James Bond ရဲ့ 007 ကုတ်ကို လွှဲပြောင်းယူတော့မယ့် ပထမဆုံးသော အမျိုးသမီးသရုပ်ဆောင်

@lashanalynch/Instagram

007 ဆိုတာနဲ့ James Bond ဆိုပြီး တန်းသိရလောက်တဲ့အထိ James Bond ဟာ ကမ္ဘာတစ်လွှားကို ဟောလိဝုဒ်ရဲ့ဖန်သားပြင်ကတစစ်ဆင့် သိမ်းပိုက်နေခဲ့တာ ဆယ်စုနှစ်တော်တော့်ကို ကြာနေပါပြီ။

James Bond အဖြစ်နောက်ဆုံး သရုပ်ဆောင်ခဲ့တဲ့ Daniel Craig ကလည်း 007 အေးဂျင့်အဖြစ် နှုတ်ထွက်သွားခဲ့ပြီးနောက်မှာတော့ နောက်ထပ် James Bond အဖြစ် ဆက်ခံမယ့်လူကို ပရိတ်သတ်တွေ စိတ်ဝင်စားနေခဲ့ကြပါတယ်။ ဒီတောအတွင်း 007 James Bond ကို လူမည်းသရုပ်ဆောင်အဖြစ် ရွေးချယ်မယ်ဆိုပြီး သတင်းတွေထွက်လာခဲ့ပြီး အဲဒီနေရာမှာ ကမ္ဘာကျော်မင်းသာာ Idris Elba က သရုပ်ဆောင်မယ်ဆိုပြီး သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း ကောလဟာလသက်သက်ပါဆိုတဲ့ စကားတစ်ခုနဲ့သာ ပြန်ပျောက်သွားခဲ့ပါတယ်။

James Bond 007/YouTube

သို့ပေမယ့်လည်း အခုအခါမှာတော့ James Bond ရဲ့ အေးဂျင့်ကုတ်နံပါတ်ဖြစ်တဲ့ 007 ကို လက်လွှဲယူမယ့် နောက်ထပ်အေးဂျင့်အသစ်ကတော့ လူမည်းအမျိုးသမီး သရုပ်ဆောင်တစ်ဦးပါဆိုပြီး Indie Wire အပါအဝင် သတင်းမီဒီယာတော်တော်များများမှာ တက်လာခဲ့ပါပြီ။ သတင်းတင်မကသေးဘဲ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေပါ တက်လာခဲ့တာမလို့ ရုပ်ရှင်တောင် စတင်ရိုက်ကူးနေပြီဆိုတာလည်း သိခဲ့ရပါတယ်။

@lashanalynch/Instagram
@lashanalynch/Instagram

သရုပ်ဆောင်ကတော့ ဗြိတိန်မင်းသမီးတစ်လက်ဖြစ်တဲ့ Lashana Lynch ပါ။ သူမရဲ့နောက်ဆုံးမြင်သာထင်သာတဲ့ ဇာတ်ကောင်ကို ပြပါဆိုရင်တော့ Captain Marvel ထဲက မင်းသမီးရဲ့သူငယ်ချင်း လေယာဉ်ပိုင်းလော့မလေး Maria Rambeau ကို ဖော်ပြပေးချင်ပါတယ်။

အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ Lashana Lynch ဟာ 007 အေဂျင့်အဖြစ် တာဝန်ယူရိုက်ကူးမယ့် ပထမဆုံးသောအမျိုးသမီးသရုပ်ဆောင်ဖြစ်တဲ့အတွက် အရင်ကတည်းက ဇာတ်လမ်းခပ်ကြမ်းကြမ်းတွေသာ ပုံဖော်လေ့ရှိတတ်တဲ့ universe ဖြစ်တာကြောင့် ဘယ်လိုလာဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။ တစ်ခုပြောချင်တာက Lashana Lynch ဟာ James Bond ဇာတ်ကောင်ရယ်လို့ ပြောတာမျိုးမဟုတ်ဘဲနဲ့ ရုပ်ရှင်ထဲ James Bond အနားယူသွားတဲ့အတွက် Bond ရဲ့ အဂျေင့်ကုတ် 007 ကို လက်လွှဲရကာ ဇာတ်အိမ်တည်မှာဖြစ်ပါတယ်။

နောက်ဆုံးပြီးသွားတဲ့ James Bond ဟာ ဂျမေကာမှာ အနားယူသွားတဲ့ ဇာတ်လမ်းကနေ ပြန်စကာ Lashana Lynch ရဲ့ 007 ကိုလည်း ဂျမေကာမှာ အစပြုထားမှာပါ။ Lashana Lynch ရဲ့ Bond 25 ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကို ကြည့်ပြီး 007 အမည်ခံ အေဂျင့်တစ်ယောက်နဲ့ လိုက်ဖက်မှုရှိမရှိကို ဝေဖန်ပေးကြပါဦး။

READ
LGBT ကို ထောက်ခံအားပေးတဲ့ ဆိုင်လေးတစ်ဆိုင်ဖွင့်လိုက်တဲ့ ခိုင်နှင်းဝေ

Penny

SHARE