(၂၀၂၀)ခုနှစ် မှာ အသစ်ထွက်လာဦးမယ့် နောက်ဆုံးပေါ် မိုဘိုင်းဖုန်းများ

Apple.com

၂၀၁၉ ခုနှစ်ဟာ မိုဘိုင်းဖုန်းထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် စံချိန်တင်အမြတ်တွေ ရခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပြီး မထင်မှတ်ထားတဲ့ တားဆီးပိတ်ဆို့မှုတွေလည်းဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းစံချိန်တင်ရောင်းချရမှုတွေထဲမှာ Xiaomi ဖုန်းတွေဟာ အလျင်အမြန်ပဲ ဈေးကွက်အတွင်း ထိပ်ဆုံးကို ရောက်ရှိခဲ့တဲ့ ဖုန်းတွေဖြစ်ပြီး မေလအတွင်းမှာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးဖုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Huawei ကုမ္ပဏီကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ ပြင်းထန်တဲ့ တားဆီးပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ဘာဖုန်းတွေထွက်လာမလဲ၊ ဘယ်လိုဖုန်းအမျိုးအစားတွေကို မျှော်လင့်လို့ရမလဲဆိုတာကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

Twitter/Techcrunch

– Samsung Galaxy S11 & S11+/ S20

၂၀၂၀ ခုနှစ်ရဲ့ နှစ်အစောပိုင်းလောက်မှာပဲ ဆမ်ဆောင်းဖုန်းအသစ်တစ်လုံးကို မိတ်ဆက်မယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အတွင်းဖြစ်ပါတယ်။ ဆမ်ဆောင်းက ထုတ်လုပ်မယ့် ဖုန်းအသစ်တွေမှာ ပြောင်းလဲမှုတစ်ခုကတော့ ဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားကို ယခုထုတ်လုပ်နေတဲ့ မျက်နှာပြင်ထက် ပိုမို သေးငယ်တဲ့ ဖုန်းတွေထုတ်လုပ်မယ်လို့လည်း သတင်းစကားတွေ ထွက်ပေါ်နေပါတယ်။ ဖုန်းအသစ်တွေမှာ 5G စနစ်လည်း ပါလာနိုင်ချေရှိပါတယ်။ သတင်းအတိအကျ မထုတ်ပြန်သေးပေမယ့် S20 လို့ လောလောဆယ်အမည်ပေးထားတဲ့ ဖုန်းတွေမှာ အရင်ကထက်ပိုမိုကြီးမားတဲ့ ကင်မရာတွေ ပါလာနိုင်ချေရှိပါတယ်။

Oppo.com

Oppo Find X2

Oppo Find X2 မှာ ထွက်ရှိပြီးသား Oppo Find X မှာ ပြဿနာတက်ခဲ့တဲ့ Notch ပြဿနာကို ပြန်လည်ပြင်ဆင်မှုတွေပါလာနိုင်ပါတယ်။ ဒါ့အပြင် သေချာတဲ့ သတင်းတစ်ခုက ရေးသားထားချက်အရ လာမယ့် Find X စီးရီးတွေမှာ under-display ကင်မရာတွေကို အသုံးပြုသွားမယ်လို့ သိရှိရပါတယ်။ Snapdragon 865 ကို အသုံးပြုမယ်လို့ Oppo ကုမ္ပဏီဘက်က အစောပိုင်းလတွေတုန်းက အတည်ပြုပြောကြားထားခဲ့ပါသေးတယ်။

Nokia.com

– Nokia 8.2 5G

တစ်ခေတ်တစ်ခါက မိုဘိုင်းဖုန်းဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ Nokia လည်း ၂၀၂၀ ခုနှစ်မှာ 5G ဖုန်းတစ်လုံးနဲ့ ပြန်ဝင်လာနိုင်ချေရှိပါတယ်။ Nokia ကုမ္ပဏီနဲ့ Qualcomm ကုမ္ပဏီတို့ အကျိုးတူးပူးပေါင်းလုပ်ဆောင်လာမယ့် ရလဒ်ကတော့ နိုကီရာဖုန်းတွေမှာ Qualcomm Snapdragon 7 စီးရီးကို လာမယ့် နိုကီရာဖုန်းတွေမှာ ထည့်သွင်းလာမှာပါ။ လာမယ့် MWC 2020 ပွဲမှာ သူ့ရဲ့ ဖုန်းအသစ်ကို မိတ်ဆက်သွားမယ်လို့လည်း အတည်ပြုပြောကြားခဲ့တာပါ။ Nokia 8.2 လို့ လတ်တလောအမည်ပေးထားကြပါတယ်။

