ရေကန်ထဲ အော်ဂလီဆန်ဖွယ် အနံ့အသက်ရဲ့ နောက်ကွယ်က ဧရာမသတ္တ၀ါကြီး

လူဝီစီယားနားပြည်နယ် နယူးအော်လိန်းစ်မြို့ပြင်ဘက်က ပန်းခြံတစ်ခုမှာ တာဝန်ရှိသူတွေဟာ ပုပ်အဲ့အဲ့ အနံ့ကြီးရတာနဲ့ အနံ့လာရာနေရာကို လိုက်ပြီး စစ်ဆေးကြည့်ခဲ့ကြပါတယ်။ ဒီအခါမှာတော့ ပန်းခြံရေကန်ထဲမှာ သေဆုံးနေတဲ့ ဧရာမမိကျောင်းပါးစပ်ငါး alligator garfish ကြီးတစ်ကောင်ကို တွေ့ရှိခဲ့ကြပါတယ်။ ငါးကြီးဟာ ဘယ်ချိန် ဘယ်ကာလထဲက သေဆုံးနေတယ်ဆိုတာ မသိရပါဘူး။

facebook

ပန်းခြံထဲက ရေကန်ကြီးဟာ အရွယ်အစားအားဖြင့် (၁၄) ဧကရှိပြီး အချို့ကန်နေရာတွေမှာ (၁၆) ပေရေအနက်အထိ ရှိပါတယ်။ ရေကန်ကြီးကို ကွန်ကရစ်ပိုက်လုံးကြီးတွေကနေတဆင့် ရေဆင်းတူးမြောင်းတစ်ခုနဲ့ ဆက်သွယ်ထားပါတယ်။ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ “ငါးကြီးက ကန်ထဲကို တူးမြောင်းကနေ ၀င်လာပုံရပါတယ်။ ငါးဆီက ထွက်လာတဲ့အနံ့ကတော့ တော်တော့်ကို မနှစ်မြို့စရာ၊ အော်ဂလီဆန်ချင်စရာပါပဲဗျာ…” လို့ ငြီးတွားခဲ့ပါတယ်။

facebook

ထူးထူးခြားခြား မိကျောင်းပါးစပ်နဲ့ ငါးကြီးကို ဓာတ်ပုံရိုက်ယူပြီး အွန်လိုင်းပေါ် တင်ခဲ့ရာမှာ လိုင်းပေါ်က လူတွေကတော့ “ဒါ ဘာကောင်ကြီးလဲ… ငါးနဲ့ မိကျောင်း မျိုးစပ်ထားတာ ထင်တယ်…” ” ကြောက်ဖို့ကောင်းလိုက်တာ… ဒီလောက် အကြီးကြီးနော်… ငါးမှ ဟုတ်ရဲ့လားတောင် မသိဘူး…” လို့ အမျိုးမျိုးဆိုထားပါတယ်။

READ
ဖူးယောင်နေတဲ့ မျက်နှာတွေနဲ့ အောင်လအန်ဆန်နဲ့ဟာဆီဂါဝါ
facebook
facebook

မိကျောင်းပါးစပ်နဲ့ တူတာကြောင့် Alligator gars လို့ အမည်တွင်တဲ့ ငါးကြီးတွေကို မြောက်အမေရိကနဲ့ တောင်အမေရိကတို့မှာ တွေ့နိုင်ပါတယ်။ ငါးကြီးတွေဟာ (၁၀) ပေအရှည်အထိ ရှိနိုင်ပါတယ်။ တချို့ကောင်ကြီးတွေကတော့ သိပ်ကြီးလွန်းသွားရင် အလေးချိန်ပေါင်(၃၀၀) ထိ ရှိနိုင်ပါတယ်။

facebook
facebook

Alligator gars ကြီးတွေဟာ သမိုင်းမတိုင်မီ ရှိခဲ့တဲ့ငါးကြီးတွေလို ကြောက်မက်ဖွယ် အသွင်အပြင်နဲ့ ရှိပေမယ့် လူတွေကို တိုက်ခိုက်တယ်လို့တော့ မကြားဖူးပါဘူး။ ဒါပေမယ့် ၄င်းငါးရဲ့ ငါးဥတွေဟာ လူတွေအတွက် အဆိပ်ဖြစ်စေကြောင်းတော့ သိရပါတယ်။ Alligator gars တွေဟာ လိပ်၊ ဘဲ၊ ငါးနုတ်ငါးသေးလေးတွေနဲ့ အခြားရေသတ္တ၀ါငယ်တွေကို ဖမ်းယူစားသောက်တတ်ကြောင်း သိရပါတယ်။


လင်းလင်း (ShweMom)

Ref: foxnews

SHARE