မနက်ခင်း နောက်ဆုံးရ အားကစားသတင်းများ

စပါး – အိမ်ကွင်းမှာ အာဆင်နယ်အသင်းကို လက်ခံယှဉ်ပြိုင်ရမယ့် စပါးအသင်းအနေနဲ့ အူဘာမီယန်ကို ထိန်းချုပ်ဖို့အတွက် ဦးနှောက်ကိုလည်း အသုံးပြုဖို့လိုသလို၊ ကာယဆိုင်ရာ စွမ်းအားတွေနဲ့လည်း အတက်နိုင်ဆုံးတားဆီးဖို့လိုကြောင်း ခံစစ်မှူး Alderweireld က သတိပေးလိုက်ပါတယ်။

# အာဆင်နယ်

အာဆင်နယ်အသင်းဟာ ၎င်းတို့ရင်ဆိုင်ရမယ့် မြို့ခံပြိုင်ဘက် စပါးအသင်းဟာ အင်အားတောင့်တင်ပြီး၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကတော့ ဥရောပမှာ အန္တရာယ်အရှိဆုံးတိုက်စစ်မှုတွေထဲက တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် မိမိတို့အသင်းအနေနဲ့ အင်အားပြန်လည်တောင့်တင်းနေပြီမို့ စပါးကို ကောင်းကောင်းရင်ဆိုင်နိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

# မန်ယူ

မန်ယူအသင်းရဲ့ တောင်ပံကစားသမား ဗလန်စီယာက ဇယားထိပ်ကို ဦးဆောင်နေတဲ့ မန်စီးတီးအသင်းအနေနဲ့ မန်ယူအသင်းကလည်း ချန်ပီယံလမ်းကြောင်းမှာ ရှိနေသေးပြီး၊ အရာရာကိုကျော်ဖြတ်နိုင်စွမ်း ရှိနေကြောင်း သတိပေးပြောကြားလိုက်ပါတယ်။

# ဆန်းချက်ဇ်

အာဆင်နယ်အသင်းမှ မကြာမီ ပြောင်းရွှေ့ရောက်ရှိလာတဲ့ ဆန်းချက်ဇ်ရဲ့ အင်္ကျီရောင်းချရမှု စံချိန်ဟာ ယခင်တင်ထားတဲ့ စံချိန်ထက် သုံးဆအထိ မြင့်တက်ခဲ့ပြီး စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ကြောင်း၊ မန်ယူုအသင်းရဲ့ အမှုဆောင် Ed Woodward  က ဆိုပါတယ်။

READ
အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်းထပ်မတိုးသေးဘူးလို့ပြောလိုက်တဲ့ လူကာကူ

# ဆာလက်

လီဗာပူးအသင်းတိုက်စစ်မှူး ဆာလက်ကို မိမိကို ရီးယဲက အသည်းအသန် အလိုရှိနေတယ်ဆိုတာ သိပေမယ့် သူ့အနေနဲ့ ပရီမီးယားလိဂ်မှာ ပြိုင်ဘက်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့စံချိန်ကို ကျော်ဖြတ်လိုသလို၊ လီဗာပူးကလည်း သူ့အိပ်မက်ထဲက ကစားချင်ဆုံးအသင်းတစ်ခု ဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။

# ကော်တင်ဟို

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ ပထမဆုံးအကြိမ် ဂိုးပေါက်တွေ့သွားပြီ ဖြစ်ပါတယ်။ ဗလန်စီယာအသင်းနဲ့ ကစားခဲ့ရတဲ့ ကိုယ်ပါဒယ်ရေးဆီးမီးဖိုင်နယ်ပွဲစဉ်မှာ ကော်တင်ဟိုဟာ ပွဲချိန် (၄၉)မိနစ်မှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးကိုတော့ ရာကီတစ်က သွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာက 2-0 ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE