ့မှုအရမ်းနည်းတဲ့ သဘာဝပတ်ဝန်းကျင် မြေနေရာများဟာ အခြားနေရာများထက် ပိုပြီး လှတတ်ကြပါတယ်။ ဒီတစ်ခေါက် ဖော်ပြပေးမှာကတော့ ကမ္ဘာအနှံ့မှ လူတွေနဲ့ ထိတွေ့မှုမရှိသလောက် နည်းကြတဲ့ ဒေသများအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လောက်ထိ လှသလဲဆိုတာတော့ ပုံတွေကြည့်ပြီး ကြည့်လိုက်ပါဦး။

ရုရှားရဲ့ တောကြီးမျက်မည်းထဲက ရေအိုင်လေး

ဘယ်နေရာမှာရှိတယ်ဆိုတာ တိတိကျကျမသိရပေမယ့် Tyumen ဒေသမှာရှိမယ်လို့ ခန့်မှန်းရပါတယ်။

© earth-chronicles

ဗင်နီဇွဲလားရဲ့ Tepui

Tepui ဆိုတာ ရှေးဟောင်း Gran Sabana လူမျိုးတွေရဲ့ ဘာသာစကားအရ နတ်ဘုရားတွေစံမြန်းရာနေရာလို့ အဓိပ္ပာယ်ရပါတယ်။

© kn3 © blazepress © samsebemagellan

Honokohau ရေတံခွန်၊ Maui

စိမ်းစိုလှပပြီး မြင်လိုက်တာနဲ့ ရင်သက်ရှုမောဖွယ် ကောင်းလှတဲ့ ရှုခင်းတွေနဲ့ ပတ်ပတ်လည်ဟာ ပြည့်နှက်နေပါတယ်။

© media © mirkrasiv © eco

အမေဇုန်မိုးသစ်တော

တောင်အမေရိက၊ ဘရာဇီး၊ ပီရူး၊ ကိုလံဘီယာ၊ ဗန်နီဇွဲလား၊ အီကွေတော၊ ဘော်လိဗီးယား၊ ဂိုင်ယာနာ၊ ဆူရာနမ် နဲ့ ပြင်သစ် ဂိုင်ယာနာစတဲ့ နိုင်ငံ (၉) နိုင်ငံနဲ့ တစ်ဆက်တည်း ဖြစ်နေတဲ့ သစ်တောကြီးပါ။ အရမ်းကို ကျယ်ပြန့်လွန်းလို့ အမေဇုန်မိုးသစ်တောကြီးအနှံ့ ရောက်ဖူးတဲ့ လူသားဆိုတာ မရှိသလောက်ပါပဲ။

READ
ရေမလိုတဲ့အိမ်သာတွေကို တည်ဆောက်နေတဲ့ (၂၈) နှစ်အရွယ် အမျိုးသမီးလေး
© lejournalinternational © schraubwerk © brasileiro
© lejournalinternational © schraubwerk © brasileiro

ဘူတန်ရဲ့ Gangkhar Puensum

လူသားတွေ မတက်နိုင်တဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ဘူတန်နဲ့ တရုတ်နိုင်ငံကြားမှာရှိပြီး အမြင့်ပေ (၇,၅၇၀) ပေနဲ့ ကောင်းကင်ယံဆီသို့ ထိုးတက်လျက်ရှိပါတယ်။

© imgur © amazonaws © lh4
© imgur © amazonaws © lh4

မာဒါဂတ်စကာရဲ့ အထင်ကရ ကျောက်တုံးသစ်တော Tsingy de Bemaraha

နှစ်ပေါင်း ထောင်၊ သောင်းလောက်ကတည်း သဘာဝအလျာက်ဖြစ်ပေါ်နေတဲ့ ကျေက်တုံးတွေပါ။ အမြင့်အနေနဲ့ (၁၂၀) မီတာလောက်ပျမ်းမျှရှိနေပါတယ်။

© eclipses

ပစိဖိတ်သမုဒ္ဒရာထဲက Palau ရဲ့ ကျောက်တုံးကျွန်းများ

© gifsanimes © goodwp © medias
© gifsanimes © goodwp © medias

Source: Bright Side

Penny

 

 

SHARE