(၉) နှစ်အရွယ်နဲ့ ဘွဲ့ယူတော့မယ် ဘယ်လ်ဂျီယမ်မှ ပါရမီရှင်လေး လောရန့်ဆိုင်မွန်

instagram/laurent_simons

အသက်(၉) နှစ်သား လောရန့်ဆိုင်မွန်ဟာ Eindhoven University of Technology (TUE)  မှာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ကို သင်ယူလေ့လာနေတာ ဖြစ်ပါတယ်။ ဒီဘာသာရပ်ဟာ ပျမ်းမျှတက္ကသိုလ်တက်ရမယ့် အသက်အရွယ်တွေအတွက်တောင် ခက်ခဲလွန်းတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ လောရန့်ဟာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ကို ဒီဇင်ဘာလမှာ သင်ယူပြီးဆုံးတော့မှာ ဖြစ်တယ်လို့ CNN သတင်းအရ သိရပါတယ်။

လောရန့်ရဲ့ ဖခင်ကတော့ လောရန့်ဟာ ဆရာဝန်ဘွဲ့ယူရင်းနဲ့ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ကို PhD ဆက်တက်ဖို့ ရှိတယ်လို့လည်း ပြောပြပါတယ်။ လောရန့်ရဲ့ မိဘတွေဖြစ်တဲ့ လစ်ဒီယာနဲ့ အလက်ဇန္ဒြားဆိုင်မွန်တို့ကတော့ လောရန့်နဲ့ပတ်သက်ပြီး အဖိုးအဖွားတွေက ကလေးမှာထူးခြားချက်ရှိတယ်လို့ ပြောလာတုန်းက သူတို့ဟာ ချဲ့ကားပြောဆိုတယ်သာ ထင်ခဲ့မိကြောင်း ပြောပြပါတယ်။

https://www.instagram.com/p/B2jXvMRilIE/?utm_source=ig_web_copy_link

လောရန့်ဟာ ရေမြှုပ်လိုပဲ သင်ပေးသမျှ အရာတိုင်းကို လျင်မြန်စွာ စုပ်ယူနိုင်စွမ်းရှိတယ်လို့ သူ့ရဲ့ ဆရာတွေကလည်း ပြောပြပါတယ်။ လျှပ်စစ်အင်ဂျင်နီယာဌာနက TUE ဘွဲ့ရဲ့ ပညာရေးဒါရိုက်တာတစ်ဦးဖြစ်သူ Sjoerd Hulshof ကတော့ လောရန့်ဟာ အခြားကျောင်းသားတွေထက် ပိုပြီးမြန်မြန်ဆန်ဆန် သင်ယူနိုင်တယ်ဆိုပြီး လောရန့်ကို ချီးမွမ်းစကားဆိုလိုက်ပါတယ်။ လောရန့်ဟာ ဥာဏ်အရမ်းကောင်းတဲ့အပြင် စာနာဂရုဏာစိတ်လည်း ကြီးမားသူဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

လောရန့်ကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အထင်ကရတက္ကသိုလ်ကြီးတွေကလည်း လိုချင်နေကြပေမယ့် လောရန့်ရဲ့ PhD ကိုတော့ ဘယ်တက္ကသိုလ်မှာလုပ်မလဲ မသိသေးပါဘူး။ လောရန့်ရဲ့ဖခင်ဖြစ်သူကတော့ လောရန့်ဟာ အသိပညာအချက်အလက်တွေကို စုပ်ယူတဲ့နေရာမှာ အခက်အခဲမရှိပေမယ့် သုတေသနပိုင်းကို အားပြုလုပ်ဆောင်ရန်လိုပြီး သူသင်ကြားရရှိထားတဲ့ ဗဟုသုတတွေကို ပြန်အသုံးချကာ အသစ်အသစ်တွေ ဖန်တီးနိုင်ဖို့ လိုတယ်လို့ ဆိုထားပါတယ်။

လောရန့်ဟာ ပညာရေးပိုင်းမှာ အရမ်းတော်လွန်းတဲ့အတွက် မိဘတွေက ကလေးကို ပိုပြီး ဖိအားပေးတာမျိုးတွေတော့ မလုပ်ပါဘူး။ ကလေးကို သူ့စိတ်သဘောအတိုင်းသာ လွတ်လွတ်လပ်လပ်နေခွင့်ပေးကြောင်း လောရန့်ရဲ့ မိဘတွေက ဆိုပါတယ်။ လောရန့်ဟာ သူနဲ့ရွယ်တူ အခြားကလေးတွေလိုပဲ ၄င်းရဲ့ခွေးဆမ်မီနဲ့ ဆော့ကစားရတာကို နှစ်ခြိုက်ပြီး ဖုန်းသုံးရတာကိုလည်း နှစ်ခြိုက်တယ်လို့ သိရပါတယ်။

READ
နို့ချိုမတိုက်ကျွေးနိုင်တဲ့ ဇနီးသည်ကိုယ်စား မွေးကင်းစ ရင်သွေးလေးကို နို့တိုက်ကျွေးခဲ့တဲ့ ဖခင်

လင်းလင်း (ShweMom)

SHARE