(−5 °C )မှာ အိပ်စက်တည်းခိုနိုင်မယ့် ကမ္ဘာ့ပထမဆုံး ရေခဲဟိုတယ်

အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ ပုံစံအမျိုးမျိုးရှိတဲ့ ဟိုတယ်တွေအများကြီး ရှိပေ မယ့် ဆွီဒင်နိုင်ငံက ရေခဲဟိုတယ်ကတော့ တော်တော်လေးထူးဆန်းတယ်လို့ ဆိုရမှာပါ။ဒီလောက်အေးစက်နေတဲ့ ရေခဲဟိုတယ်မှာ ဘယ်လိုနေမှာလဲ.?ဘာေ တွကိုဝတ်ပြီးနေရမှာလဲ .?စတဲ့ မေးခွန်းတွေအများကြီးတွေ ခေါင်း ထဲမှာ သေ ချာေ ပါက်ထွက်ပေါ်လာမှာပါ။

တကယ်အေးရဲ့လားလို့ မေးလာခဲ့ရင်တော့ တကယ့်ကို အေးပါတယ်။ဆွီဒင်နိုင် ငံမြောက်ပိုင်း Kiruna မြို့မှ(၁၇)ကီလိုမီတာအကွာ jukkasjärvi ဆိုတဲ့ ရွာလေးမှာတည်ရှိတာပါ။ကမ္ဘာ့ပထမဆုံး ရေခဲဟိုတယ်ဖြစ်ပါတယ်။(၁၉၉၀)ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နှစ်စဉ်ဒီဇင်ဘာမှဧပြီလ ကာလတွေတိုင်းမှာ ပြန် လည် တည်ဆောက်ပြုပြင်မှုတွေ ပြုလုပ်နေပါတယ်။ဟိုတတ်မှာတော့ ထိုင်ခုံ၊အိပ်ယာ အစရှိတာတွေကိုအနီးအနားရှိTorne မြစ်ကနေရတဲ့ နှင်းတွေ၊ရေခဲတုံးတွေနဲ့ တည်ဆောက်ထားတာပါ။ရေခဲဟိုတယ်ထဲမှာရှိတဲ့ အခန်းတွေနဲ့အပြင် အဆ င်တွေ ကိုတော့ အနုပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဖန်တီးခဲ့တာပါ။

ဟိုတယ်ထဲမှာတော့ အိပ်ခန်းတွေပါရှိသလို ဘားတစ်ခုလည်း ပါရှိပါတ ယ်။ရေခဲ နဲ့လုပ်ထားတဲ့ ဖန်ခွက်တွေကို တွေ့မြင်ရမှာဖြစ်သလို စုံတွဲတွေ လက် ထပ်ချင်ရင် လည်း လက်ထပ်လို့ရနိုင်အောင် ရေခဲနဲ့လုပ်ထားတဲ့ ခရစ်ယာန်ဘာသာဝင်တွေ ၀တ်ပြုဆုတောင်းရာနေရာတစ်ခုကိုလည်း ထည့်သွင်းပေးထားပါတယ်။ကျယ်ဝန်း တဲ့အခန်းပေါင်း(၆၅)ခန်းပါဝင်ပြီး အခန်းတွေရဲ့အပူချိန်ကတော့ (−5 °C )ပါ ။ ရေခဲတွေနဲ့လုပ်ထားတဲ့ စားသောက်ဆိုင် တစ်ခုလည်းပါရှိကာ၊ဟိုတယ်ထဲမှာ ရှိတဲ့ နံရံ၊ကြမ်းပြင်၊မျက်နှာကျက်၊ပရိဘောကပစ္စည်း ..အားလုံးဟာ ရေခဲ နဲ့ပဲ ပြုလုပ်ထားတာပါ။

READ
ဆယ်လီတွေမှာပဲရှိနိုင်မယ့် ငွေမပေးရတဲ့ အခွင့်အရေး(၉)ခု

အိပ်ယာတွေကိုတော့ သမင်သားမွေးနဲ့ပြုလုပ်ထားတာဖြစ်ပြီး၊ဟိုတယ်ထဲမှာ အိပ်နေစဉ်သုံးဖို့ အထူး(special equipment)ပေးထားမှာဖြစ်ပါတယ်။ တခါ တည်း လူဝင်ပြီး အိပ်ရတဲ့ အသင့်အိပ်ယာ (polar-tested sleeping bags)တွေကို ပေးထားမှာပါ။ဟိုတယ်အခန်း ကတော့ ပေါင်(၂၂၀)မှစကာ (၁၀၀၀)အထိရှိပါ တယ်။

Ref;Wiki & Daily Mail
SHARE