ရှေးကျလွန်းတဲ့ ကြာပန်းခြေထောက်ရိုးရာကို ထိန်းသိမ်းထားတဲ့ နောက်ဆုံးမျိုးဆက်များ

အောက်မှာ တွေ့ရတဲ့ အမျိုးသမီးကြီးတွေကတော့ အလွန်ရှေးကျတဲ့ ကြာပန်းခြေထောက်ရိုးရာကို လက်ခံကျင့်သုံးထားတဲ့ နောက်ဆုံးမျိုးဆက်တွေပဲ ဖြစ်ပါတယ်။ ဒီအမျိုးသမီးကြီးတွေဟာ ဆယ်စုနှစ်ပေါင်းများစွာရဲ့ ယဉ်ကျေးမှုအဖုံဖုံကို လက်ဆင့်ကမ်းသယ်ဆောင်လာကြသူတွေပဲ ဖြစ်ပါတယ်။ ခြေထောက်ကို ကျပ်စည်းတဲ့ အလေ့အထဟာ တရုတ်နိုင်ငံမှာ စွန်းမင်းဆက်ကတည်းက ရှိလာခဲ့တာပါ။ ဘာကြောင့်လည်းဆိုတော့ ဘုရင်ဟာ ခြေထောက်သေးတဲ့ မိန်းမပျိုလေးတွေကို သဘောကျတယ်လို့ ဆိုရာက အခုလို အလေ့အထ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

Humans of China

ထိုစဉ်ကစလို့ အမျိုးသမီးတွေဟာ ခြေထောက်က အရိုးနဲ့အသားတွေကို လိမ်ချိုးပြီး အရိုးအဆစ်တည်ဆောက်ပုံကို ဖျက်ဆီးခဲ့ကြတာပါ။ ဒီဓလေ့ဟာ နှစ်ပေါင်း(၁,၀၀၀) ၀န်းကျင်အထိ တည်တံ့နေခဲ့ပြီး (၁၉၆၀) နဲ့ (၁၉၇၀) ခုနှစ်တွေမှာတော့ တရုတ်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေး ပေါ်ပေါက်လာတဲ့အခါ ပျောက်ပျက်သွားရတာ ဖြစ်ပါတယ်။ အချို့ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသမှာ နေထိုင်ကြတဲ့ တရုတ်အမျိုးသမီးတွေကတော့ ဒီအကျင့်ကို ယနေ့တိုင် ကျင့်သုံးနေကြဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Humans of China

အပေါ်မှာ တွေ့ရတာကတော့ ယင်နန်ရွာကလေးမှာနေထိုင်တဲ့ အသက်(၉၂) နှစ်အရွယ် ဖိနပ်ချုပ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းတဲ့ အမျိုးသမီးကြီးတစ်ဦး ဖြစ်ပါတယ်။ သူမဟာ သူမအသက်(၆) နှစ်အရွယ်ကတည်းက ခြေထောက်ကို ကျပ်စည်းခဲ့ရပါတယ်။

READ
သေကွဲကွဲရတဲ့ဝေဒနာကို မခံစားနိုင်လို့ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားကြတဲ့ ဇနီးမောင်နှံ
Humans of China

လျူးလို့အမည်ရတဲ့ ၄င်းအမျိုးသမီးကြီးက သူမအဖြစ်ကို ပြန်ပြောင်းတွေးတောရင်း အခုလို ပြောပြပါတယ်။ “ခြေထောက်ကို ကျပ်စည်းခံရတုန်းက အရမ်းကို နာတာပေါ့။ နာလွန်းလို့ အချိန်ပြည့်ငိုနေခဲ့ရတာကိုတောင် မှတ်မိတယ်။ လူကြီးတွေ လစ်တဲ့အချိန်ကျရင်တော့ အနာသက်သာအောင်လို့ဆိုပြီး ပတ်တီးတွေကို ပြန်ဖြေ၊ ပြီးတော့ ခပ်ဖွဖွလေး ပြန်စီးတာ။ ဒါပေမယ့် လူကြီးတွေ သိသွားရင်တော့ ဒုက္ခရောက်မှာ စိုးတယ်လေ။ ဒါကြောင့် ပတ်တီးတွေကို ကိုယ်တိုင် အလွယ်တကူ ပြန်မဖြည်နိုင်အောင် အပ်နဲ့ အပ်ချည်ယူပြီး ပြန်ချုပ်ခဲ့ရတာ…”  အောက်ဘက်မှာတော့ အသက်(၁၀) နှစ်မတိုင်ခင်မှာ ကြာပန်းခြေထောက်ပုံစံမျိုး ပုံသွင်းခံရတဲ့ အမျိုးသမီးတွေဖြစ်ပြီး ယနေ့ခေတ်မှာ နောက်ဆုံးကျန်နေတဲ့ မျိုးဆက်တွေလည်း ဖြစ်ပါတယ်။

Humans of China
Humans of China
Humans of China
Humans of China
Humans of China
Humans of China
Humans of China
Humans of China

လင်းလင်း (ShweMom)

Ref: unilad

SHARE