တောမီးကနေ လွတ်မြောက်ဖို့ကြိုးစားရင်း သေဆုံးသွားခဲ့တဲ့ဧရာမမြွေကြီးတစ်ကောင်

Facebook

ပြီးခဲ့တဲ့ စက်တင်ဘာ (၁၄)ရက်၊ အင်ဒိုနီးရှားနိုင်ငံမှာ လောင်ကျွမ်းခဲ့တဲ့ တောမီး အပြီးမှာ မီးထဲကနေ လွတ်မြောက်ဖို့ကြိုးစားရင်း သေဆုံးနေခဲ့တဲ့ ဧရာမ မြွေကြီးတစ်ကောင်ကို အနီးအနားက ရွာသားတွေ တွေ့ရှိခဲ့ကြပါတယ်။

ဧက (၈၀၀၀၀၀)လောက် လောင်ကျွမ်းခဲ့တဲ့ အဲဒီ တောမီးဟာ အင်ဒိုနီးရှားနိုင်ငံတွင်းမှာ ကြီးမားတဲ့ တောမီးတစ်ခုဖြစ်ခဲ့ပြီး တာဝန်ရှိသူတွေက တောမီးကို ဖန်တီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်က လူပေါင်း (၁၈၅) ဦးကို တရားစွဲထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံတွင်းက စိုက်ပျိုးရေးကုမ္ပဏီ (၄)ခုကလည်း အဲဒီတောမီးအတွက် စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရပြီး သူတို့ရဲ့ စိုက်ပျိုးမြေတွေကို ရှင်းလင်းဖို့အတွက် မီး စတင်ရှို့ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။

အဲဒီ တောမီးလောင်ကျွမ်းမှုအပြီး၊ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲ့တာကတော့ မီးလောင်ကျွမ်းခံရပြီး သေဆုံးနေခဲ့တဲ့ ဧရာမ မြွေကြီးတစ်ကောင်ရဲ့ ဓာတ်ပုံဖြစ်ပြီး CAN Borneo ဆိုတဲ့ သတင်းစာမျက်နှာကနေ စတင် ဖော်ပြခဲ့တာပါ။

READ
မီဂန်ကို ဒိုင်ယာနာရဲ့ နန်းစဉ်ရတနာတွေ ဆင်မြန်းခွင့်ပိတ်ပင်ခဲ့တဲ့ ဘုရင်မကြီး

(၃၂)ပေ လောက် အရှည်ရှိပြီး ၊ လုံးပတ် (၇.၈)လက်မလောက် ရှိတဲ့ စပါးကြီးမြွေကြီးဟာ မီးအတွင်းကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမယ့် ကြီးမာတဲ့ တောမီးကို အရှုံးပေးလိုက်ရပြီး သေဆုံးနေခဲ့ပုံကို ဖော်ပြခဲ့တာပါ။

သူ့ရဲ့ပါးစပ်ကို ဟပြီး သေဆုံးနေခဲ့တဲ့ ပုံစံကြောင့် မြွေကြီးဟာ မီးလောင်ကျွမ်းမှုတွေကို ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရပုံပေါ်တယ်လို့ မြင်တွေ့ရသူတွေက မှတ်ချက်ပေးနေကြပြီး စိတ်မကောင်းစရာ ဓာတ်ပုံတစ်ပုံလို့ သတ်မှတ်ခဲ့ကြတာပါ။

ဒေသခံတွေကတော့ အဲဒီ တောမီးအတွင်းမှာ သေဆုံးခဲ့တဲ့ တိရစ္ဆာန်တွေအများကြီးရှိခဲ့တယ်လို့ ပြောဆိုခဲ့ကြပြီး တချို့ကို ကယ်ထုတ်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ မတတ်နိုင်ခဲ့တဲ့အကြောင်း ဖွင့်ဟပါတယ်။

Linn

SHARE