Xiaomi.com

– Xiaomi Mi 10

READ
အလိုအလျောက်စနစ်နဲ့ ယာဉ်မောင်းနှင်နိုင်မယ့် တရုတ်နိုင်ငံက smart road ပရောဂျက်

၂၀၂၀ ခုနှစ်အတွင်း Mi 10 ကို မိတ်ဆက်မယ်လို့ ဒီဇင်ဘာလအတွင်းက Xiaomi ကုမ္ပဏီက ပြောကြားခဲ့တဲ့အတွက် Mi 10 ည်း မျှော်လင့်ရမယ့် ဖုန်းတစ်လုံးထဲ ပါဝင်လာခဲ့ပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုကတော့ Mi 10 မှာ Qualcomm Snapdragon 865 ပလက်ဖောင်းကို ပထမဆုံးအသုံးပြုမယ့် ဖုန်းတစ်လုံးဖြစ်နေတဲ့ အချက်ပါပဲ။ ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံအတွင်းမှာ ပထမဆုံးမိတ်ဆက်လာနိုင်ချေရှိပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ဖေဖော်ဝါရီလမှာ ရရှိမှာပါ။ Mi 10 မှာ 108-megapixel ကင်မရာပါလာမယ်လို့ မျှော်လင့်နေကြပါတယ်။

Realme.com

– Realme X50

Realme ကလည်း ၂၀၂၀ အစောပိုင်းလတွေမှာ Mid-Range ဖုန်းတစ်လုံးကို မိတ်ဆက်လာနိုင်ချေရှိပါတယ်။ 5G စနစ်လည်း ပါဝင်လာဦးမှာပါ။ ဖြစ်နိုင်ချေရှိတာကတော့ Realme X50 စီးရီးကို တရုတ်နွေဦးပွဲတော်မတိုင်မီမှာ ထွက်လာနိုင်ပါတယ်။ Realme X50 ဟာ Realme ဖုန်းတွေထဲမှာ ပထမဆုံး 5G စနစ်သုံးဖုန်းတစ်လုံးပါ။ သတင်းတွေအရတော့ Realme X50 မှာ မျက်နှာပြင်အကျယ် ၆.၄၄ လက်မ ရှိပြီး AMOLED display ကို အသုံးပြုသွားမှာပါ။ Rear Camera ကိုတော့ ဆိုနီရဲ့ IMX686 ကင်မရာကို အသုံးပြုထားပါတယ်။ ဘတ္တရီကတော့ 4500 mAh နဲ့ လာနိုင်ချေရှိပါတယ်။

twitter/CNET

– Samsung ရဲ့ ခေါက်နိုင်ကွေးနိုင်တဲ့ ဖုန်းအသစ်

ဆမ်ဆောင်းရဲ့ Foldable မိုဘိုင်းဖုန်းတွေဟာ ၂၀၁၉ ခုနှစ်မှာ ပထမဆုံးအကြိမ်မိတ်ဆက်ခဲ့ပါတယ်။ မထွက်ခင်ကတည်းက လူစိတ်ဝင်စားတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး ထွက်လာချိန်မှာလည်း ဝေဖန်ချက်မျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖုန်းတစ်လုံးပါ။ လာမယ့် ၂၀၂၀ ခုနှစ်မှာတော့ ဆမ်ဆောင်းကုမ္ပဏီဟာ နောက်ထပ် Foldable ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လာနိုင်ချေရှိပါတယ်။ လတ်တလော သတင်းတွေအရတော့ ဆမ်ဆောင်းဟာ သူ့ရဲ့ Foldable ဖုန်းအသစ်အတွက် Moto Razr ရဲ့ ပုံစံကို လေ့လာနေတယ်လို့ သိရပါတယ်။ အခုထွက်ထားတဲ့ အရွယ်အစားထက် ပိုမိုသေးငယ်ပြီး အလွယ်တကူ အိတ်ဆောင်သယ်သွားလို့ရတဲ့ Foldable ဖုန်းတစ်လုံးလည်း ထွက်လာနိုင်ချေရှိပါတယ်။

Twitter/GSMArena

– Huawei P40 & P40 Pro

၂၀၁၉ ခုနှစ်ဟာ Huawei ကုမ္ပဏီအတွက် အထိနာခဲ့ရတဲ့ နှစ်တစ်နှစ်ပါ။ ဒါပေမယ့် Huawei ကုမ္ပဏီအတွက် ကံကောင်းမှုတစ်ခုကတော့ လတ်တလော တရုတ်နိုင်ငံအတွင်းဈေးကွက်ကို အသာစီးရနေတဲ့ အချက်ပါပဲ။ အဲဒီအချက်ကို အခွင့်ကောင်းယူပြီး Huawei ကုမ္ပဏီဟာ ပြင်ဆင်ချက်မျိုးစုံ၊ ကြိုတင်ကာကွယ်မှုမျိုးစုံနဲ့ ၂၀၂၀ ခုနှစ်ကို ရင်ဆိုင်ရမှာပါ။ သတင်းတွေအရတော့ Huawei ကုမ္ပဏီဟာ လာမယ့် မတ်လအတွင်း ပါရီမြို့မှာ P40 နဲ့ P40 Pro တို့ကို မိတ်ဆက်လာနိုင်ချေရှိပါတယ်။ အဓိကကင်မရဂာနေရာမှာတော့ 64-megapixel ကင်မရာကို အသုံးပြုတပ်ဆင်ထားမှာပါ။

