ဈေးဝယ်သူတွေကို တအံ့တသြ ဖြစ်စေခဲ့တဲ့ နောက်ဆုံးပေါ် နားကပ်ဒီဇိုင်းသစ်

SSENSE

ဖက်ရှင်ဒီဇိုင်းဆိုတာ နေ့စဉ်နဲ့အမျှ ပြောင်းလဲဆန်းသစ်နေတဲ့ အရာတစ်ခုပါ။ ဒီနေ့မှာ နောက်ဆုံးပေါ်ဖြစ်ခဲ့တဲ့ ဖက်ရှင်တစ်ခုဟာ မနက်ဖြန်မှာ လူစိတ်ဝင်မစားတော့တဲ့ ဒီဇိုင်းအဟောင်းတစ်ခု ဖြစ်သွားနိုင်တဲ့အထိ ဖက်ရှင်ရေ စီးရဲ့ အရှိန်အဟုန်ဟာ လျှင်မြန်လွန်းလှပါတယ်။

သူ့ထက်ငါ အပြိုင်အဆိုင် အသစ်အဆန်း ဒီဇိုင်းတွေ ထွင်နေတဲ့ ခေတ်ကြီးမှာ ကနေဒါနိုင်ငံ အခြေစိုက် အွန်လိုင်း ပစ္စည်းရောင်းဝယ်ေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ SSENSE က သူတို့ရဲ့ ၀က်ဘ်ဆိုဒ်ပေါ် တင်ခဲ့တဲ့ နားကပ်ဒီဇိုင်းသစ်ကတော့ လူအများကြားမှာ ပြောစရာဖြစ်ခဲ့ပါတယ်။

Maison Margiela
Maison Margiela

ပုံမှာ မြင်ရတဲ့အတိုင်းပဲ ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘယ်ညာ နားနှစ်ဖက်မှာ တပ်ရတဲ့ နားကပ်တစ်စုံကို ကပ်ထူပြားမှာ ကပ်ထားတယ်လို့ ထင်ရမှာပါ။ တကယ်တမ်းတော့ အဲ့ဒီတစ်စုံလုံးဟာ နားကပ်တစ်ရံသာ ဖြစ်ပါတယ်။ နားကပ်ဒီဇိုင်းကိုတော့ ပြင်သစ်အခြေစိုက် တန်ဖိုးကြီး ဖက်ရှင်ပစ္စည်းတွေ ထုတ်လုပ်ဖန်တီးတဲ့ Maison Margiela ကုမ္ပဏီက ထုတ်လုပ်ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။

READ
ရေကူးဝတ်စုံနဲ့ပုံတွေ တင်ခဲ့လို့ဆိုပြီး ဝန်ထမ်းကို အရှက်ခွဲခဲ့တဲ့ ကုမ္ပဏီအကြောင်း

နားကပ်တစ်ဖက်စာရဲ့ တန်ဖိုးကိုတော့ ပေါင်(၂၂၀) (မြန်မာငွေ ကျပ်လေးသိန်းခွဲခန့်) သတ်မှတ်ထားပါတယ်။ ဘယ်ညာနှစ်ဖက် တစ်စုံစာအတွက်ဆိုရင်တော့ ပေါင်(၄၄၀) (မြန်မာငွေ ကျပ်ကိုးသိန်းခန့်) ကျသင့်မှာပါ။

Maison Margiela

Maison Margiela ရဲ့ နားကပ်ဒီဇိုင်းကိုတော့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြား အငြင်းပွားနေခဲ့ပါတယ်။ အဆိုပါ နားကပ်ဒီဇိုင်းကို ထူးထူးခြားခြား ကြိုက်နှစ်သက်သူတွေ ရှိခဲ့သလို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံချခဲ့သူ တွေလည်း ရှိပါတယ်။ တွစ်တာ အသုံးပြုသူတစ်ဦးကတော့ “ မသိရင် ဆိုင်က အလစ်သုတ်ပြီး ခိုးလာတဲ့ နားကပ်ကို ၀တ်ထားတဲ့ အတိုင်းပဲ” ဆိုပြီး ရေးသားခဲ့တဲ့ မှတ်ချက်ဟာ တွစ်တာအသုံးပြုသူတွေကြား ပွဲကျစရာ ဖြစ်ခဲ့ပါတယ်။

SHARE