Twitter/Wccftech

– Apple iPhone 12 & iPhone 5G

READ
ဓာတ်ပုံတစ်ပုံရဲ့ မလိုချင်တဲ့ background ကို လွယ်ကူစွာ ဖယ်ရှားပေးမယ့် tool အကြောင်း

၂၀၁၉ ခုနှစ်မှာ Apple ကုမ္ပဏီကနေ iPhone 11စီးရီးကို ထွက်ရှိခဲ့ပေမယ့် မပါရှိခဲ့တာကတော့ 5G စနစ်ပဲဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် အိုင်ဖုန်းအသစ်တွေမှာ 5G စနစ်သုံး အိုင်ဖုန်းကို မြင်တွေ့ရဖို့ အလားအလာရှိနေပါတယ်။ iPhone 12 လည်း ၂၀၂၀ ခုနှစ်မှာ ထွက်ေ်ပ်ါလာဦးမှာပါ။ ဒီဇိုင်းပုံစံအသစ်နဲ့ မြင်တွေ့ရမှာဖြစ်ပြီး Notchလည်း ပါဝင်လာမှာမဟုတ်ပါဘူး။ 5G စနစ်လည်း iPhone 12 မှာ ပါလာဦးမှာ ဒါမှမဟုတ် သီးသန့် 5G စနစ်ထည့်ထားတဲ့ အိုင်ဖုန်းအသစ်တစ်လုံးကိုများ မိတ်ဆက်ဦးမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

Twitter/PocketLint

– OnePlus 8

OnePlus 8 ဖုန်းရဲ့ ဒီဇိုင်းအပြင်အဆင်တွေဟာ သိပ်မကြာခင်အချိန်တုန်းက အပြင်ကို ပေါက်ကြားလာခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရတော့ OnePlus 8 ဖုန်းအသစ်ဟာ ဆမ်ဆောင်းဖုန်းပုံစံနဲ့ တူညီနေတာကို တွေ့ရပါတယ်။ Curved Display ၊ Punch Hole နဲ့ ကင်မရာသုံးလုံးတပ်ဆင်ထားတာကို မြင်တွေ့ရပါတယ်။ နောက်ဆုံးထုတ် Qualcomm Snapdragon 865 ကို အသုံးပြုလိမ့်မယ်လို့ မျှော်လင့်ထားပြီး ဧပြီလအတွင်းမှာ မိတ်ဆက်လာနိုင်ချေရှိပါတယ်။

Twitter/RedmondPie

– Apple iPhone SE 2/iPhone 9

ဒီတစ်ခုကတော့ ၂၀၂၀ အတွင်းမှာ ထွက်လာနိုင်ချေရှိ-မရှိဆိုတာတော့မသေချာပါဘူး။ ဒါပေမယ့် iPhone SE ရဲ့ သတင်းတွေဟာလည်း ၂၀၁၉ ခုနှစ်အတွင်း တော်တော်ထွက်ရှိခဲ့တာကြောင့် ၂၀၂၀ မှာ ထွက်လာနိုင်တဲ့ စာရင်းထဲ ပါဝင်လာခဲ့တာပါ။ ဈေးချိုချိုနဲ့ ဝယ်ယူလို့ရမယ့် iPhone SE တွေပဲဖြစ်ပါတယ်။ Apple ကုမ္ပဏီဟာ ပြီးခဲ့တဲ့ တစ်နှစ် နှစ်နှစ်အတွင်းမှာ သူတို့ရဲ့ အိုင်ဖုန်းတွေဟာ ဈေးနှုန်းမြင့်မားမှုကြောင့် ထင်သလောက် ရောင်းမကောင်းခဲ့ပါဘူး။ ဒီပြဿနာကို ဖြေရှင်းကို Apple ကုမ္ပဏီဘက် တစ်ခုခု လုပ်မယ်ဆိုရင်တော့ ဈေးချိုချိုနဲ့ရမယ့် အိုင်ဖုန်းအသစ်တွေကို ထုတ်လုပ်ဖို့ပဲ ရှိပါတယ်။

 

Ye Yint Kyaw

SHARE